Friday, September 20, 2013

ရွှေလက်ဖြင့် ခေါ်လို့မလာလျှင် ………

Posted by drmyochit Friday, September 20, 2013, under | No comments


မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တိုင်းရင်းသားပြည်သူအားလုံးက ငြိမ်းချမ်းရေးကို အာသီသပြင်းပြစွာ လိုလားလျက်ရှိပါတယ်။ တိုင်းရင်းသားညီအစ်ကိုများအကြား သံသယများ ဖြေဖျောက်ပြီး ယုံကြည်စည်းလုံးမှု များနဲ့ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်သစ်ဆီ ချီတက်ချင်နေကြပြီဖြစ်ပါတယ်။ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီကလည်း လာမယ့်အောက်တိုဘာလအတွင်းမှာ လက်နက်ကိုင်အဖွဲ့ အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဆောင်ရွက်မယ်လို့ ပြောသွားခဲ့ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကကော ဘာတွေများပြင်ဆင်နေကြပါပြီလဲ။ အဲဒီထဲကမှ ကေအိုင်အို/ ကေအိုင်အေအဖွဲ့ကရော ဘာတွေများဆောင်ရွက်နေပြီလဲ။

ကြားတွေ့သလောက်တော့ ကေအိုင်အို/ကေအိုင်အေအဖွဲ့ဟာ ငြိမ်းချမ်းရေး အကြောင်းပြချက်နဲ့ အမြတ်ထုတ်ဖို့ ဆက်လက်ကြိုးစားနေမြဲပါဘဲ။ အပစ်အခတ်ရပ်စဲဖို့ ကြိုးစားနေတဲ့ကာလအတွင်းမှာဘဲ လူသစ်စု၊ ဆက်ကြေးကောက်၊ တစ်ဖက်နိုင်ငံကို သစ်ခိုးထုတ်၊ ဒုစရိုက်မှုမှန်သမျှ ဆက်ပြီးလုပ်လို့ကောင်းနေ ကြတုန်းပေါ့။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၈ ရက်နေ့ ညမှာ ကေအိုင်အေတပ်မဟာ (၃) ၀န်ဂေါဘွမ်နယ်မြေ မိုင်ဂျာယန်လောင်းကစားဝိုင်းကို ကေအိုင်အေ ရင်း-၁၆ က တပ်ကြပ်ကြီးအဆင့်ရှိသူ ဦးစီးပြီး တပ်ဖွဲ့ဝင် ၄ ယောက်တို့ဟာ လက်နက်နဲ့ခြိမ်းခြောက်ပြီး ငွေတောင်းခံကြလို့၊ လောင်းကစားလုပ်နေတဲ့ တရုတ်နိုင်ငံက စီးပွားရေးသမားတွေ ထွက်ပြေးခဲ့ကြပါတယ်။

လောင်းကစားဝိုင်းတာဝန်ခံ ဦးလောရှန်ဆိုသူက ကေအိုင်အို မိုင်ဂျာယန် အုပ်ချုပ်ရေးမှူးရုံးကို သွား တိုင်လို့၊ စက်တင်ဘာလ ၉ ရက်နေ့မှာ ခရိုင်နဲ့မြို့နယ်တာဝန်ခံတွေဖြစ်တဲ့ အင်မွန်တူးအောင်နဲ့ လဖိုင် တူးအောင်တို့ဟာ ဦးလောရှန်အပါအ၀င် လောင်းကစားဝိုင်းပိုင်ရှင် ၁၀ ဦးကို ခေါ်တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံရာမှာ ဦးလောရှန်က လောင်ကစားဝိုင်းသို့ လက်နက်ဖြင့်ငွေတောင်းခံခိုင်းခြင်းကို မိုင်ဂျာယန်က လူကြီးများ ခိုင်းခဲ့ခြင်းရှိ/မရှိ မေးမြန်းခဲ့ပါတယ်။ ဦးလောရှန်အပြောအရ ဒီလောင်းကစားဝိုင်းတွေဟာ ကေအိုင်အို/ကေအိုင်အေအဖွဲ့များ ၀င်ငွေရရှိအောင်နဲ့ ဒေသအတွက်ဝင်ငွေရှာနေတာလို့ သိရပါတယ်။
ဒီလောင်းကစားဝိုင်းတွေအပြင် ဒါတွေနဲ့ပတ်သက်ပြီး ဈေးဆိုင်၊ ဆိုင်ခန်း၊ ဟိုတယ်များလည်း ၀င်ငွေ ရရှိနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် တရုတ်စီးပွားရေးသမားတွေလည်း လာရောက်ပြီး ဒီဒေသအတွင်း လမ်းပြင်ဖို့အကြောင်းပြချက်နဲ့ တရုတ်လူမျိုးအများအပြား ရောက်ရှိနေတယ်လို့ ဦးလောရှန်အပြောအရ သိရ ပါတယ်။ ကေအိုင်အို/ကေအိုင်အေအနေနဲ့ လက်အောက်ကို မထိန်းသိမ်းနိုင်ရင် လောင်းကစားဝိုင်းတွေ ဆက်မလုပ်တော့ဘူးလို့ ဦးလောရှန်က ပြောတဲ့အတွက် ကေအိုင်အိုတာဝန်ရှိသူတွေက လက်အောက်ကို ထိန်းသိမ်းပေးပြီး အဆင်ပြေအောင်လုပ်ပေးမယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကေအိုင်အို/ကေအိုင်အေ ခေါင်းဆောင်တွေအနေနဲ့ တရားမ၀င်လောင်းကစားဝိုင်းများနဲ့ ငွေရှာနိုင်ပေမယ့် လက်အောက်ငယ်သားများ မှာတော့ စားဝတ်နေရေးအဆင်မပြေမှုကြောင့် ဒီလိုအကျိတ်အခဲတွေ ရှိနေတယ်ဆိုတာ ထင်ရှားလှပါတယ်။ ဒီလိုငွေအရ ချောင်နေလို့လည်း ကေအိုင်အို/ကေအိုင်အေခေါင်းဆောင်တွေ ငြိမ်းချမ်းရေးကို စိတ်မ၀င်စားတာ ဖြစ်ပါလိမ့်မယ်။

