Sunday, February 09, 2014

ဂျော်ဂျီယာနယ်မှ ရှားပါးလှသည့် လူဦးခေါင်းခွံနှင့် လူသားဆင့်ကဲဖြစ်စဉ် အငြင်းပွားဖွယ်

Posted by drmyochit Sunday, February 09, 2014, under | No comments


ကမ္ဘာတစ်ဝန်းလုံးတွင် ရှေးခေတ်မှ လူသားများ၏ အရိုးအပိုင်း အစများသည် ပျံ့နှံ့လျက် ရှိနေပေသည်။ တစ်ခါတစ်ရံတွင် သွားတစ်ချောင်း သို့မဟုတ် အရိုးအနည်း ငယ်ကိုတွေ့ရှိ ကြရ၍ သန်းချီလျက်ရှိသည့် လွန်ခဲ့သော ရှေးခေတ်နှစ်များက နေထိုင်ခဲ့ကြသော လူများမှ အနီးကပ် ဆွေမျိုးတော်စပ်မှုကို ကျွန်ုပ်တို့အား ပြောပြနေကြပေ သည်။ အကယ်၍သာ ဦးခေါင်းခွံ အပြည့်အစုံကို တွေ့ရှိရလျှင် ကျောက်ဖြစ်ရုပ်ကြွင်း နိခါတဗေဒ ပညာရှင်များအနေဖြင့် ဝမ်းမြောက် ဝမ်းသာဖြစ်သွား ကြပေလိမ့်မည်။ ကျွန်ုပ်တို့သည် အဆိုပါကျောက် ဖြစ်ရုပ်ကြွင်းများကို ထပ်မံသိရှိရ ပြန်သောအခါ ကျောက်ဖြစ်ရုပ် ကြွင်းတွေ့ရှိရသည့် တစ်နေရာအပေါ် ကျွန်ုပ်တို့၏ မျိုးစိတ်ပွား၏ မိသားစုဇယား ရေးဆွဲလိုက်လျှင် မှုန်ဝါးဝါးလေးသာ မြင်ကြရသဖြင့် အငြင်းပွားဖွယ်ရာ ဖြစ်လာခဲ့ရပေသည်။

 မကြာသေးမီက အရှေ့ ဥရောပ ဂျော်ဂျီယာနယ (Georg-ia) တွင် ရှေးခေတ် လူသားဆွေမျိုး တစ်ဦး၏ နှစ်ပေါင်း ၁ ဒသမ ၈ သန်းကြာ ဦးခေါင်းခွံတစ်ခုကို သုတေသနပညာရှင် အုပ်စုတစ်စုမှ တွေ့ရှိခဲ့ရ၍ ၎င်းကိုယခုအခါ ''Skull 5'' အမှတ် ၅'' ဦးခေါင်းခွံဟု နာမည်မှည့် ပေးလိုက်သည်။ အဆိုပါ ဦးခေါင်းခွံသည် အသိ ဥာဏ်ရှိလာပြီဖြစ်သော ကျွန်ုပ်တို့၏ ရှေးခေတ် လူသားမျိုးနွယ် Homo Genus မှ ဖြစ်ပေရာ ယင်းအကြောင်းကို သုတေသန ပညာရှင်များမှ ''Science Jour-nal" ''သိပ္ပံဂျာနယ်'' တွင် ရေးသား တင်ပြထားကြသည်။ အပြည့်စုံဆုံးသော ရှေးခေတ် လူသား၏ ဦးခေါင်းခွံတစ်ခုဖြစ်ကြောင်း Tbilisi တီဘီလစ်စီမြို့ရှိ Georgion Na-tional Museum ဂျော်ဂျီယာ အမျိုးသားပြတိုက်မှ သုတေသန ပြုမှုခေါင်းဆောင် စာရေးဆရာ ဒေးဗစ်လော့ကီပန်နစ်ဇီ (David Lordkipanidze) ဆိုသူက ပြောကြားခဲ့သည်။

