Tuesday, February 04, 2014

သမီးလေးမွေးတဲ့ မိန်းမကို မကျေနပ်လို့ နို့တိုက်နေစဉ် သမီးရော အမေကိုပါ မီးရှို့သတ်ခဲ့တဲ့ ရက်စက်တဲ့ ယောင်္ကျား

Posted by drmyochit Tuesday, February 04, 2014, under | No comments

အသင်အောင်

အိန်္ဒိယနိုင်ငံ Jharkhand ပြည်နယ် မှာ အသက်(၂၂)နှစ် အရွယ်ရှိ ဒီဗီ ဟာ ဇနီးဖြစ်သူ သမီးလေး မွေးဖွား တာကို မကျေမနပ် ဖြစ်ပြီး ဇနီးဖြစ် သူနဲ့ ကလေး ကိုပါ မီးရှို့ သတ်ဖြတ် ပစ်ခဲ့ တယ်လို့ ဒေးလီးမေးလ် သတင်းတစ်ရပ် မှာ ဖော်ပြ ထား ပါတယ်။ ဒီဗီဟာ ဇနီးဖြစ် သူ ဂန်ဂျန်မာဆက် ကို ယူခဲ့ ရာမှာ တင်တောင်း မှုတွေ ပြုလုပ် ခဲ့ရပါတယ်။ ဒါပေမဲ့ ဇနီး ဖြစ်သူ ဟာ ကလေး မွေးဖွား တဲ့အခါ မိန်းကလေး ကိုသာ မွေးဖွားခဲ့ တာမို့ ဒီဗီ အနေနဲ့ မကျေ မနပ်ဖြစ်ပြီး မီးရှို့မှုပြုလုပ် ခဲ့ခြင်းဖြစ် ပါတယ်။

ဂန်ဂျန်မာဆက် ဟာ ကလေးငယ် ကို နို့တိုက် နေစဉ် အတော အတွင်း ဒီဗီက မီးရှို့ ခဲ့ခြင်း ဖြစ်ပါတယ်။ ဒီလို မီးရှို့မှုကြောင့် ဂန်ဂျန် မာဆက်နဲ့ ကလေးငယ် ဟာ (၉၀) ရာခိုင်နှုန်း မီးလောင် ကျွမ်းသွား ခဲ့ပြီး အနီးရှိ ဆေးရုံကို ပို့ဆောင် ကုသမှု ခံယူခဲ့ပေမယ့် နောက်တစ်နေ့ မှာ အသက် ဆုံးရှုံးသွားခဲ့ပါတယ်။ ဒီဗီရဲ့ အဖေ ဖြစ်သူက သူတို့ မိသားစုဟာ သားယောက်ျား ကိုသာ အလိုရှိခဲ့ခြင်း ဖြစ်ကြောင်း၊ ယခုလုပ် ရပ်အတွက် သားဖြစ်သူမှာ အပြစ် မရှိကြောင်း၊ ဂန်ဂျန်မာဆက် ကို လက်ထပ်တဲ့ အခါမှာ အိမ်၊ ခြံမြေနဲ့ မော်တော် ဆိုင် ကယ် တို့ကို တင် တောင်းမှုပြုလုပ် ခဲ့ရကြောင်း ပြောကြားသွား ခဲ့ပါတယ်။ ဒီအဖြစ် အပျက်ဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီ (၃၀)မှာ ဖြစ် ပေါ်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒီဗီဟာ ဒီဖြစ်ရပ် နဲ့ ပတ်သက်ပြီး ဖမ်းဆီး အရေးယူမှု ခံထား ရပြီ ဖြစ်ပါတယ်။

အိန်္ဒိယ နိုင်ငံက တာဝန်ရှိ ရဲတပ်ဖွဲ့ ၀င်တွေက ဒီဖြစ်ရပ် နဲ့ ပတ်သက်ပြီး ဥပဒေ အတိုင်း ဆောင်ရွက် သွား မယ် လို့ ဖွင့်ဟ ပြောကြား ခဲ့ပါတယ်။ အိန်္ဒိယ နိုင်ငံမှာ အမျိုးသမီးတွေ ဟာ မတရား ဖိနှိပ်မှု တွေကို ခံနေရ ဆဲဖြစ်ပြီး တင်တောင်းမှုနဲ့ ပတ်သက် ဆက်စပ်ကာ ၂၀၁၂ အတွင်းမှာ အမျိုးသမီး (၈၀၀၀)ကျော် သတ်ဖြတ်ခြင်း ခံခဲ့ရတယ် လို့ သိရပါတယ်။

By The Messenger

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်