Sunday, February 09, 2014

ကြိုးပေး၍ အဆုံးစီရင်မှု များပြားလာသော အီရန်

Posted by drmyochit Sunday, February 09, 2014, under | No comments


ကုလသမဂ္ဂ၏ အီရန်နိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် အာမက်ရှာဟီးဒ်နှင့် ခရစ္စတော့ဟေး တို့သည် အကျဉ်းနည်းဖြင့် စစ်ဆေး၍ ကြိုးပေးအဆုံး စီရင်ခြင်းပြစ် ဒဏ်ပေးခြင်းများ

၂ဝ၁၄ ခုနှစ် အစကတည်းက အီရန်နိုင်ငံအတွင်း အထူးများပြားလာခြင်းကို ချက်ချင်း ရပ်တန့်ရန် အီရန်အစိုးရအား တောင်းဆိုလိုက်သည်။ ကျွန်တော်တို့ အရမ်းကို အံ့အားသင့်မိပါတယ်။ အာဏာပိုင်တွေ အနေနဲ့သေဒဏ်အပြစ် ပေးခြင်းများကို ဆက်လက် ကျင့်သုံးနေတာကို တရားဝင် ဆိုင်းငံ့ထားဖို့ အကြိမ်ကြိမ် တောင်းဆိုထားတဲ့ကြားက အာဏာပိုင်တွေက အခုလိုတိုးပြီး လုပ်နေတာဟာ အလွန်ရက်စက်တဲ့ လူမဆန်၊ လူစိတ်ကင်းမဲ့တဲ့ ၊ လူ့သိက္ခာကို လျှော့ချတဲ့လုပ်ရပ်ပါပဲ။ ထိုသို့သော သေဒဏ်အပြစ် ပေးခြင်းကို အဓိကပြောဆိုနေပေသည်။ ဇန်နဝါရီလ ပထမနှစ် ပတ်အတွင်း လူပေါင်း ၄ဝကြိုးပေး သေဒဏ်ချခဲ့ကြောင်း သတင်းပို့ခဲ့ရာ ပြီးခဲ့သည့် တစ်ပတ်တည်းမှာပင် ၃၃ ဦးကို ကြိုးပေးခဲ့သည်။ အနည်းဆုံး အမျိုးသမီး၂၈ ဦးပါ၍ နိုင်ငံရေး အကျဉ်းသား တချို့လည်း ပါသည်။ ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ်တွင် စုစုပေါင်း ၆၂၅ ဦးကို သေဒဏ်အပြစ်ပေး ကွပ်မျက်ခဲ့သည် ဆို၏။

ဤသေဒဏ် အပြစ်ပေးခံရသူ အများစုမှာ မူးယစ်ဆေးဝါးနှင့် ပတ်သက်သော ပြစ်မှုကျူးလွန်ခြင်းများ ဖြစ်၍ တချို့မှာ မိုယာရာဘေး ရာဇဝတ်မှုဖြစ်သော ဘုရားသခင် အားရန်ပြုမှု သို့မဟုတ် အမျိုးသား လုံခြုံရေး ထိခိုက်သော ကျူးလွန်မှုများ ဖြစ်သည်ဟုသိရ၏။

