Sunday, January 26, 2014

မလေးရှားတွင် (၁၄) ထပ်မှ အသက် (၂) နှစ်နှင့် (၃၅) နှစ်အရွယ် ချင်းလူမျိုး (၂) ဦး ပြုတ်ကျ ကွယ်လွန်

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ Taman Sungai Besi Apartment ၏ (၁၄) ထပ်မှ ချင်း လူမျိုးများဖြစ်ကြသော အသက် (၃၅) နှစ်အရွယ်ရှိ Khen Hrang နှင့် အသက် (၂) နှစ်အရွယ် Pu Van Thang ၏ သား David တို့ ပြုတ်ကျကာ ကွယ်လွန်မှု ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ (၂၅) ရက်
နံနက် (၉း၄၀) ခန့်တွင် ဖြစ်ပွားခဲ့သည်။

Malaysia အခြေစိုက် The Chin Times ၏ ဖော်ပြချက်အရ- ခလေးငယ် David သည် အိမ်၏ ၀ရမ်တာတွင် ကလေးသဘာဝဆော့ကစားနေရာမှ ကစားသည့်အရုပ် အပြင်သို့ထွက်ကျ သွားရမှာ- သွားရောက် ဆယ်ယူရန် ကြိုးစားရင်း အောက်သို့ ပြုတ်ကျခဲ့ခြင်း ဖြစ်သည်။

David အောက်သို့ကျခြင်းကို သူ၏ ဦးလေးဖြစ်သူ (David ဖခင်၏ ညီ)မှ တွေ့ပြီး၊ အောက်သို့ ဓါတ်လှေကားမှ တဆင့် သွားရောက် ကြည့်ရှု့ရန်စောင့်ဆိုင်းသော်လည်း ဓါတ်လှေကား ကြာလှသဖြင့်၊ သူ၏ ချစ်လှစွာသော တူကလေးဆီသို့ ထပ်မံခုန်ချခဲ့ခြင်းဖြစ်သည်။

ခုန်ချခါနီးတွင် အခြားလူများမှ- မခုန်ချရန်နှင့် ခလေးမှာ ကွယ်လွန်ပြီးဖြစ်ကြောင်း ဖျောင်းဖြကြသော်လည်း မည်သို့မျှ တားဆီး၍မရဖြစ်ခဲ့ရသည်ဟု သိရသည်။

ကွယ်လွန်သူများ၏ ရုပ်ကလာပ်အား ဇန်န၀ါရီလ (၂၇) ရက်နေ့တွင် ဈာပနအစီအစဉ်ပြုလုပ်မည် ဖြစ်သည်။

Credit to: Chin World

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်