Friday, January 31, 2014

ညည့်နက်ချိန် ဖုန်း အသုံးပြုသော ဆယ်ကျော်သက်များ

Posted by drmyochit Friday, January 31, 2014, under | No comments

ညအိပ်ရာ ဝင်ချိန် နောက်ပိုင်းတွင် လက်ကိုင်ဖုန်း အသုံးပြုသော ဆယ်ကျော် သက် များဟာ စိတ်ပိုင်း ဆိုင်ရာ ကျန်းမာရေး ပြဿနာ များ ဖြစ်ပွားနိုင်ခြေ များပြား ကြတယ်လို့ ဂျပန် သုတေသီ များက တွေ့ရှိ ခဲ့ကြပါ တယ်။

အိပ်ရာ ဝင်ပြီးနောက်မှာမှ လက်ကိုင်ဖုန်း အသုံးပြုပြီး ဂိမ်းဆော့ခြင်း၊ အင်တာနက် ကြည့်ခြင်း၊ မက်ဆေ့ခ်ျ ပို့ခြင်း၊ ဖုန်းပြောခြင်း တို့ကို ပြုလုပ်သော ဆယ်ကျော်သက် များဟာ အိပ်ရေးပျက် သည့်အပြင် စိတ်ကျန်းမာရေး ထိခိုက်ပြီး မိမိကိုယ်ကို သတ်သေသည့် အတွေးများ ဖြစ်ပေါ် လာနိုင်ခြေ များကြပါတယ်။

အရက်၊ မူးယစ် ဆေးဝါးသုံးသည့် ဆယ်ကျော်သက် ဖြစ်ပါက မိမိကိုယ်ကို ဒုက္ခရောက်အောင် ပြုလုပ်နိုင်ခြေ ပိုမိုမြင့်မား တယ်လို့ သိရပါတယ်။ သုတေသီ များရဲ့ သုံးသပ်ချက် ကတော့ ညဥ့် နက်ချိန် လက်ကိုင်ဖုန်း အသုံးပြုခြင်းကြောင့် စိတ်ကျန်းမာရေး ထိခိုက်တာ မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ရှိနေနိုင်တဲ့ ဆယ်ကျော်သက် များဟာ ညဘက် မအိပ်ဘဲ လက်ကိုင်ဖုန်း အသုံးပြုကြတာ ဖြစ်ပါတယ်။

ညအချိန်တွင် တောက်ပသော အလင်းရောင်ကို ကြည့်ခြင်း၊ ဦးနှောက်ကို နှိုးဆွသော အလုပ်များ ဆောင်ရွက်ခြင်းဟာ အိပ်စက်ခြင်း ဟော်မုန်း ဖြစ်သော မယ်လတိုနင် ဟော်မုန်း ထွက်ရှိမှုကို ပြောင်းလဲစေပြီး ညအချိန်တွင် ကောင်းစွာ အနားယူနိုင်ခြင်းကို ထိခိုက်စေတာ ဖြစ်ပါတယ်။ ဒါ့အပြင် အိပ်မပျော်ခြင်းဟာ မိမိကိုယ်ကို သတ်သေသည့် အတွေးများ ဖြစ်ပေါ် လာနိုင်ခြေကို မြင့်တက် လာစေကြောင်း သုတေသနများ ရှိထားခဲ့ပြီး ဖြစ်ပါတယ်။

သို့သော်လည်း အဆိုပါ သုတေသနဟာ မိမိကိုယ်ကို သေကြောင်း ကြံစည်နှုန်း မြင့်မားသော ဂျပန်လူမျိုး ဆယ်ကျော်သက် များအား လေ့လာခဲ့ခြင်း ဖြစ်သောကြောင့် တစ်နိုင်ငံနှင့် တစ်နိုင်ငံ ယဉ်ကျေးမှု ကွဲပြားနေခြင်း အပေါ်မှာလည်း မူတည်နေကြောင်း သိရပါတယ်။

ဇင်မာမြင့်
မြ၀တီ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်