Sunday, November 17, 2013

တူနီးရှားနှင့်ပွဲတွင် အီတူးကို ဘောလုံးမပေးရန် အသင်းဖော်များ လျှို့ဝှက်ကြံစည်ခဲ့

Posted by drmyochit Sunday, November 17, 2013, under | No comments


တူနီးရှားနှင့် ဂိုးမရှိသရေကျခဲ့သည့် ပထမအကျော့ပွဲစဉ်တွင် အသင်းဖော်များက ၎င်းအား ဘောလုံးမပေးရန်လျှို့ဝှက်ကြံစည်ခဲ့ကြသည်ဟု ကင်မရွန်း တိုက်စစ်မှူး အီတူးက ထုတ်ဖော်လိုက်သည်။ အီတူးမှာ နိုင်ငံလက်ရွေးစင်အဖြစ်မှ အနားယူမည်ဟု ပြီးခဲ့သည့် စက်တင်ဘာလကတည်းက ဆုံးဖြတ်ခဲ့သော်လည်း လက်ရှိအချိန်ထိ ကင်မရွန်းအတွက် ဆက်ကစားနေဆဲဖြစ်ပြီး အသင်းဖော်များအနေဖြင့် ၎င်းတို့၏ လုပ်ရပ်အတွက် နောင်တရနေလိမ့်မည်ဟုလည်း ၎င်းက ပြောသည်။

အီတူးက “အဲဒီပွဲကို ကြည့်ဖြစ်ခဲ့မယ်ဆိုရင် ကျွန်တော် ကွင်းလယ်အထိ ဘောလုံးဆင်း ကစားခဲ့တာ တွေ့ရမှာပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့်ကို ဘောလုံးမပေးဖို့ သူတို့ ကြိုတင်တိုင်ပင်ထားတာကို ကျွန်တော် သိနေလို့ပါပဲ။ အဲဒါက အမှန်ဖြစ်ပြီး နာင်တရစရာ ကောင်းတဲ့ကိစ္စပါ။ တကယ်တော့ ဘောလုံးကစားနည်းဟာ ပေါင်းစည်းညီညွတ်မှုနဲ့ ကစားရတဲ့ ကစားနည်းတစ်မျိုးဖြစ်ပြီး ရန်သူဖြစ်နေရင်တောင် အကောင်းဆုံး နေရာယူထားဆိုရင်တော့ ဘောလုံးပေးရမှာပါပဲ။ ဒါပေမဲ့ လောလောဆယ်မှာတော့ အဲဒီကိစ္စတွေကို မေ့ထားပြီး လာမယ့်ပွဲအတွက် အာရုံစိုက်ရပါမယ်”ဟု ဖွင့်ဟသွားသည်။

သို့သော် ကင်မရွန်းနည်းပြ ဖင်ကီကမူ ၎င်းအနေဖြင့် အဆိုပါပွဲစဉ် ဗီဒီယိုခွေအား (၆)ကြိမ်၊ (၇)ကြိမ် ပြန်လည်ကြည့်ရှုခဲ့ပြီး အီတူးပြောသကဲ့သို့ ဖြစ်ပွားခဲ့သည်ဟု မထင်ကြောင်း တုံ့ပြန်သွားသည်။ ထို့အပြင် အီတူးမှာ မူကြိုအရွယ် ကလေးများ ပြောသကဲ့သို့ ပြောနေခြင်းသာ ဖြစ်လိမ့်မည်ဟုလည်း မှတ်ချက်ပေးသွားခဲ့သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်