Sunday, February 09, 2014

အော်ပရေတာများ၏ ဈေးကွက်ယှဉ်ပြိုင်မှုအရဖုန်းပြောဆိုခများ ကိုဈေးနှုန်းလျော့ချမည်

Posted by drmyochit Sunday, February 09, 2014, under | No comments


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် လက်ရှိကာလတွင် မြန်မာ့ စီးပွားရေးကော်ပိုရေးရှင်း(MEC TEL) အပြင် နိုင်ငံတကာဖြင့် မိုဘိုင်းလ်ကွန်ရက်ချိတ်ဆက်အသုံးပြုနိုင်ရန် ပြင်သစ်နိုင်ငံအခြေစိုက် Orange ဆက်သွယ်ရေးကုမ္ပဏီတို့နှင့် အကျိုးတူပူးပေါင်းဆောင်ရွက် လျက်ရှိသည်။

ထို့အပြင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် (၂)နှစ်တာ ကာလအတွင်း ကိုယ်ပိုင်ဘတ်ဂျက်နှင့် ရပ်တည်နိုင်ရန်နှင့် ဆက်သွယ် ရေးဝန်ဆောင်မှုများကို ပေးအပ်သွားနိုင်ရန်စီစဉ်ထားရှိ သည်။ ““အခုလောလောဆယ်တော့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအ နေနဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်သွားမယ် Partner တွေကိုညှိနှိုင်း ဖိတ်ခေါ်နေဆဲပါ။

 ပွင့်လင်းမြင်သာမှုရှိတဲ့ လုပ်ငန်းပုံစံနဲ့ ဆက်သွယ်ရေး ၀န်ဆောင်မှုလုပ်ငန်းများကို ပြည်သူတွေစိတ်ကြိုက်ပေးနိုင်ဖို့အတွက် မိုဘိုင်းလ်အော်ပရေတာ(၄)ခုစလုံးက ဆောင်ရွက်သွားမှာပါ။ နောက်ပြီး တော့ဈေးကွက်ယှဉ်ပြိုင်မှုတွေအရ မိုဘိုင်းလ်ဖုန်းဝန်ဆောင်ခနှုန်းထား များကျဆင်းနိုင်ပါတယ်။ ဒါပေမယ့် ကျန်တဲ့ မိုဘိုင်းလ်အော်ပရေတာ တွေ ထိခိုက်နိုင်တဲ့ဈေးအထိ ဈေးနှုန်းလျော့ချလို့တော့မရပါဘူး။ အဲ့ဒီ အတွက်မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဦးစီးဆောင်ရွက်သွားမှာပါ။

သင့်တော်တဲ့ မိုဘိုင်းလ်ဝန်ဆောင်မှု ဈေးနှုန်းပဲဖြစ်ပါလိမ့်မယ် ”” ဟု မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

လက်ရှိကာလတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် တန် ဖိုးနည်းမိုဘိုင်းလ်ဖုန်း SimCard များအပါအ၀င် မိုဘိုင်းလ်ဖုန်း SimCard စုစုပေါင်း(၃.၅၄)သန်းကို မြန်မာ့တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရောင်းချပေးပြီးဖြစ်သည်။ ထို့အပြင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ငှားရမ်းသုံးစွဲခွင့်ပြုထားသော မိုဘိုင်းလ် SimCard များကို နိုင်ငံတကာ တွင် အသုံးပြုနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်သည်။ လက်ရှိတွင် မြန်မာ့ဆက်သွယ် ရေးကCorporation အဖြစ် စတင်ပြောင်းလဲ သွားရန်စီစဉ်ထားရှိသည်။

အောင်ရဲကျော်
Ref:Myanmar Digital Life Journal

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်