Sunday, October 20, 2013

Samsung Galaxy S5 တွင် Eye Scanner ပါဝင်လာဖွယ်ရှိ

Posted by drmyochit Sunday, October 20, 2013, under | No comments


မကြာခင် ထွက်ရှိလာတော့မည်ဟု ဆိုနေကြသော Samsung Galaxy S5 တွင် Eye Scanning Sensor (ပိုင်ရှင်၏ မျက်ကြည်လွှာကို ဖတ်ရှုမည့် လုံခြုံရေးစနစ်) ပါဝင်လာမည်ဟု သိရသည်။

iPhone 5S တွင် Fingerprint Scanner ဟူ၍ စမတ်ဖုန်းလုံခြုံရေး စနစ်ကို တစ်ခေတ်ဆန်းစေခဲ့ပြီး HTC One Max တွင်လည်း Fingerprint Scanner ထည့်သွင်းခဲ့ခြင်းတို့နှင့်အတူ တောင်ကိုရီးယားအခြေစိုက် Samsung ကလည်း ပိုမိုဆန်းပြားပြီး လူစိတ်ဝင်စားမှုရှိအောင် ဖန်တီးလိုက်ခြင်း ဖြစ်သည်။

စမတ်ဖုန်း၏ Sensor မှ ဖုန်းအသုံးပြုသူ၏ မျက်လုံးကို Scan ဖတ်ပြီး ပိုင်ရှင်ဟုတ်/မဟုတ် ခွဲခြားနိုင်မည် ဖြစ်သည်။ Galaxy S5 တွင် Eye Scanner ပါဝင်လာမည်ဟုသာ သိရပြီး အဆိုပါ Sensor မည်သို့ မည်ပုံ အလုပ်လုပ်မည် ဖြစ်ကြောင်း မသိရသေးပေ။

ပြိုင်ဆိုင်မှု ပြင်းထန်သော စမတ်ဖုန်းလောက၌ လုံခြုံရေးစနစ်အမျိုးမျိုးကို သူ့ထက်ငါ ထူးခြားဆန်းသစ် ကောင်းမွန်အောင် ဖန်တီးထုတ်လုပ်နေကြသလို ဖုန်းပုံစံကိုလည်း သာမန်ပုံစံများမှ ခွဲထွက်ပြီး အကွေးအကောက်များဖြင့် တီထွင်လာကြသည်မှာ စိတ်ဝင်စားဖွယ်ပင် ဖြစ်သည်။

အနာဂါတ်တွင်မူ စမတ်ဖုန်းအပါအ၀င် နည်းပညာပစ္စည်းများကို မည်သို့မည်ပုံ သုံးစွဲကြရမည် ဆိုသည်မှာလည်း စိတ်ဝင်စားစရာ၊ လေ့လာစရာ၊ နှစ်သက်စရာ ဖြစ်နေပါတော့သည်။
---

Kangyi (Myanmar Consumer Guide)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်