Saturday, November 02, 2013

ကမ္ဘာ့ အကောင်းဆုံးအဆင့် တိုက်စစ်အတွဲမျိုးကို မိမိပိုင်ဆိုင်ထားကြောင်း မိုယက်စ်ကြွေးကြော်

Posted by drmyochit Saturday, November 02, 2013, under | No comments


မိမိသည် ကမ္ဘာ့အကောင်းဆုံးဟု ညွှန်းဆိုနိုင်လောက်သည့် တိုက်စစ်အတွဲအဖက်ကို ပိုင်ဆိုင်ထားကြောင်း မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ ဒေးဗစ်မိုယက်စ်က ကြွေးကြော်လိုက်သည်။

ရော်ဘင်ဗန်ပါစီနှင့် ဝိန်းရွန်နီတို့၏ အတွဲအဖက်သည် ပရီးမီးယားလိဂ်တွင် အကောင်းဆုံးဖြစ်သလို ကမ္ဘာ့အဆင့်ထိ အမြင့်ဆုံးအခြေအနေ နှိုင်းယှဉ်နိုင်ကြောင်း မိုယက်စ်က ဆိုသည်။ လက်ရှိတွင် ပရီးမီးယား လိဂ်၌ လီဗာပူးလ်၏ ဒန်နီရယ်လ် စတားရစ်ဂ်ျနှင့် လူးဝစ်ဆွာရက်ဇ်တို့ နှစ်ဦးက အကောင်းဆုံးပုံစံ ရရှိနေသော်လည်း ရွန်နီနှင့် ဗန်ပါစီ အတွဲသာ အကောင်းဆုံးဟု မိုယက်စ်က ယုံကြည်ထားသည်။ ပြီးခဲ့သည့် သီတင်းပတ် ပရီးမီးယားလိဂ် ပွဲစဉ်များတွင် နှစ်သင်းလုံးမှ တိုက်စစ်အတွဲများ အပြိုင်ဂိုးသွင်းခဲ့ကြသည်။

မိုယက်စ်က "ရွန်နီနဲ့ ဗန်ပါစီတို့ဟာ အကောင်းဆုံး အခြေအနေမှာ ရှိနေပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ အကောင်းဆုံးဆိုတဲ့ ဘယ်တိုက်စစ်အတွဲကိုမဆို ယှဉ်နိုင်ပါတယ်။ ဒီနိုင်ငံ အဆင့်လောက်ကို ကျွန်တော် ထည့်ပြောမနေတော့ဘူး။ သူတို့နှစ်ယောက် တကယ်ခြေတွေ့ပြီဆိုရင် အကောင်းဆုံးဆိုတာ ငြင်းစရာကို မရှိတော့ဘူး"ဟု ပြောကြားခဲ့သည်။ ယူနိုက်တက်သည် ဖူလ်ဟမ်နှင့် ယနေ့ညတွင် ရင်ဆိုင် ကစားရ မည်ဖြစ်ပြီး ကွင်းလယ်တွင် မိုက်ကယ်ကာရစ်မှ ခြေဖနောင့် ဒဏ်ရာကြောင့် ပါဝင်နိုင်မည် မဟုတ်ချေ။ ဗန်ပါစီသည် ခြေမနှင့် ပေါင်ခြံ အတန်ငယ် နာကျင်မှု ရှိသော်လည်း ယခုပွဲအတွက် ကြံ့ခိုင်မှု ပြည့်ဝနေဖွယ်ရှိကြောင်း သိရှိရသည်။ 

Ref: dailymail

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်