ကေအိုင်အို/ကေအိုင်အေရဲ့လုပ်ရပ်တွေကိုကြည့်ပြီး ဒီအဖွဲ့ဟာ ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားရဲ့လားဆိုတာ စဉ်းစားစရာဖြစ်ပါတယ်။ ကချင်နိုင်ငံ သီးခြားထူထောင်ဖို့ အရူးထနေတုန်းဖြစ်ပါတယ်။ အစည်းအဝေးတစ်ခုမှာ ဂွမ်မော်က ကချင်နယ်မြေဆိုတာ အစိုးရက လက်ရှိသတ်မှတ်ထားတဲ့နေရာတွေတင် မဟုတ်ဘူး၊ ကချင်လူမျိုးတွေနေထိုင်တဲ့ နေရာအားလုံးဟာ ကချင်ပြည်နယ်ဘဲလို့ ပြောခဲ့ပါသတဲ့။ ရိုးသားမှု ကတော့ ရာနှုန်းပြည့်မရှိတာကို တွေ့ရပါတယ်။ ဂွမ်မော်က ဒီလိုပြောနေပေမဲ့ ကချင်ပြည်နယ်ထဲမှာဘဲ ကချင်လူမျိုး အားလုံးပေါင်းမှ နေထိုင်တဲ့လူဦးရေရဲ့ သုံးပုံတပုံဘဲ ရှိတယ်ဆိုတာ မေ့လျော့နေပုံပါပဲ။ ဒါတောင် စိစစ်လို့မရသေးတဲ့ တစ်ဖက်နိုင်ငံသားတွေ ဒီပြည်နယ်အတွင်း ဘယ်လောက်ရောက်နေတယ်ဆိုတာ အတိ အကျ  မသိနိုင်သေးပါဘူး။

ကေအိုင်အို/ကေအိုင်အေအဖွဲ့ဟာ ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားမှုမရှိဘူး ဆိုတာတော့ သိသာပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ABSDF (မြောက်ပိုင်း)နဲ့ ဂွမ်မော် တွေ့ဆုံရာမှာ ရန်ကုန်မှာလုပ်မယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ကေအိုင်အို/ကေအိုင်အေအနေနဲ့ မတက်ရောက်ဘူးလို့ ပြောဆိုကြောင်းလည်း သတင်းတွေထွက်ပေါ်နေပါတယ်။ အပစ်အခတ်ရပ်စဲရေးလုပ်ဖို့ ညှိနှိုင်းတော့ နိုင်ငံရေးဆွေးနွေးပွဲက အဓိက လို့ပြောပြီး ရှောင်ခဲ့ပါတယ်။ အခုလို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ နိုင်ငံရေးဆွေးနွေးပွဲလုပ်ကြမယ် ဆိုတော့လည်း  မတက်နိုင်ဘူးလို့ပြောပြန်ပါတယ်။ ကေအိုင်အေအနေနဲ့ ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားမှုမရှိဘူး ဆိုတာ ရှင်းလင်းမြင်သာလှပါတယ်။

