Sunday, August 24, 2014

ရှင်ကျန်ဒေသ အကြမ်းဖက်တိုက်ခိုက်မှုများအတွက် တရုတ်တွင် လူရှစ်ဦးကို ကွပ်မျက်

Posted by drmyochit Sunday, August 24, 2014, under | No comments

တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ရှင်ကျန်ဒေသတွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများအတွက် လူ ရှစ်ဦးကို ကွပ်မျက်လိုက်ကြောင်း သိရသည်။ သေဒဏ်စီရင်ခံသူရှစ်ဦးသည် ရှင်ကျန်ဒေသတွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုဖြစ်စဉ် ငါးခုတွင် ပါဝင်ပတ်သက်ခဲ့ကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှုများ၏ နောက်ကွယ်တွင် ရှင်ကျန်ခွဲထွက် ရေးသမားများ ရှိနေကြောင်း အစိုးရက ထုတ်ပြန်ထားသည်။ အဆိုပါ လူရှစ်ဦးအနက် ယမန်နှစ် အောက်တိုဘာလအတွင်းက မြို့တော် ပေကျင်းရှိ တီယန်မင် ရင်ပြင်အတွင်း ကားဖြင့်...

တောင်သမန်အင်းရေမြင့်တက်၍ ကန်ပတ်လမ်းကျောက်စီတာပေါင်ရိုး အနည်းငယ်ပြိုကျ

Posted by drmyochit Sunday, August 24, 2014, under | No comments

တောင်သမန်အင်း ကျောက်စီတာပေါင်ရိုး ပျက်စီးပြိုကျနေမှုကို သြဂုတ်၂၃ရက်နံနက်က တွေ့ရစဉ် (ဓာတ်ပုံ−ညီညီဇော်)t  တောင်သမန်အင်း ရေမြင့်တက်လာမှုကြောင့် ကန် ပတ်လမ်း ကျောက်စီတာပေါင် ရိုးအနည်းငယ်  ပြိုကျပျက်စီးခဲ့ ကြောင်း သတင်းရရှိသည်။ သြဂုတ် ၂၀ ရက် ညပိုင်းက အမရပူရမြို့ တောင်သမန်အင်း အနောက်ဘက်ရွှေဂွမ်းထုပ်ရပ် ကွက်ရှိ  တောင်သမန်ကန်ပတ် လမ်းကျောက်စီတာပေါင်  တစ် နေရာတွင် အင်းရေမြင့်တက် လာပြီးနောက် ရေတိုက်စား၍ တစ်ညတည်းသုံး ကြိမ်ခန့်ပြိုကျခဲ့ သည်။...

သင်မသိသေးသော ကျန်းမာရေး လျှို့ဝှက်ချက်များ

Posted by drmyochit Sunday, August 24, 2014, under | No comments

ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနယ်စတဲ့ အသီးအရွက်တွေက ကျန်းမာရေးနဲ့ ညီညွတ်စေတဲ့ အစားအစာတွေဆိုတာ သိထားပေမယ့် ရိုးရှင်းလွန်းတာကြောင့် အမြဲတမ်း ဒါတွေကိုပဲ စားဖို့ မဖြစ်နိုင်ပါဘူး။ ထပ်မံလေ့လာထားတဲ့ သုတေသနပြုချက်တွေအရ အောက်ပါ အစားအစာတွေကို စားသုံးပေးတာက သင့်ကျန်းမာရေးကို အံ့အားသင့်စရာ ကောင်းလောက်အောင် ကူညီပေးနိုင်တာကို တွေ့ရှိခဲ့ပါတယ်။ နှလုံးကျန်းမာစေသော လျှို့ဝှက်ချက် ပဲသုပ် စားပေးပါပဲမှာ ပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်တွေ များစွာပါဝင်ပြီး အူထဲမှာရှိတဲ့ ကလက်စထရောတွေကို...

မော်ဒယ်ဆောင်းရုပါခင်ရဲ့ ဓာတ်ပုံတွေနော်

Posted by drmyochit Sunday, August 24, 2014, under | No comments

...

