Tuesday, February 04, 2014

အစွန်းရောက်များကို ပြင်းထန်စွာ ပြစ်ဒဏ်ချမှတ်မည်ဟု ဆော်ဒီဘုရင် အမိန့်ထုတ်

Posted by drmyochit Tuesday, February 04, 2014, under | No comments

တော်ဝင်နန်းတော်က တနင်္လာနေ့တွင် ထုတ်ပြန်လိုက်သော အမိန့်အရ ဂျီဟတ်ဝါဒီ အစွန်းရောက် ဆော်ဒီနိုင်ငံသား တစ်ဦးသည် ထောင်ဒဏ်နှစ်(၃၀)ထိ ကျခံရမည့် ပြစ်ဒဏ်မျိုး ကြုံလာမည်ဖြစ်သည်။

ဆော်ဒီအာရေဗျ ဘုရင်မင်းမြတ် အက်ဘ်ဒူလာက မိမိတို့နိုင်ငံ အပြင်ဘက်တွင် အစ္စလာမ်မစ် အစွန်းရောက် ဂျီဟတ်ဝါဒီအတွက် ဝင်ရောက်လှုပ်ရှားနေသည့် မည်သည့်နိုင်ငံသားကိုမဆို ကြီးလေးသော ပြစ်ဒဏ်ချမှတ်ရန် အမိန့်တစ်ခုကို ထုတ်ပြန်လိုက်သည်။ တော်ဝင်နန်းတော်က တနင်္လာနေ့တွင် ထုတ်ပြန်လိုက်သော အမိန့်အရ ဂျီဟတ်ဝါဒီ အစွန်းရောက် ဆော်ဒီနိုင်ငံသား တစ်ဦးသည် ထောင်ဒဏ်နှစ်(၃၀)ထိ ကျခံရမည့် ပြစ်ဒဏ်မျိုး ကြုံလာမည်ဖြစ်သည်။

ဆော်ဒီတော်ဝင် တရားရုံးချုပ်က နိုင်ငံသားတိုင်း အစွန်းရောက် အကြမ်းဖက် လှုပ်ရှားမှုများတွင် မပါဝင်ရန် တားမြစ်ကြောင်းနှင့် အကယ်၍ ယင်းသတ်မှတ်ချက် စည်းမျဉ်းကို ဖောက်ဖျက် ကျူးလွန်ပါက ထောင်ဒဏ်(၅)နှစ်မှ နှစ်(၃၀)ကြားထိ ပြင်းပြင်းထန်ထန် ပြစ်ဒဏ်ချမှတ်ခြင်း ခံရမည်ဟု သတိပေး ကြေညာခဲ့သည်။ ဆော်ဒီမှ လက်နက်ကိုင်အချို့သည် ဆီးရီးယားအရေးတွင် သွားရောက်ပါဝင်နေကြောင်း အထောက်အထားများ တွေ့ရှိလာသည့်နောက် တော်ဝင်မိသားစုက ယင်းအမိန့်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ အရှေ့အလယ်ပိုင်း ဒေသ၏ ငြိမ်းချမ်းရေးကို နှောင့်ယှက်နေသော ဆီးရီးယား ပြည်တွင်းစစ်တွင် ဆော်ဒီလူငယ် ရာပေါင်းများစွာတို့ စိတ်အားထက်သန်စွာ ပါဝင်လာခြင်းကို တော်ဝင်မိသားစုက စိုးရိမ်နေသည်။

အထူးသဖြင့် ဆီးရီးယားမှ ပြန်လာသည့် လူငယ်များ အနေဖြင့် လက်နက်များပါ ယူဆောင်လာပြီး တော်ဝင်မိသားစုကို ဆန့်ကျင်လာမည့် အခြေအနေကို ဘုရင်မင်းမြတ် အနေဖြင့် မလိုလားနိုင်ချေ။ ဆော်ဒီတွင် ဩဇာကြီးမားသည့် ဘာသာရေးခေါင်းဆောင် အချို့၏ ဆော်ဩမှုဖြင့် လူငယ်အများအပြားသည် ဆွန်နီမွတ်ဆလင် အများစုဖြစ်သော ဆီးရီးယား သူပုန်များထံ ပူးပေါင်းပြီး ရှီးယိုက်မွတ်ဆလင်များ ထောက်ခံသည့် ဘာရှာအာဆက်ဒ် အစိုးရကို တိုက်ခိုက်နေကြောင်း သိရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်