ဂျော်ဂျီယာနယ် ဒမန်နီစီမြို့ (Dmanisi, Georgia) ယခုကာလ တွေ့ရှိရသည့် လူတူလူသား (Ho-minid) သည် ခြေနှစ်ချောင်းဖြင့် ခပ်မတ်မတ် လမ်းလျှောက်နိုင်သော အဆင့်မြင့်နို့တိုက် ရှေးခေတ် လူသားဖြစ်ပေ သည်။ အဆိုပါဒေသ မှာပင် သူတို့အသုံးပြုခဲ့ဟန်တူသည့် ကျောက်လက်နက် ကိရိယာများ၊ တိရစ္ဆာန်အ ရိုးများကို လည်း တွေ့ရှိခဲ့ရသည်။ ဒမန်နီစီလူတူ လူသားများ၏ နမူနာများသည် ယခုကာလ လူသားများကို မျိုးစုံမျိုး ကွဲ ထွေပြားစွာ တွေ့ရှိရမှုများနှင့် နှိုင်းယှဉ် ကြည့်နိုင်၍ သူတို့အားလုံးသည် တစ်မျိုးနွယ်ထဲမှ ဆင်းသက်လာ ခဲ့ကြဟန်တူသည်ဟု အကြံပြုပေးနေကြောင်း လော့ကီပန်နီဇီက ပြောကြားခဲ့သည်။ အကယ်၍သာ ဤလူဦးခေါင်း ခွံနှင့် မေးရိုးငါးခု စလုံးကို နေရာကွဲပြားစွာ တွေ့ရှိခဲ့ရလျှင် လူများက ၎င်းတို့သည် မျိုးစိတ်သီးခြားစီ ဖြစ်ကြမည်ဟု ယူဆကြမည်ဖြစ်ကြောင်း ၎င်းက ထပ်မံရှင်းပြသည်။ ယခုပိုမို၍ အငြင်းပွားဖွယ်ရာ ဖြစ်လာခဲ့ရပါပြီ။

 လော့ကီ ပန်နီဇီနှင့် လုပ်ဖော်ကိုင်ဖက်များ၏ ယူဆချက်များအရ အာဖရိကနှင့် အာရှတိုက်များမှ နမူနာများ တွေ့ရှိခဲ့ သည့်အတိုင်း ခြေနှစ်ချောင်းပေါ် ခပ်မတ်မတ်ရပ်၍ သွားလာနိုင်သော ရှေးခေတ် လူသားမျိုးနွယ်များမှ တစ်မျိုးစုတည်း ဆင့်ကဲပြောင်း လဲလာခြင်း ဖြစ်ကြောင်း ကောက် ချက် ဆွဲယူခဲ့ ကြသည်။ အင်ဒိုနီးရှားနိုင်ငံ ဂျာဗားမှ ရှေးခေတ်လူသားနှင့် ဂျော်ဂျီယာမှ အသစ်တွေ့ရှိရသည့် ရှေးခေတ် လူသား၏ ဦးခေါင်းခွံတို့ အကြား ဆင်တူမှုများ ရှိနေကြပေ သည်။ ''Skull 5'' ''အမှတ်-၅'' ဦးခေါင်းခွံကို ၂ဝဝ၅ ခုနှစ်က တွေ့ရှိခဲ့ရသည်။ ၁၉၉၁ ခုနှစ်တွင် လူ တူလူသား၏ ဦးခေါင်းခွံကို ဒမန် နီစီတွင် တွေ့ရှိခဲ့ရသည်။ ဒမန်နီစီမှ လူသားစားသူများနှင့် လူတူလူ သားများသည် တိရစ္ဆာန်အသေ ကောင်များ အပေါ် သူရလို ကိုယ်ရ လိုအငြင်းပွား၍ တိုက်ခိုက်နေကြ လိမ့်မည်ဟု သုတေသနပညာရှင်များက ယုံကြည်နေကြပေ သည်။

 ကျောက်လက်နက် ကိရိယာများဖြင့် တိရစ္ဆာန်များကို သတ်ဖြတ်ခဲ့ ပုံရသည်။ တိရစ္ဆာန်များ၏ အရိုး များပေါ် တွင် ပြတ်ရှရာ များရှိနေ သောကြောင့် ဟု လော့ကီပန်နီဇီက ပြောကြားသည်။ NEANDE-RTHALS ဟုခေါ်သည့် ဥရောပတိုက်မှ ကျောက်လက်နက် အသုံးပြုသော ရှေးဦး လူသားများ ၏ နောက်ဆုံး ဆင်းသက်လာသူများ ဟုဆိုလျှင် ဖြစ်နိုင်ခြေ ရှိသော်ငြား လည်း အာဖရိကနှင့် အာရှတိုက်များမှ ခပ်မတ်မတ် လျှောက် လှမ်း သူများနှင့် အတူတူဖြစ်သည်ဟု အဆိုရှိသည်ကို လက်မခံနိုင်ဖွယ်ရာ ဖြစ်သည်။

မြ၀တီ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်