Thursday, August 21, 2014

အရှေ့မြောက်ပိုင်းဒေသသူပုန်များ တရုတ်နှင့် မြန်မာမှ လက်နက်ရရှိဟုဆို

Posted by drmyochit Thursday, August 21, 2014, under | No comments

အိန္ဒိယအရှေ့မြောက်ပိုင်း ဒေသရှိ လက်နက်ကိုင်စစ်သွေး ကြွများသည် မြန်မာနှင့်တရုတ်နိုင်ငံတို့မှ တရားမဝင် လက်နက် နှင့်ကျည် အမြောက်အမြားဆက် လက်ရရှိနေကြောင်း နယ်ခြားလုံ ခြုံရေးတပ်မှ အကြီးတန်း အရာရှိ တစ်ဦးက သြဂုတ် ၁၉ ရက်၌ ပြောကြားလိုက်သည်။ ‘‘ဘင်္ဂလားဒေ့ရှ်နယ်စပ် က နေ နိုင်ငံတကာနယ်စပ်ကိုဖြတ်ပြီး ဒီနိုင်ငံထဲကို လက်နက်နဲ့ကျည် တွေသွင်း ထားတာ။ တစ်ခါတစ်ရံ တော့ရှိပါတယ်။ ဒါပေမဲ့ အတော် များများဟာ တရုတ်နဲ့ မြန်မာနယ် စပ်တွေ ကိုဖြတ်ပြီး ဝင်လာနေကြ တယ်’’ဟု မေဂါလာယာရှေ့တန်း ကို ကြီးကြပ်ရသူအရာရှိဆူဒက်ရှိ ကူးမားက သတင်းထောက်များအားပြောသည်။‘‘အနောက်ပိုင်းက ရှေ့တန်း နဲ့မတူတာက...

ဗဟိုအစိုးရရှေ့နေချုပ် လူမျိုးရေးအကြမ်းဖက်မှုဖြစ်ပွားရာ Ferguson ကိုရောက်

Posted by drmyochit Thursday, August 21, 2014, under | No comments

အမေရိကန်ပြည်ထောင်စုမှာ မငြိမ်မသက်ဖြစ်နေတာ ၁၁ ရက်ရှိနေပြီဖြစ်တဲ့ Missouri ပြည်နယ် Ferguson မြို့ကို ရှေ့နေချုပ် Eric Holder ရောက်နေပြီး လူမှုအသိုင်းအဝိုင်းက ခေါင်းဆောင်တွေ မြို့ ခံတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ရဲရဲ့ပစ်ခတ်မှုကြောင့် ဆယ်ကျော်သက်တယောက် သေဆုံးခဲ့ပြီးနောက် အဲဒီမြို့ မှာ ဆန္ဒပြမှု၊ လုယက်မှုတွေ ဖြစ်ပွားနေတာပါ။ အမှုကိုစုံစမ်းစစ်ဆေးဖို့အတွက် ပြည်ထောင်စုအစိုးရရဲ့ အတွေ့အကြုံအရှိဆုံး စုံစမ်းစစ်ဆေးရေးအရာရှိတွေ၊ တရားရေးအရာရှိတွေကို တာဝန်ပေးထားတယ်လို့ Mr....

အစ္စရေးလ်တိုက်ခိုက်မှုကြောင့် Hamas ခေါင်းဆောင် ဇနီးနှင့်သားသေဆုံး

Posted by drmyochit Thursday, August 21, 2014, under | No comments

ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးလ်နဲ့ ပါလက်စတိုင်းအကြား အပြန်အလှန် တိုက်ခိုက်မှုတွေ ဗုဒ္ဓဟူးနေ့မှာ ဆက်ဖြစ်ခဲ့ပါတယ်။ အစ္စရေးလ်လေကြောင်း တိုက်ခိုက်မှုတခုမှာတော့ ဂါဇာမှာရှိတဲ့ Hamas စစ်ခေါင်းဆောင်တဦးရဲ့ ဇနီးနဲ့ မွေးကင်းစ ကလေးငယ် သေဆုံးသွားတာပါ။ မြေထဲပင်လယ်တလျှောက် ပါလက်စတိုင်းနယ်မြေတွင်း ပစ်မှတ် ၉၀ ကျော်ကို ဦးတည်တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးလ်က ပြောပါတယ်။ ဒီအထဲမှာ Hamas စစ်ခေါင်းဆောင် Mohammed Deif ရဲ့ နေအိမ်လည်းပါဝင်ပြီး၊ အစ္စရေးလ် လေကြောင်းတိုက်ခိုက်မှုမှာ...

