Tuesday, February 04, 2014

ဘင်္ဂလီအမတ် ဦးရွှေမောင်အား သမ္မတ ဦးသိန်းစိန် အရေးယူရန် ဆောင်ရွက်ပြီ

Posted by drmyochit Tuesday, February 04, 2014, under | No comments


ရန်ကုန်၊ ဖေဖော်ဝါရီလ ၎

ဒူချီရာတန်းကျေးရွာ မီးရှို့မှုတွင် သတင်းဌာနများသို့ မဟုတ်မမှန် သတင်းများ ဖြန့်ချိပြောကြားခဲ့သော ဘင်္ဂလီအမတ် ဦးရွှေမောင်အား အရေးယူ ရန် သမ္မတ ဦးသိန်းစိန်က သ၀ဏ်လွှာ ပေးပို့ခဲ့ကြောင်း၊ အဆိုပါ သ၀ဏ်လွှာ အရ ဦးရွှေမောင် အရေးယူတော့မည် ဖြစ်ကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ဦးရွှေမောင်အား ပြည်သူ့လွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်းက ခေါ်ယူ၍ ၄င်းအား အရေးယူရန် သမ္မတဦးသိန်းစိန်က သ၀ဏ်လွှာ ပေးပို့ခဲ့ကြောင်း အသိပေးပြောကြားခဲ့ကြောင်း၊ ဥပဒေနှင့် အညီ ဦးရွှေမောင်အား စုံစမ်းစစ်ဆေးရန် လွှတ်တော်ဥက္ကဌ၏ ခွင့်ပြုချက် တောင်းခံလာ ခဲ့ကြောင်း၊ပြည်ထဲရေး ၀န်ကြီးဌာနမှ ဦးရွှေမောင်အား စစ်မေးမည် ဖြစ်ပြီး နေပြည်တော်ရှိ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ ရုံးချုပ်တွင် စစ်မေးခြင်း ပြုလုပ်မည် ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း ဦးရွှေမောင်၏ လူမှုကွန် ယက်စာမျက်နှာတွင် ရေးသားဖော်ပြချက်အရ သိရှိရသည်။

သမ္မတဦးသိန်းစိန်၏ သ၀ဏ်လွှာတွင် DVB သတင်းဌာနနှင့် ပြုလုပ်ခဲ့သော မေးမြန်းခန်းတွင်
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် နိုင်ငံတော်ကို မဟုတ်မမှန် ပြောကြားထားကြောင်း ဖော်ပြပါရှိကြောင်း သိရှိရသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်ကို ယနေ့ ညနေ ၄ နာရီတွင် စစ်မေးခြင်းများ စတင် ပြုလုပ်မည် ဖြစ်ကြောင်း ဖော်ပြထားသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်