အစိုးရက အကြီးအကျယ် စိုးရိမ်နေသည်မှာ နိုင်ငံတကာ ဥပဒေက သေဒဏ်စီရင်ရန် လိုအပ်ချက်ဖြစ်သော အရေးကြီးဆုံး ရာဇဝတ်မှုများ အတွက် သတ်မှတ်ထားသည့် အချက်များနှင့် ကိုက်ညီခြင်း မရှိပေ။ ထို့အပြင် အမှုကို တရားစစ်ဆေး စီရင်ရာတွင် ထူးခြားသော တရားစီရင်ရေး လုပ်ထုံးလုပ်နည်းများ၊ အကျဉ်းနည်းနှင့် စစ်ဆေးစီရင်ခြင်းများ သို့မဟုတ် မိမိစိတ်ထင်ရာ ကွပ်မျက်ခြင်းများသည် တရားခံ၏ ရပိုင်ခွင့် အခွင့်အရေးများ မပေးဘဲ စစ်ဆေးစီရင် ကွပ်မျက်ခြင်းများကို စိုးရိမ်နေခြင်း ဖြစ်သည်။ သေဒဏ်အပြစ် ပေးခြင်းသည် ယင်းဥပဒေကို မဖျက်သိမ်း ရသေးသော နိုင်ငံများတွင် ပြုလုပ်ကြခြင်း ဖြစ်ရာ ထပ်မံ၍တစ်ကြိမ် တောင်းဆိုလိုက်ပါသည်။ အပြည်ပြည်ဆိုင်ရာ ဥပဒေအရ တရားစီရင်ရေးကို လေးစားလိုက်နာမှု အဆင့်မြင့်ဆုံးအထိ အဆင့် ဆင်ြ့ပုလုပ်ပြီးမှသာ မဖြစ်မနေ သေဒဏ်ပေးရမည်ဆိုပါက သေဒဏ်ပေးရန် စဉ်းစားရပါမည်။ ယခုအခါ အပြည်ပြည်ဆိုင်ရာ လူသတ်မှု ကျူးလွန်ခြင်းအတွက် အရေးကြီးဆုံး ရာဇဝတ်မှုအဖြစ် မဖြစ်မနေ လိုအပ်မှသာလျှင် ကျင့်သုံးရမည့် သဘောဖြစ်ကြောင်း မစ္စတာဟေးက ပြောသည်။

