Sunday, November 17, 2013

အင်း​လေး​ကန် ​ထိန်း​သိမ်း​ဖို့ ​အ​စိုး​ရ​က ၁ ​နှစ် ​ကျပ် ​သန်း ၁၀၀ ​သုံး​ဟု ​ဆို

Posted by drmyochit Sunday, November 17, 2013, under | No comments

အင်း​လေး​ကန် ​ထိန်း​သိမ်း​ဖို့​အ​တွက် ​နိုင်​ငံ​တော်​အ​စိုး​ရ​က ၁ ​နှစ် ​ကျပ်​သန်း ၁၀၀ ​သုံး​တယ်​လို့ ​ဒု​တိ​ယ​သ​မ္မ​တ ​ဒေါက်​တာ​စိုင်း​မောက်​ခမ်း​က ​ပြော​ပါ​တယ်။

နိုဝင်​ဘာ ၁၆ ​ရက်​နေ့ ​ဒု​တိ​ယ​သ​မ္မ​တ​ရဲ့ ​အင်း​လေး​ကန်​ခ​ရီး​စ​ဉ်​အ​တွင်း ​အ​ခု​လို ​ပြော​ခဲ့​တာ​လို့ ​ရှမ်း​ပြည်​နယ် ​အ​စိုး​ရ​အ​ဖွဲ့​၀င် ​အင်း​တိုင်း​ရင်း​သား​ရေး​ရာဝန်​ကြီး ​ဦး​၀င်း​မြင့်​က ​ပြော​ပါ​တယ်။

“​အင်း​လေး​ကန် ​ရေ​ရှည်​တည်​တံ့​ခိုင်​မြဲ​ရေး​နဲ့ ​သန့်​ရှင်း​လှ​ပ​ဖို့​၊ ​လူ​ထု ​ဗ​ဟို​ပြု​နည်း​နဲ့​လည်း ​ဆောင်​ရွက်​ကြ​ဖို့​၊ ​အင်း​သူ ​အင်း​သား ​မျိုး​ဆက်​သစ်​လူ​ငယ်​တွေ​လည်း ​ပါဝင်​ကြ​ဖို့ ​အဲ​ဒါ​တွေ​လည်း ​သူ​က ​လမ်း​ညွှန်​သွား​တယ်။ ​အင်း​လေး​ကန် ​ရေ​ရှည်​တည်​တံ့ ​ခိုင်​မြဲ​ရေး​အ​တွက် ၁ ​နှစ် ​သန်း ၁၀၀ ​ကို ​ဆည်​မြောင်း​တို့​၊ ​သစ်​တော​တို့​နဲ့ ​စိုက်​ပျိုး​ရေး​တို့​ကို ​အ​ချိုး​ကျ ​ခွဲဝေ​ပေး​ပါ​တယ်။ ​ဆည်း​မြောင်း​ဌာ​န​က​တော့ ​အ​များ​ဆုံး​ရ​ရှိ​တယ်​ပေါ့​။”

အင်း​လေး​ကန် ​ရေ​ပြင် ​ကျ​ဉ်း​လာ​တဲ့​အ​ကြောင်း ​ဒု​တိ​ယ​သ​မ္မ​တ​က ​ပြော​သွား​တယ်​လို့​လည်း ​ဆို​ပါ​တယ်။

အင်း​လေး​ကန်​ကို ​က​မ္ဘာ့​လှည့်​ခ​ရီး​သည် ​လာ​ရောက် ​လည်​ပတ်​တာ ​များ​လာ​နေ​ပြီး ​အ​ခု​အ​ချိန်​ထိ ၉ ​သောင်း​ကျော် ​လာ​ရောက်​ခဲ့​ပြီး ​ယ​ခု​နှစ် ​အ​ကုန်​မှာ ၁ ​သိန်း​ခွဲ​လောက် ၀င်​ရောက်​လာ​ဖို့ ​မျှော်​မှန်း​ထား​ပါ​တယ်။

အင်း​လေး​ကန်​ဟာ ​ရေ​ပြင်​ဧ​ရိ​ယာ​အ​နေ​နဲ့ ​အ​ရင်​က ၁၀၄ ​စ​တု​ရန်း​မိုင်​ရှိ​ရာ​က ​အ​ခု ၃၄ ​စ​တု၇န်း​မိုင်၊ ​တောင်​မြောက်​အ​လျား ​အ​ရင် ၃၆ ​မိုင်​က ​အ​ခု ၁၁ ​မိုင်၊ ​အေ​ရှ့​အ​နောက် ​အ​ရင်​က ၈​မိုင်၊ ​အ​ခု ၄​မိုင်၊ ​ရေ​အ​နက်​ဆုံး ​အ​ရင်​က ​ပေ၂၀၊ ​အ​ခု ၁၂​ပေ၊ ​ရေ​အ​တိမ်​ဆုံး ​အ​ရင်​က ၁၂​ပေ၊ ​အ​ခု ၆ ​ပေ​ပဲ ​ရှိ​တော့​တာ​မို့ ​အင်း​လေး​ကန် ​ရေ​ရှည်​တည်​တံ့​ဖို့ ​အ​ရေး​ကြီး​ဆုံး​ဖြစ်​နေ​တယ်​လို့ ​သိ​ရ​ပါ​တယ်။

DVB 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်