Saturday, February 15, 2014

ဦးခေါင်းဖြတ် အသတ်ခံရသည့် အမျိုးသမီးအမှုမှ ပြစ်မှုကျူးလွန်သူအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ဖော်ထုတ် ဖမ်းဆီး ရမိ

Posted by drmyochit Saturday, February 15, 2014, under | No comments


နေပြည်တော် ၊ ၁၅-၂-၂၀၁၄

လွန်ခဲ့သည့် တစ်နှစ်ခန့် က ပဲခူးတိုင်း ဒေသကြီး ဖြူးမြို့နယ် ရန်ကုန် - မန္တလေး ကားလမ်းဘေး ၌ ဦးခေါင်းဖြတ် အသတ်ခံ ရသည့် အမျိုးသမီး အမှုမှ ပြစ်မှု ကျူးလွန်သူအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ အဆင့်ဆင့် စစ်ဆေး ဖော်ထုတ်ခဲ့ မှုကြောင့် ဖမ်းဆီး ရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သတင်း ထုတ်ပြန်ချက် အရ သိရသည်။

၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက် နံနက်ပိုင်း က ဖြူးမြို့နယ် သပြေလှ ကျေးရွာအနီး ရန်ကုန် - မန္တလေး ကားလမ်း မိုင်တိုင်အမှတ် (၁၃၉/၁-၂) အကြား၊ တံတားအမှတ် (၁၄ဝ/၁) ဇဟားချောင်း တံတား အနောက်ဘက် ချောင်းဘေးတွင် သွေးစွန်း နေသော ပီနံအိတ် အထုပ်တစ်ထုပ် အား တွေ့ရှိ သဖြင့် ဖြူးမြို့နယ် ရဲစခန်းမှ တပ်ဖွဲ့ဝင်များ သွားရောက် စစ်ဆေးရာ ဦးခေါင်းမပါ ကိုယ်လုံးတီး အမျိုးသမီးအား ခြေလက်များ ကြိုးတုပ်လျက် တွေ့ရှိသဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက် ခဲ့ခြင်း ဖြစ်သည်။

သေဆုံးသူမှာ ကျောက်တံခါး မြို့နယ် တောကျွဲအင်းမြို့ အောင်ဇေယျ ရပ်ကွက်နေ မသန်းထွေး (၄၁)နှစ် ဖြစ်ကြောင်း သိရှိရပြီး ငွေတိုး ပေးသည့် လုပ်ငန်း လုပ်ကိုင်သူ ဦးတင်စိုး နှင့် လူမှုရေးအရ ငြိစွန်း ခဲ့ရာမှ ၄င်းက သတ်ဖြတ် ခဲ့ခြင်း ဖြစ်ကြောင်း စုံစမ်း ဖော်ထုတ် သိရှိရသဖြင့် ဦးတင်စိုး (၅၉) နှစ် အား အမှုဖွင့် ဖမ်းဆီး ထားကြောင်း သိရသည်။

စုံစမ်း စစ်ဆေးချက်များ အရ ၂ဝ၁၂ ခုနှစ် မေလ ခန့်တွင် မသန်းထွေး သည် ဘားအံမြို့မှ ပြန်လာစဉ် ငွေကျပ် သိန်း ၃ဝ ခန့်နှင့် ရွှေထည် ပစ္စည်း ပါလာကြောင်း၊ ထို့နောက် ခင်မင် ရင်းနှီးသူ တောကျွဲအင်းမြို့ နေ ဦးတင်စိုး နှင့် ဇနီးတို့ နေအိမ်တွင် လိုက်ပါ နေထိုင်ပြီး ပါလာသော ငွေများ အတိုးပွား ရရှိရန် ဦးတင်စိုး ထံတွင် အတိုးပေး ခဲ့ကြောင်း၊ ထိုနောက်ပိုင်း တွင် ဦးတင်စိုး နှင့် မသန်းထွေး တို့ ငြိစွန်း ခဲ့ကြောင်း၊ ဇနီးဖြစ်သူ ရန်ကုန်မြို့သို့ သွားရောက် နေသဖြင့် ဦးတင်စိုး တစ်ဦးတည်း နေအိမ်တွင် ရှိနေစဉ် ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက် ည ၉ နာရီခွဲခန့် တွင် မသန်းထွေး ရောက်ရှိ လာပြီး ထိုညက အတူအိပ်စက် ခဲ့ကြောင်း၊ နောက်နေ့တွင် မသန်းထွေး က နှစ်လုံးထီ ရှုံးထားသဖြင့် ထပ်မံ ကစားရန် ငွေသုံးသိန်း တောင်းခံရာမှ စကားများ ရန်ဖြစ်ပြီး ဦးတင်စိုး က ဓားဦးချွန်ဖြင့် မသန်းထွေး ၏ လည်ပင်းအား ခုတ်ခဲ့ကြောင်း၊ ထို့နောက် လည်ပင်းအား လှီးဖြတ်ခဲ့ပြီး အထုပ်များ ဖြင့်ခွဲထုတ်၍ ည ၇ နာရီခန့်တွင် ဆိုင်ကယ်ဖြင့် တင်ဆောင်ကာ ရန်ကုန် - မန္တလေး လမ်းဘေးတွင် သွားရောက် စွန့်ပစ်ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ထုတ် ရရှိခဲ့သည်။

မသန်းထွေး၏ ကိုယ်လုံး ထည့်ထားသည့် အထုပ်အား ဆိုင်ကယ်ပေါ် မှ တွန်းချစဉ် အရှိန်ဖြင့် ဆိုင်ကယ် လဲကျသွား ခဲ့ကြောင်း၊ ထိုသို့ လဲကျစဉ် ကတ္ထီပါ ဖိနပ် ဝဲဘက် တစ်ဖက်၊ ဆိုင်ကယ် ဝဲဘက် နောက်ကြည့်မှန်၊ ဆိုင်ကယ် ရှေ့ခြင်းထဲမှ ရေသန့်တစ်ဘူး၊ ဓာတ်မီး တစ်လက်၊ မျှော့ကြိုး တစ်ချောင်းတို့ ကျကျန် ခဲ့သဖြင့် အဆိုပါ သဲလွန်စ များမှတစ်ဆင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ အဆင့်ဆင့် ဖော်ထုတ်မှု ကြောင့် ယခုကဲ့သို့ ပြစ်မှု ကျူးလွန် သူအား ဖမ်းဆီးရမိ ခဲ့ခြင်း ဖြစ်ကြောင်း အစီရင်ခံစာ အရ သိရှိရသည်။

ပြည်ချစ်သား

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်