Friday, September 27, 2013

မူဆလင်များ ဆန္ဒပြမှုရှိသော်လည်း Miss World ပြိုင်ပွဲ အင်ဒိုနီးရှားတွင်ကျင်းပမည်

Posted by drmyochit Friday, September 27, 2013, under | No comments


[ နူဆာ ဒူအာ ၊ စက်တင်ဘာ ၂၆ ၊ Ref-AFP ]

မူဆလင်အကြမ်းဖက်သ မားများ ဆန္ဒပြမှုဖြစ်ပွားပြီးနောက် Miss World နောက်ဆုံးအဆင့် ပြိုင်ပွဲကို ဘာလီကျွန်းတွင် ကျင်း ပမည်ဖြစ်ပြီး ထိုပွဲတွင် အစွန်း ရောက်အဖွဲ့များ လာရောက် တိုက်ခိုက်နိုင်ကြောင်း သတိပေး ခဲ့သည်။ အလှမယ်ပြိုင်ပွဲယှဉ် ပြိုင်ချိန်တွင် ရဲနှင့်ဘာလီလုံခြုံ ရေးအဖွဲ့များက စောင့်ကြည့် မည်ဖြစ်သည်။

နိုင်ငံပေါင်း၁၈ဝကျော်ကို ပြသသွားမည့် ထိုပြိုင်ပွဲနောက် ဆုံးအဆင့်ကို ပြိုင်ပွဲဝင်ပေါင်း ၁၂၉ဦး ပါဝင်ယှဉ်ပြိုင်မည်ဖြစ် သည်။ Miss World ပြိုင်ပွဲကို မူဆလင်လူမျိုးစုအနည်းငယ် သာ လွှမ်းမိုးရာ ဘာလီသို့ ရွှေ့ ပြောင်းရန် အစ္စလာမ္မစ်များက ဆန္ဒပြခဲ့ကြသည်။ ''ကျွန်တော် တို့ဆန္ဒပြတယ်ဆိုတာ ဘယ်လို မှ လက်မခံနိုင်တော့လို့ပါ''ဟု အစ္စ လာမ္မစ်ခုခံကာကွယ်ရေးအဖွဲ့ (FPI)၏ အရှေ့ဂျာဗားအဖွဲ့ခွဲ ခေါင်းဆောင် ဟိုင်ဒါအယ်ဟာ မစ်က ပြောခဲ့သည်။

ရာပေါင်းများစွာသော FBI အဖွဲ့များသည် ယခုလအစော ပိုင်းက အရှေ့ဂျာဗားမှ ဘာလီ သို့ ဖြတ်ရန် ကြိုးစားခဲ့ကြောင်း သိရသည်။ ၂၀၁၂ခုနှစ်က ဗုံး ပေါက်ကွဲမှုကြောင့် နိုင်ငံခြားသား အများစုအပါအဝင် လူပေါင်း ၂၀ဝကျော်သေဆုံးခဲ့ရသော အ ဖြစ်အပျက်ကို သတိပေးလျက် အလှမယ်များကို တိုက်ခိုက်မှု များရှိနိုင်ကြောင်း အမေရိကန်၊ ဗြိတိသျှ၊ ဩစတြေးလျသံရုံးများ က စိုးရိမ်နေကြသည်။ ''Miss World အလှမယ်တွေကို နှောင့် ယှက်ဖို့ အတိုက်အခံအဖွဲ့တွေ စီစဉ်နေမယ်ထင်တယ်''ဟု ဂျကာ တာမှ အမေရိကန်သံရုံးက ပြော ခဲ့သည်။

Miss World ပြိုင်ပွဲထုတ် လွှင့်ရန်ကူညီပေးသော RCTI ရုပ်သံမှလည်း လုံခြုံရေးကို အ ထူး စိုးရိမ်နေကြောင်း သိရသည်။ ဂျကာတာမြို့ရှိ ထောင်ပေါင်း များစွာသော ဆန္ဒပြသူများသည် အင်ဒိုနီးရှားကျွန်းစုတစ်ဝန်းတွင် ရှိနေပြီး Miss World ပြိုင်ပွဲသည် လိင်ကိုနှိုးဆွစေသောပြိုင်ပွဲဖြစ် ကြောင်း ရှုတ်ချခဲ့ကြသည်။ ရဲ များ၏ပြောကြားချက်အရ စနေ နေ့ပြိုင်ပွဲစလျှင် လုံခြုံရေး၇၀၀ နီးပါးချထားမည်ဖြစ်ပြီး Miss World ပြိုင်ပွဲစပြီးပြုလုပ်ချိန်မှ ရဲပေါင်း၅၀ဝနီးပါး တပ်ဖြန့်ချ ထားရကြောင်း သိရသည်။

Yangon Media Group

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်