Saturday, May 24, 2014

မစ္စယင်လတ်နဲ့ ပါတီခေါင်းဆောင်တချို့ထိုင်းစစ်တပ်က အာဒီဆွန်းစခန်းမှာ ထိန်းသိမ်းထား

Posted by drmyochit Saturday, May 24, 2014, under | No comments


မေ၊ ၂၄။

ထိုင်းနိုင်ငံရဲ့ အာဏာသိမ်းစစ်ကောင်စီက အရင်ဝန်ကြီးချုပ်ဟောင်းမစ္စယင်လတ်နဲ့ ဖုယာ့ထိုင်းပါတီ
ခေါင်းဆောင် တချို့ကို နိုင်ငံပြင်ပထွက်ခွာခွင့်တွေ ပိတ်ပင်လိုက်ပြီးဆုရာဘူရီခရိုင် အာဒီဆွန်းစခန်းမှာ ထိန်းသိမ်း ထားလိုက်ပါပြီ။ ဘန်ကောက်ကိုပြန်ရောက်နေပြီး  နုတ်ထွက်ပေးလိုက်ရတဲ့ ဝန်ကြီးချုပ်ဟောင်း မစ္စယင်လတ်ဟာ အာဏာသိမ်း စစ်ကောင်စီကို သတင်းပို့ဖို့ ပျက်ကွက်ရင် ဖမ်းဝရမ်း ထုတ်မယ်ဆိုတဲ့ သတိပေး ချက်ကြောင့် သတင်းပို့အပြီး မကြာမီမှာ အခုလို သူနဲ့ တာဝန်ရှိသူခေါင်းဆောင်တချို့ကို ထိုင်းစစ်တပ်ကထိန်းသိမ်းထားလိုက်တာဖြစ်တယ်လို့ ထိုင်း သတင်းတွေနဲ့ နိုင်ငံတကာသတင်းတချို့က ရေးပါတယ်။
ထိုင်းသတင်းတွေရဲ့ ဖော်ပြချက်မှာတော့ ထိုင်းနိုင်ငံရေးမှာ ပါတီ အဖွဲ့အစည်းအသီးသီးက အဓိက ဦးဆောင်သူ စုစုပေါင်း၁၅ဝ ကျော်ကို ထိုင်းစစ်တပ်က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ချင်းမိုင်မှာရှိတဲ့ မစ္စယင်လတ်ရဲ့ အကိုတော်စပ်သူဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ရဲ့ အိမ်နဲ့
သူ့ဆွေမျိုးရင်းချာအိမ်တွေ၊ဖုယာ့ထိုင်းပါတီထိပ်တန်းခေါင်းဆောင်တချို့ရဲ့နေအိမ်တွေကိုလည်း
ထိုင်းစစ်တပ်က ဝင်ရောက်ရှာဖွေမှုတွေနဲ့ ထိန်းသိမ်းမှုတွေလုပ်ခဲ့ပါတယ်လို့ဖော်ပြထားပါတယ်။
Source;AFP

ဘာသာပြန် David

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်