Sunday, October 20, 2013

ကျပ်ငါးသိန်းနှင့် ရွှေလုပ်ကွက်ပေးမည်ဟု ပြောဆိုပြီး ဗုံးဖောက်ခွဲစေခဲ့ဟု ရှင်းလင်း

Posted by drmyochit Sunday, October 20, 2013, under | No comments

နိုင်ငံခြား ခရီးသွားများနှင့် ပြည်ပရင်းနှီး မြှုပ်နှံမှုများ ၀င်ရောက်မှု အဟန့်အတားဖြစ်စေရန် ကျပ်ငါးသိန်းနှင့် ရွှေလုပ်ကွက် ပေးမည်ဟု ပြောဆိုစေခိုင်း ခဲ့ခြင်းဖြစ်ကြောင်း ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့က အောက်တိုဘာ ၁၈ ရက် ညနေ ၃ နာရီတွင် ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ရုံး သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

တောင်ငူ၊ ဖြူး၊ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှု ဖြစ်စဉ် များနှင့် မပေါက်ကွဲသေးဘဲ ဗုံးတွေ့ရှိခဲ့ရသည့် ဖြစ်စဉ်များကို KNU အဖွဲ့၏ စီးပွားရေး တာဝန်ခံအဖြစ် ဆောင်ရွက်နေသော နေတိုးဆိုသူက ဦးဆောင်ပြုလုပ်ခဲ့ကြောင်း ကျူးလွန်သူ စောမြင့်လွင်အား စစ်ဆေး ချက် အရ ပြန်လည်ထွက်ဆိုမှုကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် ရဲချုပ်ဇော်ဝင်းက ပြောကြားခဲ့ သည်။

ရန်ကုန်မြို့ အတွင်းရှိ နိုင်ငံခြားသားများ ၀င်ရောက်စားသောက် တည်းခိုလေ့ရှိသည့် WESTERN PARK RUBY စားသောက်ဆိုင်၊ ကုန်သည်ကြီးများ ဟိုတယ်နှင့် ဖြူး၊ တောင်ငူဖြစ်စဉ်တို့တွင် ဗုံးဖောက်ခွဲရန် ငွေကျပ် ငါးသိန်းဖြင့် ခိုင်းစေခဲ့ပြီး လုပ်ငန်းများ အောင်မြင်ခဲ့ပါက ရွှေတူးဖော်ရေး လုပ်ငန်းတစ်ကွက်ကို ပေးဆောင်မည် ဟုလည်း နေတိုးက စောမြင့်လွင်ကို ပြောကြားထားခဲ့ကြောင်း ရဲစစ်ဆေးချက်အရ သိရသည်။

ထို့အပြင် နေတိုးက မန္တလေးတိုင်း ဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့တွင် ဗုံးဖောက်ခွဲမှု ဖြစ်စဉ် များကို ၎င်းကိုယ်တိုင် ပြုလုပ်ခဲ့ကြောင်း စစ်ဆေးချက်နှင့် အထောက်အထားများအရ သိရသည်။
”အဓိက ဒီဖြစ်စဉ်တွေ ကို ကျူးလွန်ရတဲ့ အကြောင်းရင်းကတော့ ပြည်ပက ရင်းနှီးမြှုပ်နှံမှုတွေ ရပ်တန့်ဖို့ စစ်ဆေးချက်အရ သိရတယ်။ ဒီဖြစ်စဉ်တွေ မဖြစ်ခင်က ကြိုတင်သတင်းရရှိမှု လုံးဝမရှိခဲ့ပါဘူး။

ဖမ်းမမိသေးတဲ့ နေတိုးကိုလည်း KNU အဖွဲ့နဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်သွားမယ်။ တိုင်းနဲ့ပြည်နယ် တစ်ခုချင်းစီက ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေနဲ့ ရရှိခဲ့တဲ့ အချက်အလက်တွေကို စုစည်းပြီးတော့ စုံစမ်းစစ်ဆေးတဲ့ အခါမှာတော့ ဒီကွင်းဆက်ကို ဖော်ထုတ်ဖမ်းဆီး နိုင်ခဲ့တာပါ” ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် ရဲချုပ်ဇော်ဝင်းက ပြောကြားသည်။

Source : EMG

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်