Saturday, November 23, 2013

ကုန်လှေ တစ်စီးနှင့်အတူ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ

Posted by drmyochit Saturday, November 23, 2013, under | No comments


နေပြည်တော် နိုဝင်ဘာ ၂၂ 

တပ်မတော် (ရေ)မှ စစ်ရေယာဉ်သည် နိုဝင်ဘာ ၁၈ ရက် နံနက် ၁ နာရီခန့်က ပိတ်ဆို့ရေးနှင့် ပင်လယ်ပြင် စိုးမိုးရေး တာဝန်များ ထမ်းဆောင်နေစဉ်မေယုကျွန်းအနီး မသင်္ကာဖွယ် လှေတစ်စီးအား တွေ့ရှိ၍ မီးအချက်ပြ ခေါ်ယူသော်လည်း လာရောက်ခြင်း မပြုဘဲ မောင်းနှင်ထွက်ပြေးသဖြင့် ထက်ကြပ်လိုက်လံ ဖမ်းဆီးရာ နံနက် ၂ နာရီ အချိန်တွင်အဆိုပါ ကုန်လှေအား တရားခံမဲ့ ဖမ်းဆီး ရမိခဲ့သည်။ 


အဆိုပါ ဖမ်းဆီးရမိသော ကုန်လှေအား တပ်မတော် (ရေ)မှ ရှာဖွေရှင်းလင်းရာ အမ်-၁၆ မောင်းပြန်ရိုင်ဖယ် တစ်လက်နှင့် ၎င်းကျည် ၁၁၅ တောင့်၊ လေဖိအားသုံး ပစ္စတိုသေနတ် တစ်လက်နှင့် ကျည်အိမ် တစ်ခုတို့အား သိမ်းဆည်း ရမိသည်။ 

လှေပေါ်တွင် လိုက်ပါလာသူများသည် တပ်မတော် (ရေ)မှ လိုက်လံဖမ်းဆီးစဉ် အမှောင်ထု အတွင်းလှေ ပေါ်မှ ခုန်ချ ထွက်ပြေးသွားခြင်း ဖြစ်ကြောင်း သတင်း ရရှိသည်။

မြ၀တီ 





0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်