ရွှေကြက်ဖ-ရာပန်းရုပ်ရှင်ပွဲတော်တွင် ပန်းကြာဝတ်မှုန် ရုပ်ရှင်ဇာတ်ကားပြသမည်

Posted by drmyochit Thursday, August 21, 2014, under | No comments

ဒါရိုက်တာ စင်ရော်မောင်မောင် ရိုက်ကူးထားသည့် " ပန်းကြာဝတ်မှုန်" ရုပ်ရှင်ဇာတ်ကားကို တရုတ်ပြည် နယ် ၊နန်ကျိုးမြို့တွင် စက်တင်ဘာ ၂၃ ရက်မှ ၂၈ ရက်ထိကျင်းပမည့် ရွှေကြက်ဖ-ရာပန်း ရုပ်ရှင်ပွဲတော်၌ ပါဝင်ပြသမည်ဟု ဒါရိုက်တာ စင်ရော်မောင်မောင်က မဇ္စျိမကို ပြောသည်။ " ပြည်ပမှာ အခုလိုသွားရောက်ပြသတာက မြန်မာနိုင်ငံ အတွက်ကောင်းပါတယ်။ မြန်မာနိုင်ငံက တစ်ချို့ ရုပ်ရှင် ဇာတ်ကားတွေဆိုရင် ပြည်ပရဲ့ ရုပ်ရှင်ပွဲတော်တွေမှာ သွားပြလို့ရတယ်။ ဒါကို သွားမပြကြဘူး။ ဒါဝေဖန် တာတော့ မဟုတ်ဘူးနော်"ဟု...

ဟယ်ရီပေါ်တာ ဇာတ်လမ်းတွဲသစ် ထပ်မံ ထွက်ရှိ

Posted by drmyochit Thursday, August 21, 2014, under | No comments

ဂျေတေရိုလင်း ရေးသားထားသည့် ဟယ်ရီပေါ်တာ ဇာတ်လမ်းတွဲသစ် ထပ်မံ ထွက်ရှိခဲ့သည်။ ယင်း ဇာတ်လမ်းတွဲ သည် မှော်ဆရာ ဘီလက်စတီနာဝါဘက်ခ်၏ သီချင်းဆိုဟန်နှင့် ပတ်သက် ၍ ရေးဖွဲ့ထားသည့် အတ္တုပ္ပတ္တိ ဇာတ်လမ်း တစ်ပုဒ် ဖြစ်သည်။ ဇာတ်ကောင် စရိုက်သည် ဟယ်ရီပေါ်တာ  စာအုပ်ကွဲများတွင် ပါဝင်သော မိုလီဝီစိလေး၏  အကြိုက်ဆုံး အဆိုတော် အဖြစ် ရေးဖွဲ့ထားသည်။ ဆီလက်စတီနာဝါဘက်ခ်သည် ဟယ်ရီပေါ်တာ ဇာတ်လမ်းတွဲများ၏ ဇာတ်ကောင်များသည်" မိမိအကြိုက်ဆုံး ဇာတ်ကောင် စရိုက် တစ်ခု ဖြစ်ပါတယ်"ဟု...

အမေရိကန်သတင်းထောက်ကို IS စစ်သွေးကြွက ခေါင်းဖြတ်သတ်

Posted by drmyochit Thursday, August 21, 2014, under | No comments

ဒီနေ့အတွက် ကမ္ဘာတလွှား သတင်းလောကမှာ နာမည်ကြီးနေတာကတော့ အမေရိကန်နိုင်ငံသား သတင်းထောက်တဦးကို အစ္စလမ်မစ်နိုင်ငံတော် IS စစ်သွေးကြွအဖွဲ့က ခေါင်းဖြတ် သတ်လိုက်တဲ့ ဗွီဒီယိုကိစ္စပါဘဲ။ အမေရိကန်နိုင်ငံသား ဂျိမ်းဖိုလေဟာ AFP နဲ့ အမေရိကန် ဂလိုဘယ်ပို့စ် သတင်းဌာနတွေအတွက် အလုပ်လုပ်ပေးနေရင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာလကတည်းက ဆီးရီးယားနိုင်ငံ အနောက်မြောက်ဖက် တူရကီ နယ်စပ်နားမှာ ပျောက်ဆုံးသွားခဲ့ တာဖြစ်ပြီး အခုရက်ပိုင်းအတွင်းပဲ သူ့ကို IS အဖွဲ့က ခေါင်းဖြတ် သတ်ပုံရတဲ့ ဗီဒီယိုကို...

