လမ်းလျှောက်တတ်စကလေးငယ်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ခေါင်းဖြတ်သတ်ခဲ့သူဟု ယူဆရသည့် လူတစ်ဦး၏ အလောင်းကို နှစ်ရက်ကြာရှာဖွေခဲ့ပြီးနောက် ကွာလာလမ်ပူရှိ ကလမ်မြစ်တွင် တွေ့ရှိခဲ့သည်။
ဆလမ်ဂါ မီးသတ်နှင့်ရှာဖွေကယ်ဆယ်ရေးဌာနမှ လက်ထောက်အော်ပရေးရှင်းဒါရိုက်တာ မိုစန်နီဟာရူးက Sunway Selangor ရှိ Petaling Jaya မြစ်ကမ်းပါးအနီးတွင် ညနေ ၄ နာရီခန့်က အလောင်းကို ဆယ်ယူခဲ့ကြောင်း အတည်ပြု ပြောဆိုသည်။
သံသယရှိသူ၏ အလောင်းဖြစ်ကြောင်း ရဲများက အတည်ပြုခဲ့သည်ဟု Azizan ကလည်း ပြောကြားခဲ့သည်။
ကြာသပတေးနေ့က မြို့တော်အတွင်းရှိ Kota Raya ရှော့ပင်းမောမှ နှစ်နှစ်ခွဲအရွယ်ရှိသည့် ဆီတီဆိုဖီယာအာမန်ဒါကို ထိုသူက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။
သံသယရှိသူသည် မိန်းကလေးငယ်အား အဓမ္မပြုကျင့်ရန်ကြိုးစားပြီး ရုန်းကန်ခဲ့သောအခါ ရိုက်နှက်ခဲ့ သည်ဟု ရဲများက ယုံကြည်နေကြသည်။
မီးသတ်နှင့်ရှာဖွေကယ်ဆယ်ရေးဌာနမှ နေ့လည် ၂း၅၀ အချိန်ခန့်တွင် ပြည်သူတစ်ဦးထံမှ ဖုန်းဆက်အကြောင်းကြားခဲ့ကြောင်း မိုစန်နီကပြောသည်။
ရေငုတ်သမားများက အသက် ၂၀ ကျော်ခန့်ရှိမည့် ထိုသူ၏ အလောင်းကို မြစ်အတွင်းမှ ဆယ်ယူခဲ့သည်။
ရဲများက အလောင်းကို လွှဲပြောင်းယူခဲ့ပြီး ဆေးရုံကြီးရေခဲတိုက်သို့ပို့ဆောင်ခဲ့သည်။
ကြာသပတေးနေ့က ဖြစ်စဉ်တွင် လူတစ်ဦးက ဆီတီဆိုဖီယာကို လူတစ်ဦးက ဖမ်းဆီးခေါ်ဆောင်သွားသည်ကို Kota Raya ရှော့ပင်းမောရှိ စီစီတီဗီတွင် တွေ့ရသည်။
စီစီတီဗီမှ မြင်ကွင်းများကို လုံခြုံရေးများကလည်း သက်သေခံခဲ့ပြီး မိန်းကလေးငယ်အား ဖမ်းဆီးခေါ်ဆောင်သွားသည်ကို တားမြစ်ခဲ့ခြင်းမရှိကြောင်းသိရသည်။
ဆီတီဆိုဖိယာ၏ မိခင်ဖြစ်သူ ဆိတီဆယ်မီ (၃၂)နှစ်သည် သမီးဖြစ်သူအား သူငယ်ချင်းများနှင့် လေးထပ်မြောက်တွင် ထားခဲ့ကာ သန့်စင်ခန်းသို့ သွားခဲ့သည်။
ဆီတီဆယ်မီ ပြန်လည်ရောက်ရှိလာသောအခါ ဆီတီဆိုဖီယာကို မတွေ့ရှိရတော့ပေ။ အပူတပြင်း ရှာဖွေခဲ့သော်လည်း မိန်းကလေးငယ်ကို ရှာဖွေမတွေ့ရှိခဲ့ကြောင်းသိရသည်။
တစ်နိုင်ငံလုံးကို တုန်လှုတ်ခြောက်ခြားသွားစေခဲ့သော ၄င်းအဖြစ်အပျက်တွင် မျက်မြင်သက်သေ နှစ်ဦးက လူတစ်ဦးက မိန်းကလေးငယ်တစ်ဦးကို ချီခေါ်ကာ မြက်ပင်ရှည်များကို ဖြတ်ကာ မြစ်ကမ်းပါးသို့ ခေါ်ဆောင်သွားသည်ကို တွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
ဆာဘာမှ မျက်မြင်သက်သေများက ဆီတီကို ကလမ်မြစ်ကမ်းပါးသို့ ခေါ်ဆောင်သွားသူသည် မကြာသေးခင်ကမှ ထောင်က လွတ်လာသူဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်။
သံသယရှိသူသည် ဆီတီဆိုဖီယာအား ကျောပေါ်တွင် ချီပိုးခေါ်သွားကာ ရုန်းကန်သောအခါ တစ်စုံတစ်ခုနှင့် ရိုက်ခဲ့ကြောင်း မြင်တွေ့ခဲ့ကြသည်။
ထိုသူက မိန်းကလေးငယ်အား မြေပေါ်တွင် တွန်းလှဲကာ လည်ပင်းကို ညှစ်နေသည်ဟု သံသယရှိသောကြောင့် မြစ်ကမ်းအနီးအဆောက်အဦရှိ ရဲလှည့်ကင်းကို အကြောင်းကြားခဲ့ကြသည်။
သံသယရှိသူသည် မြစ်ထဲသို့ ခုန်ချထွက်ပြေးခဲ့သည်။
၎င်းသည် ပြင်းထန်သည့်ရေစီးကြောင်းနောက် ပါသွားဖွယ်ရှိကြောင်း ယုံကြည်ကြသည်။
ဆီတီဆိုဖီယာ၏ အလောင်းကို သူမ၏ ဦးခေါင်းပြတ်အနီးတွင် တွေ့ရှိခဲ့သည်။ သူမက အဖြူရောင်ဘောင်းဘီနှင့် အတွင်းခံလေးသာ ၀တ်ဆင်ထားကြောင်းသိရသည်။
မိန်းကလေးငယ်၏ အလောင်းကို ၄င်း၏ မိခင်က ကွာလာလမ်ပူ ဆေးရုံရေခဲတိုက်မှ ပြန်လည်ယူဆောင်သွားပြီး Gombak ရှိ Batu Muda မွတ်စလင် သုဿာန်တွင် သဂြို င်္လ်ခဲ့ကြောင်း သိရသည်။
myetshin
Time in Rangoon


0 comments:
Post a Comment