Saturday, May 24, 2014

ထိုင်း အခြေအနေ နိုင်ငံတကာ စိုးရိမ်

Posted by drmyochit Saturday, May 24, 2014, under | No comments


မေ၊ ၂၄။

ထိုင်းနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အပေါ် ကုလသမဂ္ဂနဲ့အာဆီယံအပါအဝင် နိုင်ငံတကာနဲ့ ဒေသတွင်းက ဝေဖန်သံတွေ
စိုးရိမ်မကင်းသံတွေအကြီးအကျယ် ထွက်ပေါ်လာပါတယ်။ အာဆီယံ အတွင်းရေးမှူးချုပ် Le Luong Minh
ကတော့ ထိုင်းနိုင်ငံရဲ့အခြေအနေဟာ အသင်းတစ်ခုလုံးကိုထိခိုက်လာမှာစိုးရိမ်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

အာဆီယံအသင်းဝင်နိုင်ငံတစ်ခုမှာ ငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှုတွေမရှိဘူးဆိုရင် အထူးသဖြင့် ရှေ့နှစ် ၂၀၁၅ ခုနှစ်မှာ အာဆီယံအသိုက်အဝန်း
တစ်ခု ထူထောင်ဖို့ရည်မှန်းထားတာတွေကို ရိုက်ခတ်လာနိုင်တဲ့အကြောင်းနဲ့ အာဆီယံမှာ ဒုတိယ စီးပွားရေး အင်အား
အကြီးဆုံးဖြစ်တဲ့ ထိုင်းနိုင်ငံရဲ့ ၆လလောက်ကြာမြင့်နေပြီဖြစ်တဲ့ နိုင်ငံရေးအကျပ်အတည်းတွေဟာ
စိုးရိမ်စရာဖြစ်ရတဲ့အကြောင်း အာဆီယံအတွင်းရေးမှူးချုပ်က ပြောပါတယ်။

အာဆီယံအသင်းရဲ့ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားတဲ့ မြန်မာနိုင်ငံကတော့ထိုင်းနိုင်ငံရဲ့အခြေအနေတွေကို ဆွေးနွေးညှိနှိုင်းဖြေရှင်းနိုင်ဖို့
မျှော်လင့်တဲ့ အကြောင်း ပြောပါတယ်။ တခြားအာဆီယံအသင်းဝင်တွေဖြစ်ကြတဲ့အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နဲ့ စင်္ကာပူနိုင်ငံ တွေကလည်း
အခြေအနေကို စိုးရိမ်တကြီးနဲ့စောင့်ကြည့်နေကြသလိုလုံခြုံရေးစိုးရိမ်ချက်ကြောင့် သက်ဆိုင်ရာ နိုင်ငံသားတွေကို
ထိုင်းနိုင်ငံခရီးစဉ်ဖျက်ဖို့ သတိပေးတာတွေလည်း ရှိခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုကလည်း ဘယ်လိုအကြောင်းပြချက်မျိုးနဲ့မှအာဏာသိမ်းဖို့မလိုဘူးဆိုပြီး ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။ အလားတူ
ဗြိတိန်၊ ပြင်သစ်၊ သြစတြေးလျ၊ နယူးဇီလန်၊ ဂျပန်အပါအဝင်နိုင်ငံအတော်များများက စိုးရိမ်မကင်းတဲ့သဘောထားတွေကို
ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။

Source;VOA
ဘာသာပြန် David
Myanma Age

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်