Tuesday, February 11, 2014

တီဗွီဂိမ်းထဲက အပြာခန်းတွေကြည့်ပြီး ၈ နှစ်အရွယ်ညီမဖြစ်သူကို မုဒိန်းကျင့်ခဲ့တဲ့ အစ်ကို

Posted by drmyochit Tuesday, February 11, 2014, under | No comments



သူငယ်ချင်းတစ်ယောက်ရဲ့ Xbox ဂိမ်းစက်ထဲက အပြာတွေ ကြည့်ခဲ့တဲ့ ၁၃နှစ်သားကောင်လေးဟာ ၈နှစ်အရွယ် ညီမဖြစ်သူကို မုဒိန်းကျင့်ခဲတာဖြစ်တယ်လို့ ၀န်ခံခဲ့ပါတယ်။ ဒီအမှုဟာ အင်္ဂလန် အနောက်မြောက်ပိုင်း Blackburn မြို့မှာ ဖြစ်ပွားခဲ့တာပါ။

ဥပဒေကြောင်းအရ ဒီဆယ်ကျော်သက်ကောင်လေးရဲ့ နာမည်ကို ဖော်ပြခွင့်မရှိပါဘူး။ သူကြည့်မြင်ခဲ့တာတွေကို စမ်းသပ်လိုပြီးတဲ့နောက် ၈နှစ်အရွယ် ကလေးမကို မတော်တရော် အကြမ်းဖက်မိတဲ့ အပြစ်ဒဏ်နဲ့ ကလေးမကို ကာမပိုင်းဆိုင်ရာ နည်းပေးလမ်းပြလုပ်ခဲ့မှုတွေကို ကောင်လေးဟာ အသနားခံခဲ့ပါတယ်။

သူ့ညီမကိုရွေးချယ်ခဲ့ရတဲ့ အကြောင်းရင်းကတော့ သူမဟာ အကောင်သေးပြီး ကိစ္စကို အမှတ်မိနိုင်လောက်တာ မို့လို့ ဆိုပြီး ကောင်လေးက ရဲတွေကိုပြောခဲ့ပါတယ်။

ဒီအမှုဟာ “ကြေကွဲဝမ်းနည်းဖွယ် အကောင်းဆုံး ကာမပိုင်းဆိုင်ရာ လေ့လာစမ်းသပ်မှု” တွေထဲကတစ်ခုလို့ ရဲတွေက သတ်မှတ်ပါတယ်။

ကောင်လေးကို ဒဏ်ငွေရိုက်ထားပြီး လူငယ်ပြစ်မှုပပျောက်ရေး အသင်းက အကြိုအမိန့်မချမချင်း မိသားစုဝင် တစ်ယောက်ယောက်နဲ့ အတူနေထိုင်ရဖို့ ရှိပါတယ်။ သူ့ရဲ့ညီမဖြစ်သူကိုတော့ ကျွမ်းကျင်တာဝန်ရှိသူတွေက အထောက်အပံ့ပေးထားပါတယ်။

အွန်လိုင်း အပြာတွေကို ကလေးတွေမမြင်မိအောင် အင်တာနက် ၀န်ဆောင်မှု ထောက်ပံ့ပေးသူတွေအနေနဲ့ သေချာအောင် လုပ်ထားဖို့ တာဝန်ရှိတယ်လို့ Blackburn မြို့ ဥပဒေပြုအမတ် ကပြောခဲ့ပါတယ်။ အဲ့ဒီ့ပုဂ္ဂိုလ်ကပဲ “ဒီအမှုဟာ အသက်ရှုမှားလောက်အောင်ကို ကြောက်လန့်စရာကောင်းပါတယ်။ ဒီကြောက်စရာအမှုဟာ ငယ်ရွယ်သူတွေအတွက် အပြာ ဟာ လိုလားသမျှရနေပုံ ဆက်စပ်နေပါတယ်။ အပြာနဲ့ပတ်သက်ပြီး ၀င်ရောက်ကြည့်ရှုခွင့်တွေကို ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ အင်တာနက် ၀န်ဆောင်မှု ထောက်ပံ့သူတွေ နားလည်မယ်လို့ ကျွန်တော့်အနေနဲ့ ယုံကြည်ပါတယ်။” လို့ ဆက်ပြီးပြောပါတယ်။

Ref:ibtimes.co.uk

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်