ကေအိုင်အို/ကေအိုင်အေအနေနဲ့ အပစ်အခတ်ရပ်စဲရေးတွေ နိုင်ငံရေးဆွေးနွေးပွဲတွေကို နည်းအမျိုး မျိုးနဲ့ ရှောင်လွှဲနေချိန်မှာဘဲ ငြိမ်းချမ်းရေးအတွက် အစိုးရဘက်က တစ်ဖက်သတ်အပစ်အခတ်ရပ်စဲထား တာကို အခွင့်ကောင်းယူပြီး အုပ်ချုပ်မှုကိစ္စ ဆောင်ရွက်နေကြတဲ့ အစိုးရစစ်ကြောင်းတွေကို အလစ်အငိုက်ယူ ကောက်ကျစ်စွာ တိုက်ခိုက်ခဲ့တာလည်း အကြိမ်ကြိမ်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၈ ရက်နေ့မှာ ပူတာအိုခရိုင် မချမ်းဘောမြို့နယ်အတွင်း အစိုးရစစ်ကြောင်းကို အလစ်အငိုက် ချုံခိုတိုက်ခိုက်ခဲ့ပါသေးတယ် တိုက်ပွဲအတွင်း ဖမ်းဆီးရမိခဲ့တဲ့ စစ်တပ်က အရာရှိလေးကို  ဒဏ်ရာရအဖမ်းခံထားရတဲ့ စစ်သည်လေးတွေ ရှေ့မှာ ခေါင်းကိုဖြတ် ဗိုက်ကိုခွဲ ဗိုက်ထဲကို ဖြတ်ထားတဲ့ ခေါင်းကို ထည့်ပြခဲ့ပါတယ်တဲ့။
ကေအိုင်အို/ကေအိုင်အေအဖွဲ့ဟာ ဒီလိုအခွင့်ကောင်းယူပြီး ကောက်ကျစ်တတ်တဲ့ အကျင့်စွဲနေတာ ကြာပြီဖြစ်ပါတယ်။ အစိုးရတပ်က ပြန်လည်တိုက်ခိုက်မယ့် အရိပ်အယောင်တွေ့ရင် ကယ်ပါယူပါတစာစာနဲ့ လူ့အခွင့်အရေးအကြောင်းပြပြီး နိုင်ငံတကာကြားအောင် အော်ဟစ်ငိုယိုပြတတ်ပါတယ်။ စစ်တပ်ရဲ့ထိုးစစ် ပြင်းထန်လာရင် ဂျနီဗာကွန်ဗင်းရှင်းစာချုပ်ဆိုတာနဲ့ မတောက်တခေါက်ကိုင်ပေါက် ကန့်ကွက်တတ်ပေမဲ့ ခုလိုစစ်သုံ့ပန်း ဖမ်းဆီးမိချိန်မှာတော့ ဖမ်းဆီးရမိတဲ့ သုံ့ပန်းတွေနဲ့ပတ်သက်ပြီး လိုက်နာရမယ့် အချက်တွေကို ချိုးဖောက် သတ်ဖြတ်နေတာတွေဟာလည်း အင်မတန်မှ အောက်တန်းကျယုတ်မာလှပါတယ်။ အစိုးရ စစ်သားများအနေနဲ့ ငြိမ်းချမ်းရေးစားပွဲဝိုင်းဆီက အဖြေကိုမျှော်လင့်ရင်း၊ အမိန့်နာခံရင်း၊ ကောက်ကျစ် ယုတ်မာသူတို့ရဲ့ လက်ချက်ကြောင့် တစ်ဖြုတ်ဖြုတ်ကြွေခဲ့ကြရတာလည်း  များလှပါပြီ။

ပြောလို့ဆိုလို့လည်းမရ၊ ညှိနှိုင်းဆွေးနွေးလို့လည်းမရ၊ ငြိမ်းချမ်းရေးလည်း အမှန်တကယ်မလိုချင်၊ ရိုးသားကတိတည်မှုလည်းမရှိ၊ ပြည်သူလူထုအတွက် ၀န်ထုပ်ဝန်ပိုးဖြစ်နေတဲ့ ကေအိုင်အို/ကေအိုင်အေ အဖွဲ့ကို ရွှေလက်နဲ့ခေါ်လို့မလာလျှင်တော့  လိုအပ်သလို ဆုံးမဖို့ အချိန်ကျရောက်နေပြီဖြစ်ပါတယ်ဗျာ။

အောင်ဘာလေ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်