အမေရိကန်ပေါ့(ပ်) အဆိုတော် လေဒီဂါဂါ ဟာ လိင်ဆက်ဆံခဲ့တဲ့မိန်းမတွေနဲ့ တန်းတူစွမ်းအင်ရှိတယ်လို့ ယုံကြည်ရတဲ့ ယောက်ျားတစ်ယောက်ကို ရှာတွေ့မှ ချစ်နိုင်မှာ ဖြစ်ကြောင်း Watch What Happens Live ရုပ်သံအစီအစဉ်မှာ ၁၄-၉-၂၀၁၃ နေ့က ဖွင့်ပြောလိုက်ပါတယ်။ "လိင်တူ ဆက်ဆံတဲ့ မိန်းမတွေဟာ လိင်ကွဲ ဆက်ဆံတဲ့ ယောက်ျားတွေထက် ပိုပြီး အတင့်ရဲကြမှန်း ကျမသိရလို့ သူတို့ကို ပိုပြီးနှစ်သက်ပါတယ်။ ကျမ ချစ်ခဲ့ဖူးတဲ့ လိင်တူဆက်ဆံသူ မိန်းမတစ်ယောက်လောက် သန်စွမ်းတဲ့ ယောက်ျားတစ်ယောက်ကို ရှာတွေ့မှ သူ့ကို ကျမချစ်နိုင်မှာပါ" လို့ ပြောပါတယ်။ ယခုအခါ ရုပ်ရှင်မင်းသား တေလာကင်နီနဲ့ ဂါဂါဟာ လိင်နဲ့ ပတ်သက်လို့ အဲဒီစကားပြောကြားတာဟာ တေးချစ်ပရိသတ်တွေ သွေးလန့်စေချင်လို့ မဟုတ်ပဲ မိန်းမတွေကို သူအမှန်တကယ် စိတ်ဝင်စားလို့ ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားပါတယ်။
8 Day
Time in Rangoon



0 comments:
Post a Comment