Saturday, February 15, 2014

လူ့အခွင့်အရေးဆရာကြီး ကင်တိန်းနားမှ သူ့အား ဆန္ဒပြသူများကို ဖမ်းဆီးရန်တောင်းဆို

Posted by drmyochit Saturday, February 15, 2014, under | No comments


မနေ့က (၁၄-၂-၁၄) ကင်တိန်းနား ရခိုင်သို့လာရောက်သည်ကို ရခိုင်ပြည်သူများက ကင်တိန်းနား GET OUT ဟုဆန္ဒထုတ်ဖေါ်ကြသည်ကို ကင်တိန်းနားက တွေ့မြင်သည့်အတွက် တာဝန်ရှိသူများအား “ငါ့ကိုကန့်ကွက်ဆန္ဒ ထုတ်ဖေါ်နေကြသည်ကို မည်သည့်အတွက်ကြောင့် မဟန့်တား၊မဖမ်းဆီး ကြသနည်း” မေးမြန်းသည်ဟု သိရှိရပါသည်။

တာဝန်ရှိသူများမှ ဖြေကြားလိုက်သည်မှာ ခင်ဗျားတို့ လူအခွင့်အရေးကိုယ်စားလှယ် တစ်ယောက်အနေဖြင့် ယခုကဲ့သို့ မိမိဆန္ဒကို လွတ်လပ်စွာထုတ်ဖေါ်နေကြသူများအား ပိုပြီးလေးစားလက်ခံရမည်ဖြစ်ပါကြောင်း၊ ယခုလည်း သူတို့၏ဆန္ဒကို ငြိမ်းချမ်းလွတ်လပ်စွာ ထုတ် ဖေါ်နေကြခြင်းဖြစ်သည့်အတွက် ကျွန်တော်တို့အနေဖြင့် လူ့အခွင့်အရေးကို လေးစားသောအားဖြင့် ဖမ်းဆီးနေစရာလိုမည်မထင်ပါကြောင်း၊ လူကြီးမင်း၏ အသက်ဘေးအန္တရယ်အတွက် မိမိတို့က လုံခြုံရေးအပြည့်အ၀ဖြင့် စောင့်ရှောက်ပေးရမည်မှာ မိမိတို့တာဝန်သာ ဖြစ်ကြောင်း
၊ ပြန်လည်ပြောဆိုလိုက်သည့်အတွက် ထိုအကြောင်းအရာအား ဆက်လက် မပြောဆိုတော့ကြောင်း” ဟု အမည်မဖေါ်လိုသော တာဝန်ရှိသူ တစ်ဦးပြောပြ၍သိရှိရပါသည်။

Aung Mra Kyaw
ပုဂံအွန်လိုင်းမီဒီယာ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်