Saturday, September 14, 2013

ကိုယ်တိုင် စိတ်ချမ်းသာချင်ရင်…..

Posted by drmyochit Saturday, September 14, 2013, under | No comments


တစ်ခါတုန်းက.. လယ်သမားကြီးတစ်ဦးရှိသတဲ့…။ သူဟာ နှစ်စဉ် အင်မတန်မှ ဖွံ့ထွားလှပတဲ့ ပြောင်းဖူးတွေကို စိုက်ပျိုးပြီး မြို့ ပေါ်ကသစ်သီးဝလံပြပွဲမှာလည်း နှစ်စဉ်ဆုတွေရပါသတဲ့…။

တစ်နှစ်မှာတော့ သတင်းထောက်တစ်ယောက်က သူ့က...ိုအင်တာဗျူးပါတယ်…။ ဘယ်လိုများ ဒီလိုလှပဖွံ့ထွားတဲ့ ပြောင်းဖူးတွေကို စိုက်သလဲပေါ့..။ သတင်းထောက်ဟာ မေးရင်းနဲ့ လယ်သမားကြီးက သူ့ဆီက မျိုးကောင်းမျိုးသန့်တွေကို လယ်နီးနားချင်းတွေကို မျှဝေပေးတယ်ဆိုတာကို သိရတော့ အံ့သြစွာနဲ့မေးပါတယ်..။

“ နေပါဦးဗျ… ခင်ဗျားက ဘာလို့ ကိုယ့်ဆီက အကောင်းဆုံးမျိုးစေ့တွေကို လယ်နီးနားချင်းတွေဆီ မျှပေးရတာလဲ… သူတို့လည်း ပြိုင်ပွဲမှာ ဝင်ပြိုင်ကြတာမဟုတ်လား…”
ဆိုတော့ လယ်သမားကြီးက…

“ ဒီလိုရှိတယ်ဗျ… လေက ဝတ်မှုန်လေးတွေကို ဟိုဘက်အခင်းကနေ ဒီဘက်အခင်းကို သယ်ဆောင်ပြီး ဝတ်မှုန်ကူးတယ်လေ…တကယ်လို့...ကျုပ်လယ်နီးနားချင်းတွေက မျိုးစေ့ညံ့တာတွေစိုက်ထားရင်.. အပြန်အလှန်ဝတ်မှုန်ကူးမှုကြောင့် သူတို့ဆီက အရည်အသွေးညံ့တာတွေ ကျုပ်အပင်တွေဆီ ကူးလာနိုင်တယ်… ကျုပ်က အမျိုးကောင်းတွေစိုက်ထားရင်.. လယ်နီးနားချင်းတွေကိုလည်း…အမျိုးကောင်းစိုက်နိုင်အောင် ကျုပ်ကူညီရမယ်ဗျ…”
လို့ ပြန်ဖြေလိုက်ပါတယ်….။

ဒါဟာ…ကျုပ်တို့ဘဝပဲဗျ…။ ဘဝမှာ ငြိမ်းချမ်းစွာနေထိုင်သွားလိုသူဟာ…ပတ်ဝန်းကျင်ကိုလည်း ငြိမ်းချမ်းအောင် ကူညီရမယ်….။ ဘဝတစ်ခုရဲ့  တန်ဖိုးဆိုတာကို သူနဲ့ ဆက်စပ်နေတဲ့ ပတ်ဝန်းကျင်ရဲ့  အခြေအနေ နဲ့ တိုင်းတာရမယ်….။

စိတ်ချမ်းသာပျော်ရွှင်ချင်တဲ့သူဟာ… သူတစ်ပါးကိုလည်း စိတ်ချမ်းသာပျော်ရွှင်အောင် ကူညီပေးရမယ်..။ ဘာလို့လဲဆိုတော့… တို့တတွေကိုယ်စီ ငြိမ်းချမ်းဖို့ဆိုတာ အားလုံး ငြိမ်းချမ်းမှဖြစ်မယ်…။

ဒါကြောင့် ကိုယ်စိုက်တဲ့ ပြောင်းဖူးကောင်းချင်ရင်..
သူများအခင်းက ပြောင်းဖူးကောင်းအောင်လည်း ကူညီပေးရမယ်ဗျ…နော့ …….။ ။


ဘာသာပြန်ရေးသားသူ & Credit: -Nyein Chan Win
Lady Fashion

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်