Saturday, February 15, 2014

ပဋိဇိဝဆေးဝါးများနှင့် နွားနို့အန္တရာယ် (ကျန်းမာရေးအတွက် မည်သူမဆိုမျှဝေယူပါ)

Posted by drmyochit Saturday, February 15, 2014, under | No comments


- ဆေးဝါးများကို နွားနို့နှင့်တွဲဖက် မသောက်သင့်ပေ။

- ရောဂါတစ်ခုခုအတွက် ခံတွင်းမှ မျိုချသောက်သုံးလိုက်သော သောက်ဆေးများကို အစာအိမ်မှ အက်စစ်ဓာတ်ပြု၍ အစာခြေဖျက်ပေးပြီး သက်ဆိုင်ရာ ရောဂါထံသို့ သွေးစီးကြောင်းများမှတစ်ဆင့် အနာနှင့်ဆေး တွေ့စေ၍ဝေဒနာသက်သာ လာစေပါသည်။

- နွားနို့တစ်မျိုးတည်းသာ သောက်ပါက နို့ထဲတွင်ပါရှိသော ကယ်လ်စီယမ်နှင့် အဟာရဓာတ်တို့ကို အစာအိမ် ဓာတ်ပြု၍ ခွန်အားဖြစ်စေသည်မှာ မှန်သော်လည်း အကယ်၍ တက်ထွာဆိုက္ကလင်း ( tetracycline ) အပါအ၀င် ၎င်းနှင့် အာနိသင်တူသော ပဋိဇိဝဆေးဝါးများကို နွားနို့ဖြင့် ရောသောက်မိပါက နို့ထဲတွင်ပါရှိသော ကယ်လ်စီယမ်ဓာတ်သည် ဟန့်တားစေသော အစွမ်းရှိသဖြင့် ဆေးမတိုးစေနိုင်တော့ပေ။

- ထို့အတူ ကော်ဖီ၊ လက်ဖက်ရည်နှင့် အချိုရည်တို့တွင်ပါရှိသော ကဖိန်းဓာတ်များကလည်း ခန္ဓာကိုယ်မှ ဆေးဝါးကို စုပ်ယူနိုင်မှု နှောင့်နှေးစေသည်။

- ဆေးဝါးအတွက် သောက်ရေတစ်မျိုးတည်းဖြင့် သောက်သုံးခြင်းသည်သာ အမှန်ကန်ဆုံးဖြစ်ပြီး အစာမစားခင် ( သို့မဟုတ် ) စားပြီး နောက်ပိုင်း ဆေးဝါးသောက်သုံးခြင်းက အကောင်းဆုံးဖြစ်ပါကြောင်း အိန္ဒိယ မှ Dr.Sharib Azmi မှ Daily Health Tips တွင် အကြံပြုထားပါသည်။

တင်ထက်ထက်ဇော် (ကြေးမုံ)
Credit To :ပေါက်ခေါင်းသတင်း

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်