Monday, March 03, 2014

ဆံကေသာ အလှ ဆင်ယင် ထုံးဖွဲ့နည်း

Posted by drmyochit Monday, March 03, 2014, under | No comments


မိမိရဲ့ဆံပင် ပခုံးသာသာလောက်ရှိတဲ့ ပျိုမေတို့ကိုယ်တိုင် ပြုလုပ်ရလွယ်ကူတဲ့ နည်းလမ်းပါ။
မိမိတို့ အိမ်မှာတင် ပြု လုပ်ရလွယ်ကူပြီး လှပတဲ့ ဆံပင် ဆင်ယင်နည်းကို ပရိသတ်တွေအတွက် တင်ပြလိုက်ရပါတယ်။

အဆင့် (၁)

ပထမဦးဆုံး မျက်နှာဘေးနှစ်ဖက် (ဘယ်ခြမ်းနဲ့ ညာခြမ်း) မှ ဆံပင် အနည်းငယ်ကို ခွဲယူပြီး ဆံညှပ်နဲ့ညှပ် ထားပါ။

အဆင့် (၂)

အနောက်ခြမ်းရဲ့ အလယ်မှာ ရှိနေတဲ့ ဆံပင်တွေကို အရင်းကနေ သားရေပင်နဲ့ စုစည်းလိုက်ပါ။ သားရေပင်ဟာ ခိုင်ခံ့တဲ့ သားရေကွင်း ဖြစ်ဖို့လိုပါတယ်။

အဆင့် (၃)

စောစောက မျက်နှာဘေးဘက်မှ ညှပ်ထားတဲ့ ဆံညှပ်ကို ဖြုတ်လိုက်ပြီး ဆံပင်ကို အနည်းငယ်ခွဲယူပါ။

အဆင့် (၄-၅)

ဘယ်အခြမ်းက အနည်းငယ် ခွဲယူထားတဲ့ ဆံပင်တွေကို လိမ်လိုက်ပြီး စုစည်းထားတဲ့ ဆံပင်မှာ ပတ်လိုက်ကာ မြဲမြံအောင် ကလစ်အသေးနဲ့ ညှပ်ထားပါ။


အဆင့် (၆)

ညာဘက်ခြမ်းက ဆံပင်တွေကိုလည်း ဘယ်ဘက်ခြမ်းကအတိုင်း စုစည်းပြီး  ကလစ်အသေးတွေနဲ့ ညှပ်ပါ။

အဆင့် (၇-၈)

နောက်ဆုံး အဆင့်အနေနဲ့ အဖျားထွက်နေတဲ့ ဆံပင်လေးတွေကို ကလစ်လေးတွေနဲ့ ညှပ်ပြီး ဆံပင်စတွေ ထွက်ရှိ ခြင်းမရှိအောင် သေချာစွာသိမ်းပါ။ ဒါဆိုရင်တော့ လှပပြည့်စုံတဲ့ ဆံပင်ဆင်ယင်ပုံကို ရရှိပြီပဲဖြစ်ပါတယ်။ ဈေးသွား တာပဲဖြစ်ဖြစ်၊ ဟိုနား ဒီနား သွားတာပဲဖြစ်ဖြစ် လွယ်လွယ်ကူကူ ဆင်ယင်လို့ရတဲ့ ဆံပင်ပြင်ဆင်နည်းပဲ ဖြစ်ပါ တယ်။


From: မြ၀တီ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်