Saturday, September 14, 2013

လတ်ဗီးယား-မြန်မာ ချစ်ကြည်ရေး အသင်း ဖွဲ့စည်းပြီး နှစ်နိုင်ငံ ပြည်သူများအကြား ဆက်ဆံရေး ကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေး

Posted by drmyochit Saturday, September 14, 2013, under | No comments


နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် လတ်ဗီးယားနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး H. E. Mr. Edgars Rinkevics ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား နိုင်ငံတော် သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ ယနေ့နံနက် ၁၁ နာရီတွင် လက်ခံတွေ့ဆုံသည်။

ယင်းတွေ့ဆုံပွဲတွင် ၂ဝဝ၉ ခုနှစ်ကတည်းက လတ်ဗီးယား-မြန်မာ ချစ်ကြည်ရေး အသင်း ဖွဲ့စည်းခဲ့ပြီး နှစ်နိုင်ငံ ပြည်သူများအကြား ဆက်သွယ် ဆက်ဆံခဲ့မှု၊ ၂ဝ၁၂ ခုနှစ်တွင် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထူထောင်ခဲ့မှု၊ နှစ်နိုင်ငံအကြား ပညာရေး၊ ကျန်းမာရေး၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေး၊ ခရီးသွားလာရေး လုပ်ငန်းတွင် ပူးပေါင်းဆောင်ရွက်နိုင်မှု၊ သတင်း နည်းပညာ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ယဉ်ကျေးမှု၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ နိုင်ငံတကာ ဆက်ဆံရေးနှင့် နှစ်နိုင်ငံ ဆက်ဆံရေးစသည့် ကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေး၊ ကဏ္ဍစုံပူးပေါင်း ဆောင်ရွက်ရေးအတွက် နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးနိုင်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

နိုင်ငံတော် သမ္မတက လတ်ဗီးယားနိုင်ငံ သမ္မတအား မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ရန် ဖိတ်ကြားခဲ့သည်။ အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စု ဝန်ကြီး ဦးတင်နိုင်သိန်း၊ ဒေါက်တာကံဇော်၊ ဒေါက်တာကိုကိုဦး၊ ဒုတိယဝန်ကြီး ဦးသန့်ကျော်နှင့် တာဝန် ရှိသူများ တက်ရောက်ကြကြောင်း သတင်း ရရှိသည်။

http://www.myawady.com.mm/allnews/headline/item/25297-2013-09-14-07-58-27

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်