Monday, June 02, 2014

အဓမ္မပြုကျင့် လူသတ်သူများကို စုံစမ်းစစ်ဆေးပေးရန် ဥတ္တာပရာဒေ့ရှ်ပြည်နယ်အကြီးအကဲ တောင်းဆို

Posted by drmyochit Monday, June 02, 2014, under | No comments

မကြာသေးမီက ဆယ်ကျော်သက်မိန်းကလေး နှစ်ဦး သတ်ဖြတ်ခံရမှုကို ကန့်ကွက်မှုအတွင်း အိန္ဒိယအမျိုးသမီးအဖွဲ့(AIDWA)မှ ဆန္ဒပြသူများ နယူးဒေလီမြို့တွင် ကြွေးကြော်သံများ အော်ဟစ်ဆန္ဒပြနေကြစဉ် (Adnan Abidi/REUTERS)

အိန္ဒိယနိုင်ငံ ဥတ္တာပ ရာဒေ့ရှ်ပြည်နယ် အကြီးအကဲက ဗဟိုအစိုးရ ရဲတပ်ဖွဲ့အနေဖြင့် မကြာသေးမီက ဖြစ်ပွားခဲ့သော မိန်းကလေးနှစ်ဦးအား အုပ်စုဖွဲ့ အဓမ္မပြုကျင့်၍ သတ်ဖြတ်ခဲ့မှုကို စုံစမ်းပေးရန် မေလ ၃၁ ရက်တွင် တောင်းဆိုလိုက်သည်။

ဗဟိုအစိုးရ ထောက်လှမ်း ရေးအဖွဲ့ (CBI) အနေဖြင့် ဟိန္ဒူ ဇာတ်နိမ့်ဝမ်းကွဲညီမ နှစ်ဦး သတ် ဖြတ်ခံရမှုကို စုံစမ်းစစ်ဆေးပေး ရန် ဥတ္တာပရာဒေ့ရှ်ပြည်နယ်အ ကြီးအကဲ ဟာဒက်က တောင်းဆို လိုက်သည်။

အသက် (၁၄)နှစ်နှင့် (၁၂) နှစ်အရွယ် မိန်းကလေးနှစ်ဦး သည် ၎င်းတို့အိမ်၌ အိမ်သာမရှိ သောကြောင့် ကျင်ကြီးကျင်ငယ် စွန့်ရန် အပြင်ထွက်လာစဉ် မေလ ၂၀ ရက်ညက အဓမ္မပြုကျင့်ခံရ ပြီး သတ်ဖြတ်ခံရခြင်းဖြစ်သည်။

ယင်းအဓမ္မပြုကျင့်၍ လူ သတ်မှု၌ သံသယရှိသော အမျိုး သားငါးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီး ထားပြီးဖြစ်သည်။ ပြည်နယ်အ ကြီးအကဲ ယာဒက်သည် ကွယ် လွန်သူ မိသားစုများ၏ တောင်းဆို ချက်အတိုင်း CBI အဖွဲ့ကို အ ကူအညီ တောင်းထားကြောင်း ဥတ္တာပရာဒေ့ရှ်ပြည်နယ် ကြေ ညာချက်တွင် ဖော်ပြသည်။

မိန်းကလေးနှစ်ဦးလုံးသည် အဓမ္မပြုကျင့်ခံခဲ့ရကြောင်းနှင့် အ သက်ရှူကျပ်၍ သေဆုံးခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့က ပြောသည်။

‘‘လူသတ်သမားလို့ စွပ်စွဲခံ ထားရသူတွေဟာ မိန်းကလေး တွေကို အရင်အဓမ္မပြုကျင့်ခဲ့ တယ်။ ပြီးမှ သူတို့ကို ကြိုးဆွဲချ သတ်ခဲ့တယ်။ မိန်းကလေးတွေ ဟာ ကြိုးဆွဲချခံရချိန်မှာ အသက် ရှင်နေတုန်းပဲ’’ ဟု ဘက်ဒန်ဒေသ ရဲမှူး ဆာဆန်နားက ပြောကြား သည်။

ရဲတပ်ဖွဲ့သည် မိန်းကလေး များကို ကယ်နိုင်ခဲ့ပါသော်လည်း ဇာတ်နိမ့်မိန်းကလေးများ ဖြစ်နေ သောကြောင့် ကူညီရန် ငြင်းပယ် ခဲ့ခြင်းဖြစ်သည်ဟု ကွယ်လွန်သူ များ၏ ဆွေမျိုးသားချင်းများက ပြောကြားသည်။

သံသယရှိသူ တရားခံများ မှာ မိန်းကလေးများထက် ဇာတ် မြင့်သူများဖြစ်သည်။

အိန္ဒိယနိုင်ငံရှိ ဇာတ်နိမ့်သူ အမျိုးသမီးများနှင့် မိန်းကလေး များသည် ၎င်းတို့ထက် ဇာတ်မြင့် သူများ၏ လိင်ပိုင်းဆိုင်ရာ အ ကြမ်းဖက်မှုကို ကာလရှည်ကြာခံ နေရသည်။

အိန္ဒိယနိုင်ငံတွင် အိမ်သာ မ လုံလောက်မှုကြောင့် အပြင်ဘက် ၌ အမျိုးသမီးများ အပေါ့၊ အ လေးစွန့်ရ၍ အကြမ်းဖက်မှုအ တွက် ပိုမိုလွယ်ကူစေသည်ဟု နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ Amnesty အင်တာနေရှင်နယ်က ပြောသည်။

—Ref: AFP
7 Day Daily

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်