လူတို့၏ လွတ်လပ်စွာ စုဝေးခွင့်၊အသင်းဖွဲ့ခွင့်၊ တစ်ကမ္ဘာလုံးက လူ့အခွင့်အရေးဆိုင်ရာ အခြေခံမူများနှင့် စံညွှန်းအဖြစ် လက်ခံထားသော အရာများကို ချိုးဖောက်လျက် လူနည်းစုအဖွဲ့များတွင် ပူးပေါင်းပါဝင်သည်ဆိုပြီး လူတစ်ဦးချင်း သေဒဏ်အပြစ် ပေးနေခြင်းကို မစ္စတာရှာဟီးဒ်က ပြောသည်။ လွတ်လပ်သော တစ်သီးပုဂ္ဂလ လူ့အခွင့်အရေး ကျွမ်းကျင်သူက အစိုးရသည် ၂ဝ၁၃ ခုနှစ် အောက်တိုဘာ၂၆ တွင် ဘာလော့ခ်ျ မျိုးနွယ်စုဝင် ၁၆ ဦးကို ထိုနေ့မတိုင်မီက နယ်ခြားစောင့် ၁၄ ဦးကို သတ်ဖြတ်မှုအား လက်စားချေသည့် အနေဖြင့် ကြိုးပေးစီရင်ခဲ့သည်ဟု မှတ်တမ်းပြု ထားသည် ဆို၏။ တခြားပြစ်မှုများအတွက် လက်စားချေသည့် ပုံစံမျိုးဖြင့် လူတစ်ဦးချင်းကို သေဒဏ်အပြစ် ပေးခြင်းသည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ဥပဒေအရ တရားမ ဝင်သော လုပ်ရပ်ဖြစ်သည် ဆိုသည်မှာ မေးစရာ မလိုသော ကိစ္စဖြစ်သည်ဟု ကျွမ်းကျင်သူက ပြောသည်။ အီရန်အစိုးရသည် လူတိုင်း၏ အသက်ရှင်ခွင့် အခွင့်အရေးကို လေးစား လိုက်နာရန် ဥပဒေအ ရ ဖြစ်စေ တာဝန်ရှိသည်။ ဤသည်မှာ လူ့အခွင့်အရေး အားလုံးထဲတွင် အခြေခံအကျဆုံး လူ့အခွင့်အရေးကြီး ဖြစ်သည်ဟုဆို၏။ ကျွမ်းကျင်သူများ၏ အသနားခံချက်ကို ကုလသမဂ္ဂ အထူး ကိုယ်စားလှယ်က ညှဉ်းပန်းနှိပ်စက်မှုနှင့် တခြားရက်စက်မှုများ၊ လူမဆန်၊ လူစိတ်ကင်းမဲ့သော သိက္ခာချဆက်ဆံမှု၊ အပြစ်ပေးမှုဆိုင်ရာ အထူးကိုယ်စားလှယ် ဂျူအန်အီးမင်ဒေ့ဇ် က ဖော်ပြ ထားသည်။ ပြင်သစ်မြို့ တော်ဝန်များသည် အီရန်အမျိုးသား တော်လှန်ရေး ကောင်စီဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံထားရသူ မစ္စစ်မာရမ် ရာဂျာဗီအား ထောက်ခံကြပြီး အီရန်တွင် သေ ဒဏ်ပေးနေခြင်းကို အီရန်အစိုးရက ဟန့်တားရန် နိုင်ငံတကာ အသိုင်းအဝိုင်းက ဖိအားပေးရေး အတွက်နှင့် အီရန်ရှိကမ့် လစ်ဘာတီ စခန်းတွင် နေထိုင်ကြသူများကို ကာကွယ် စောင့်ရှောက်ရန် ချက်ချင်းအရေးယူ ဆောင်ရွက်ရန် ဖိအားပေးရေးကို ထောက်ခံကြသည်။ မြို့တော်ဝန်များက ကြေညာချက်တစ်စောင် ထုတ်ပြန်ရန် မစ္စစ်မာရမ် ရာဂျာဗီထံသို့ ပေးအပ် ခဲ့ရာ အီရန်တွင် ယခင်က သဘောထား ပျော့ပျောင်းသော သမ္မတ ဟက်ဆန်ရူယာနီ ရွေးကောက်ပွဲ ကတည်းက လူ့အခွင့်အရေး ချိုးဖောက်မှုများ အလွန်မြင့်မားလာမှုကို မှတ်သားမိသည်ဆို၏။ အီရန်ဒေသအတွင်း စစ်လိုလားမှုနှင့် လျှို့ဝှက် နျူကလီးယား ပရိုဂရမ်တို့ကြောင့် ပြင်သစ်က အဓိက စိုးရိမ်နေရသည်။ စက်တင်ဘာ ၁ ရက်က ကမ့်အာရှရတ်ကို အီရတ် တပ်ဖွဲ့က တိုက်ခိုက်မှုအား ပြစ်တင်ရှုတ်ချသည်။ ဤကိစ္စကို အနောက်က အရေးမယူဘဲ တိတ်တိတ်နေခြင်းသည် နောက်ထပ်ရက်စက် ကြမ်းကြုတ်မှုများကို လမ်းခင်း ပေးသလို ဖြစ်နေသည် ဆို၏။ မြို့တော်ဝန်များက ပြင်သစ်အစိုးရ၊ ဥရောပ သမဂ္ဂနှင့် အမေရိကန် ပြည်ထောင်စုတို့အား အီရန်တွင် ရက်စက်စွာ သေဒဏ်အပြစ် ပေးနေခြင်းများကို ရပ်တန့်စေရန်ချက်ချင်း အရေးယူ ဆောင် ရွက်ပေးရန် တောင်းဆိုလိုက်ပြီး ဓားစာခံ ဖမ်းဆီးသွားသော အာရှရတ်မှ ခုနစ်ဦးကို စေလွှတ်ပေးရန်နှင့် ကမ့်လစ်ဘာတီမှ အီရန်အတိုက်အခံ အဖွဲ့ဝင် ၃ဝဝဝ ကို ကာကွယ်စောင့်ရှောက်မှု ပေးရန်နှင့် ကမ့်လစ်ဘာတီမှ အာရှရတ် လူများစွာ သတ်မှုကြီးကို စုံစမ်းစစ်ဆေးရေးအတွက် ပေးရန်တောင်းဆို လိုက်သည်။

