Wednesday, February 12, 2014

မူးယစ်ဆေးဝါးနှင့် လက်နက်များဖမ်းဆီးရမိ

Posted by drmyochit Wednesday, February 12, 2014, under | No comments


နေပြည်တော်၊ ဖေဖော်ဝါရီ ၁၂

၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ်အချိန် အမှတ်(၂၅)မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(တောင်ကြီး)မှ တပ်ဖွဲ့ဝင်များသည် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့အ၀င် (၄)မိုင်ပူးပေါင်းစစ်ဆေးရေးစခန်းတွင် နန့်စန်မှတောင်ကြီးသို့ နန့်စန်မြို့၊ ရပ်ကွက်(၅)နေ စိုင်းမောင် (၄၂)နှစ် မောင်းနှင်ပြီး ယာဉ်ရှေ့ခန်းတွင် တောင်ကြီးမြို့၊ မင်္ဂလာဦးရပ်ကွက်နေ နိုင်ဝင်း(ခ)အားဖိန်း (၃၂)နှစ်၊ ယာဉ်နောက်ခန်း၌ နန့်စန်မြို့၊ ရပ်ကွက်(၅)နေ အားတီ(၂၆)နှစ်နှင့် တစ်ရပ်ကွက် တည်းနေ ပီစံ(၂၄)နှစ်တို့လိုက်ပါလာသည့် YGM 4D / xxxx HiLUX 4W ယာဉ်အား ရပ်တန့် စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာ နိုင်ဝင်း(ခ)အားဖိန်း၏ အင်္ကျီအိတ်အတွင်းမှ WY စာတမ်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၈၇၀ ပြား၊ တန်ဘိုးငွေကျပ်(၂၆.၁)သိန်း၊ ခတ်ခူး(၅၀)ဂရမ်၊ တန်ဘိုးငွေ ၂၅၀၀၀ ကျပ်နှင့် ခါးကြားမှ အမေရိကန်နိုင်ငံလုပ် WALTHER -380 ABC အမျိုးအစား ပစ္စတိုသေနတ် ၁ လက်၊ ၎င်းကျည် ၇ တောင့်၊ ကျည်အိမ် ၁ ခု၊ အားတီး၏ ခါးကြားမှ ချက်နိုင်ငံလုပ် RAMI-9MM အမျိုး အစား ပစ္စတိုသေနတ် ၁ လက်၊ ၎င်းကျည် ၆ တောင့်၊ ကျည်အိမ် ၁ ခုတို့အားတွေ့ရှိသိမ်းဆည်းရမိသဖြင့် နိုင်ဝင်း ပါ ၄ ဦးတို့အား တောင်ကြီးမြို့မရဲစခန်း မယ(ပ)၇/၂၀၁၄၊ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၉(က)/၂၂(ခ)/၂၁ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်