Saturday, February 01, 2014

ရှကီးရာနဲ့ ရီဟားနားတို့ ၂ ယောက်တွဲ သီချင်း ယူကျုမှာ စံချိန်တင်

Posted by drmyochit Saturday, February 01, 2014, under | No comments

ကမ္ဘာကျော် အဆိုတော်တွေဖြစ်တဲ့ ရှကီးရာ (Shakira ) နဲ့ ရီဟားနား (Rihanna) တို့ ၂ ယောက်တို့ရဲ့
မင်းကို မမေ့နိုင်ဘူး ဆိုတဲ့ တေး အယ်ဘမ် အသစ်စက်စက်ထွက်လာပါပြီ။


မြန်မာဂီတပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ သူတို့ ၂ ယောက်ရဲ့ စုံတွဲ သီးချင်း တပုဒ် ဖြစ်တဲ့ Can't Remember to Forget You ဆိုတဲ့ သီချင်းကတော့ အခု အွန်လိုင်းမှာ အလွန်ရေပန်းစားနေပါတယ်။

သူတို့ ၂ ဦးရဲ့ Sexy ကျကျ သီဆိုဟန်တွေနဲ့ သရုပ်ဖော်ဟန်တွေ၊ သူတို့ရဲ့ အသံတွေနဲ့ အဲဒီသီချင်းဟာ အတော် ဆွဲ ဆောင်မှု ရှိတာတော့ သေချာပါတယ်။

ဘာလို့လည်း ဆိုတော့ ဒီသီချင်းကို အဆိုတော် ရှကီးရာရဲ့ ယူကျူအကောင့်ကနေ ဇန်နဝါရီလ ၃ဝ ရက်နေ့ က တင်ခဲ့ အပြီး ၃ ရက် အတွင်း မှာပဲ ကြည့်ရှုကြိမ်ပေါင်း ၁၂ သန်းခွဲကျော်ရှိလာနေလို့ပါ။ ဒါဟာ ယူကျုမှာ စံချိန်တင်လိုက်တာပါ။

ဒီသီချင်းလေးကို နားဆင်ခံစားကြည့်နိုင်ပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်