မက္ကစီကိုနိုင်ငံတောင်ပိုင်း တမူလီပက်စ်ပြည်နယ်၌ လတ်တလောဖြစ်ပွားခဲ့သည့် ပစ်ခတ်တိုက်ခိုက်မှုနှင့် သတ်ဖြတ်မှုများတွင် တာဝန်အရှိဆုံးသူဖြစ်သည့် မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းခေါင်းဆောင် တစ်ဦးဖြစ်သူ ဂျူအန် ရိုဒရီဂွက်ဇ် ဂါစီယာကို ဖမ်းဆီးရမိခဲ့ပြီဖြစ်ကြောင်း မက္ကစီကိုအာဏာပိုင်များက တနင်္ဂနွေနေ့တွင် သတင်းထုတ်ပြန်သည်။
ရိုဒရီဂွက်ဇ်အား မက္ကစီကိုတောင်ပိုင်း စက်မှုမြို့တော် မွန်တာရီရှိ လူချမ်းသာများနေထိုင်ရာ ဆင်ခြေဖုံးဒေသတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း အမျိုးသားလုံခြုံရေးကော်မရှင် အကြီးအကဲ မွန်တီ အယ်လီဂျန်ဒရို ရူဘဒ်ဒိုက သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။
Planet Myanmar Network
Time in Rangoon


0 comments:
Post a Comment