Saturday, February 01, 2014

ဘီကိနီဝတ်စုံ အကြောင်း နန်းခင်ဇေယျာပြောကြားချက်

Posted by drmyochit Saturday, February 01, 2014, under | No comments


မေလ ၇ ရက်နေ့ထုတ် ပေါ်ပြူလာဂျာနယ်မှာ ဖော်ပြခဲ့တဲ့ ‘ကမ္ဘာ့ပြိုင်ပွဲများဆီ လှမ်းချီနိုင်မည့် မြန်မာMiss လှပျိုဖြူလေးများနှင့် ဘဝ အောင် မြင်မှုအခွင့် အလမ်းစကား ဝိုင်း’မှ နိုင်ငံတကာ အတွေ့အကြုံနှင့် Swim Suit ပြိုင်ပွဲဝင်ဝတ်စုံအကြောင်း နန်းခင်ဇေယျာ(ဂျပန်နိုင်ငံတွင် သွားရောက်ယှဉ်ပြိုင်ခဲ့သူ)နှင့် ဟန်သီ(ကိုရီးယား နိုင်ငံတွင် သွားရောက် ယှဉ်ပြိုင်ခဲ့သူ)တို့ ဆွေးနွေးပြောကြားမှုမှ ကောက်နုတ်ချက်-

နန်းခင်ဇေယျာ- သူများတွေ Swin Suit နဲ့ ဝတ် ပြီး ပြိုင်နေတဲ့အချိန်မှာ ကိုယ်က မြန် မာထဘီနဲ့ သွားပြိုင်လို့မရဘူး။ Swin Suit ပုံဆိုတာ တကယ်အလန်းပေါ့။ အလန်း ဆုံး Sexy ပြောတာ မဟုတ် ဘူး။ အခုချိန်ထိ Swin Suit ဝတ်တဲ့ ကိစ္စက တိုက်ခိုက်ခံနေရတုန်းပဲ။ မပြီးသေးဘူး။ သူများတွေ ဘယ်လို ဆိုကြည့်ပြီး လုပ်သင့်တယ်။

ဟန်သီ- နောက်တစ်ခုက ကိုယ့်ရဲ့Traditional အင်္ကျီဝတ်ရတာရှိတယ်။ သူတို့ဆီမှာဆို အကုန်လုံးက ဒီဇိုင် နာတွေရှိတယ်။ Like လုပ်ပေး တယ်။ သူတို့ရဲ့Traditional ကိုပဲ ပိုဆန်းအောင်၊ လူတွေကြည့်လိုက် တာနဲ့ ထင်လင်းစွဲနေတာတွေ့ရ တယ်။ သမီးတို့တုန်းက ဗီယက်နမ် က ကောင်မလေးဆို သူတို့ရဲ့ ရိုးရာ ဝတ်စုံကိုပဲ သေချာ လုပ်ထားတာ ဘယ်လိုလှမှန်းမသိဘူး။

နန်းခင်ဇေယျာ- ဟန်သီအဲဒီတုန်းက ရှမ်းဝတ်စုံ ဝတ်ထားတာတွေ့တယ်။ အစ်မပြိုင် ပွဲတုန်းက ရှမ်းဝတ်စုံ ဝတ် ပေမယ့် ကိုယ်ဝတ်တဲ့အဝတ်အစားက ယှဉ်လိုက်ရင် အဆင် မပြေဘူး။ Mဆိုင်းလူ ဆို ကချင်ဝတ်စုံလေးနဲ့တအားလှတာ။ ဒါပေမဲ့ သူများတွေ ယှဉ်လိုက် တော့ အရောင်မှိန်သွားတယ်။

ဟန်သီ- သူတို့က နိုင်ငံအလိုက် ဒီ အရောင်ဝတ်တယ်ဆိုခပ်ဆင်ဆင် တွေပဲ။ နောက်သူတို့ပေးတဲ့ဝတ်စုံ တွေနဲ့ ပြိုင်ရသေးတယ်။ အစ်မတို့ ရော ပြိုင်ရလား။

နန်းခင်ဇေယျာ- မပြိုင်ရဘူး။

ဟန်သီ- စွပ်ကျယ်နဲ့ဘောင်းဘီပေါ့။ အဲဒါကျတော့ အသားအရေးကိုကြည့် တာ။ ဒီမှာက Skin Care လုပ်ရင် ပြိုင်ပွဲနားနီးမှ သေချာလုပ် သင့်တယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်