Thursday, February 06, 2014

လိင်မှုခင်းတွေကို ဗာတီကန်က ကာကွယ်ပေးတယ်လို့ ကုလ ဖော်ပြ

Posted by drmyochit Thursday, February 06, 2014, under | No comments

ခရစ်ယာန် ဘုန်းကြီးတွေက ကလေးတွေအပေါ် လိင်မှုဆိုင်ရာ မတရားမှုတွေ ပြုလုပ်နေတာကို ဗာတီကန်က အကာအကွယ် ပေးနေ တယ်လို့ ကုလသမဂ္ဂက ပြောဆိုလိုက်ပါတယ်။

ကလေးပေါင်း ထောင်နဲ့ချီပြီး ခရစ်ယာန် ဘုန်ကြီးတွေရဲ့ မုဒိမ်းကျင့်မှုနဲ့ လိင်မှုဆိုင်ရာ စော်ကားမှုတွေကို ခံခဲ့ရတယ်လို့ ကုလသမဂ္ဂ ကလေးသူငယ်များ အခွင့်အရေး ဆိုင်ရာ ကော်မတီရဲ့ အစီအရင်ခံစာမှာ ဖော်ပြထားတာ ဖြစ်ပြီး ဒီအမှုတွေနဲ့ ပတ်သက်လို့ ပြင်းပြင်းထန်ထန် ဝေဖန် ရှုတ်ချထားပါတယ်။

ကလေးတွေအပေါ် စော်ကားသူတွေနဲ့ အဲဒီ မတရားမှုတွေ ကျူးလွန်ခဲ့တယ်လို့ သံသယ ရှိသူ ဘုန်းကြီးတွေ အားလုံးကို ဗာတီကန်အနေနဲ့ ရာထူးက ချက်ချင်း ထုတ်ပယ်ပစ်ရမယ်လို့လည်း ကုလသမဂ္ဂက တောင်းဆိုလိုက်ပါတယ်။

ဗာတီကန်အနေနဲ့ ဒီအမှုတွေရဲ့ စာရင်းကို ဖွင့်ချပြရမယ်လို့လည်း တောင်းဆိုလိုက်ပြီး ကျူးလွန်ခဲ့သူ ဘုန်းကြီးတွေကို ပြစ်ဒဏ်စီရင်ဖို့နဲ့ သားကောင် ဖြစ်ခဲ့ရသူတွေကို နစ်နာကြေးပေးဖို့ အစီရင်ခံစာက ဖော်ပြထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဗာတီကန်ဟာ မကြာခင် ကြေညာချက် တစောင် ထုတ်ပြန်မယ်လို့ မျှော်လင့်ရပါတယ်။

BBC Burmese


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်