ညီလာခံတွင် မစ္စစ်ရာဂျာဗီက နျူကလီးယား ညှိနှိုင်းဆွေးနွေးခြင်းကို အလျှော့ပေး ရပ်တည်ခြင်း ပြုလုပ်ရန်နှင့် ဂျီနီဗာ သဘောတူညီချက်ကို အကောင်အထည် ဖော်ရာမှာလည်း တီဟီရန်မှ ဘာသာရေး ခေါင်းဆောင် မူလာတွေကို နျူကလီးယားများအား ရာသက်ပန် ပိတ်သိမ်းပစ်ရန်၊ ဖိအားပေးရန် တောင်းဆိုလိုက်သည်။ အနောက်အနေဖြင့် လွတ်လပ်ခွင့်၊ လူ့အခွင့် အရေးနှင့် နျူကလီယားများ ညှိနှိုင်း ဆွေးနွေးမှုများအရ အီရန်တို့၏ ဆန့်ကျင်မှုတို့ကို လျစ်လျူရှုမထားရန် ပြောကြားလိုက်သည်။ ထို့အပြင် အီရန်တွင် ဘာသာရေးအရ နိုင်လိုမင်း ထက် ပြုမှုနှင့် အတူ ၎င်းတို့၏ ဆက်ဆံရေးအတွက် ခံစားနေရသော အီရန်လူမျိုး တို့ကိုလည်း ဤအတိုင်း ပစ်မထားပါရန် စက်တင်ဘာ ၁ ရက်က ကမ့်အာရှရတ် တွင် နေထိုင်သူများက အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု၊ ကမ့်လစ်ဘာတီကို ဒုံးကျည်ဖြင့် ပစ်ခတ်မှုများသည် အီရန်က အကြမ်းဖက် နည်းဗျူဟာများ ကျင့်သုံးနေကြောင်းနှင့် ထင်ရှားသော သက်သေများ ဖြစ်ကြောင်းနှင့် ကမ့်လစ်ဘာတီ တွင် နေထိုင်ကြသူများအား ၎င်းးတို့ကို လွှဲပြောင်း မပေးရမချင်း နိုင်ငံတကာ စောင့်ရှောက်မှု အောက်တွင် ထားရှိရန်နှင့် စက်တင်ဘာ ၁ ရက် လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှုအတွက် လွတ်လပ်သော စုံစမ်း စစ်ဆေးရေး လုပ်ရန်ဖြစ်သည်။ သို့ဖြစ်၍ အီရန်တွင် ယခု ၂ဝ၁၄ လဆန်းပိုင်းတွင် ပြစ်မှု ကျူးလွန်သူများ ကို သေဒဏ်အပြစ်ပေးခြင်း အကြိမ်များတိုး၍သာ လာနေခြင်းနှင့် အီရန်အစိုးရ၏ ရက်စက်ကြမ်းကြုတ်မှုများကို အပြည်ပြည်ဆိုင်ရာနှင့် ကုလသမဂ္ဂ၏ စံနှုန်းများကို လိုက်နာဆောင်ရွက်ရေး၊ တစ်ကမ္ဘာလုံးရှိ လူ့အဖွဲ့အစည်းတိုင်းက လက်ခံထားသော လူတိုင်းလူတိုင်း၏ အခြေခံအကျဆုံး လူ့အခွင့်အရေးကြီး ဖြစ်သည့် လူတိုင်းအသက်ရှင်ခွင့်ကို အလေး ထားလေးစား လိုက်နာရေးတို့ကို အနောက်နှင့် ဥရောပ သမဂ္ဂ နိုင်ငံများက စိုးရိမ်တကြီး တောင်းဆိုနေခြင်းကို သူ့နိုင်ငံသူ့ ဥပဒေအရ သူလုပ်ချင်ရာ လုပ်နေသည်မှာ မိမိတို့နှင့်မဆိုင် သူတပါး၏ ပြည်တွင်းရေးကို ဝင်မစွက်ဖက်သင့်ဟူသော မူနှင့်နေမည်လား၊ အီရန်သည်လည်း နိုင်ငံတကာ အသိုင်းအဝိုင်း အဖွဲ့အစည်းဝင် နိုင်ငံဖြစ်၍ အပြည်ပြည်ဆိုင်ရာက ကျင့်သုံးနေသော စံနှုန်းများအရ လိုက်နာမည်ဟု ဖိအားပေးလိုက်နာ ကျင့်သုံးစေမည်လား စာရှုသူတို့ စဉ်းစားကြည့်နိုင်ပါရန် ရေးသားလိုက်ရပါသည်။

မြ၀တီ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်