Saturday, November 23, 2013

တောင်ကိုရီးယားနိုင်ငံက ဂြိုဟ်တုလမ်းညွှန် စနစ်ပါ Spike ပဲ့ထိန်းဒုံးကျည်ကို အောင်မြင်စွာ စမ်းသပ်ပစ်ခတ်

Posted by drmyochit Saturday, November 23, 2013, under | No comments


ဆိုးလ် နိုဝင်ဘာ ၂၂ 

တောင်ကိုရီးယား နိုင်ငံသည် ပင်လယ်ဝါအတွင်းရှိ ကျွန်းစုများပေါ်တွင် တပ်ဖြန့်ချထားသော မြောက်ကိုရီးယား နိုင်ငံ၏ ကမ်းရိုးတန်းစောင့် အမြောက်တပ်ဖွဲ့ကို တိကျစွာ တိုက်ခိုက်နိုင်စွမ်းရှိသည့် အစ္စရေး နိုင်ငံထုတ် Spike အမျိုးအစား ဂြိုဟ်တုလမ်းညွှန် စနစ်ပါ ပဲ့ထိန်းဒုံးကျည် တစ်စင်းကို အောက်တိုဘာလ အတွင်း၌ ပထမဆုံးအကြိမ် အောင်မြင်စွာ စမ်းသပ်ပစ်ခတ် နိုင်ခဲ့ကြောင်းနှင့် တောင်ကိုရီးယားနိုင်ငံသည် အဆိုပါဒုံး ကျည်များကို ၂ဝ၁၃ ခုနှစ် မေလအတွင်း နိုင်ငံအနောက်မြောက်ပိုင်းရှိ ကျွန်းစုများတွင် တပ်ဖြန့်ချထားပြီး ဖြစ်ကြောင်း တောင်ကိုရီးယား မရိန်း တပ်ဖွဲ့က နိုဝင်ဘာ ၂၂ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ 

အဆိုပါဒုံးကျည်သည် အလေးချိန် ၇ဝ ကီလိုဂရမ်ရှိပြီး အကွာအဝေး ၂ဝ ကီလိုမီတာ(၁၂ မိုင်)အထိ ရောက်ရှိ ပစ်ခတ်နိုင်ကြောင်း၊ မြောက်ကိုရီးယားနိုင်ငံ ၏ ကျူးကျော်ရန်စမှုများကို ကာကွယ်ဟန့်တားရန် Yeonpyeong နှင့် Baengnyeong ကျွန်းတို့တွင် ကြိုတင်တပ်ဖြန့်ချထားပြီး ဖြစ်ကြောင်းနှင့် အဆိုပါ ဒုံးကျည်များကို မြောက် ကိုရီးယားနိုင်ငံ၏ မြေအောက် အဆောက်အအုံများနှင့် ရွေ့လျားပစ်မှတ်များကို တိုက်ခိုက်ဖျက်ဆီးရန် ဒီဇိုင်းရေးဆွဲ ထုတ်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 

အဆိုပါဒုံးကျည်များ တပ်ဖြန့်ချထားရခြင်းမှာ မြောက်ကိုရီးယား နိုင်ငံကမ်းရိုးတန်းမှ ၁၁ ကီလိုမီတာ (၆ မိုင်) အကွာတွင် တည်ရှိသည့် Yeonpyeong ကျွန်းအား မြောက်ကိုရီးယားက အမြောက်ဖြင့် တိုက်ခိုက်ခဲ့ပြီးနောက် နှစ်နိုင်ငံ နယ်နိမိတ်အနီးတွင် တောင်ကိုရီးယားနိုင်ငံ၏ စစ်ရေးစွမ်းဆောင်မှု တိုးမြှင့် ရေးကြိုးပမ်းမှုများ၏ တစ်စိတ် တစ်ပိုင်းဖြစ်ကြောင်း သိရသည်။ 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်