Thursday, August 07, 2014

အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည့် ကျီစု စက်မှုဇုန်သစ် တည်ဆောက်မည်

Posted by drmyochit Thursday, August 07, 2014, under | No comments

ရန်ကုန် ၊ ၇-၈-၂၀၁၄  မကြာမီ အချိန်အတွင်း အလုပ်သမား ပေါင်းများစွာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီး ပေးနိုင်မည့် စံချိန်စံညျွန်း နှင့် ပြည့်မီသော လျှပ်စစ် သုံးစွဲမှု နည်းပါးသည့် ကျီစု စက်မှုဇုန်သစ် ကြီးတစ်ခုကို ရန်ကုန်တိုင်း ဒေသကြီး အတွင်း တည်ဆောက် သွားမည် ဖြစ်ကြောင်း သိရသည်။ ရန်ကုန်တိုင်း ဒေသကြီး ၌ စက်မှုဇုန် ၂၉ ဇုန်ရှိပြီး ယင်းတို့မှာ အရှေ့ပိုင်း ခရိုင်၌ ၁၀ ဇုန် ၊ တောင်ပိုင်း ခရိုင်၌ တစ်ဇုန် ၊ မြောက်ပိုင်း ခရိုင်၌ ၁၈ ဇုန်တို့ ဖြစ်သည်။ ယင်း...

တစ်ခေတ်ဆန်း အလှမယ်နဲ့ သရဖူအရှုပ်တော်ပုံ

Posted by drmyochit Thursday, August 07, 2014, under | No comments

၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းချိန်မှစကာ ကင်းကွာခဲ့သော နိုင်ငံတကာ မယ်ပြိုင်ပွဲများနှင့် မြန်မာနိုင်ငံက ပြန်လည်ထိတွေ့ခွင့်ရခဲ့ သည်က မကြာလှသေး။ နန်းခင်ဇေယျာ၊ ခင်ဝင့်ဝါနှင့် မိုးစက်ဝိုင်စသော အမည် နာမများသည် နိုင်ငံအတွက် ဂုဏ်ယူစရာ ဆုတံဆိပ်နှင့်အတူ  မြန်မာပြည်သူတို့ကြားတွင် ပြောစရာ အကြောင်း တရားတစ်ခု ဖြစ်လာခဲ့သည်။ သို့သော် သိပ်မကြာလိုက်သော အချိန်တွင်ပြောစရာအကြောင်းအရာက ပြောင်းသွားသည်။ ယနေ့ နိုင်ငံ့ဂုဏ်ဆောင် အလှမယ်များနှင့် ပတ်သက်ပြီး...

Android OS သုံး စမတ်ဖုန်းကိုပေါ့ပါးစေရန် (၁၁)ချက်

Posted by drmyochit Thursday, August 07, 2014, under | No comments

ယခုဆိုလျှင်စမတ်ဖုန်းတွေဟာပေါများလှသလို အမျိုးအစား ဈေးနှူန်း အနိမ့်အမြင့် မျိုးစုံရှိလှပါတယ်။ ဒီလိုပေါများတာကလည်း Open Source OS ၁ခုဖြစ်တဲ့ Android OS ကြောင့်ဆိုလဲ မမှားပါဘူး ။ Android OS မှာတင် အရွယ်အစားမျိုးစုံ ဒီဇိုင်းမျိုးစုံ တံဆိပ်မျိုးစုံ တန်ဖိုးနည်း/ များ ရှိကြပါတယ် ။ ဒီထဲ ကမှ တန်ဖိုးကြီးစမတ်ဖုန်းကိုင်ဆောင်သူတွေဟာ ဖုန်းရဲ့ ပေါ့ပါးမှု ဖုန်းရဲ့ စွမ်းဆောင်ရည်ကောင်းမွန်မှုတို့ကို အသုံးပြုချင်လို့ ကိုင်ဆောင်ကြတာများပါတယ် ။ ဒါပေမယ့် စမတ်ဖုန်းကို...

Tuesday, August 05, 2014

လှည်းကူးမြို့နယ် ရေကြီးမှု နှစ်ပတ်ကြာသည်အထိ လူမှုရေးအဖွဲ့များ၏ ထောက်ပံ့မှုကိုသာ မှီခိုနေရဆဲ

Posted by drmyochit Tuesday, August 05, 2014, under | No comments

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ငွေနံ့သာစံပြကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေလွှမ်းမိုးပြီး ရေဘေးဒုက္ခခံနေရသူများကို အလှူရှင်များက ဆန်များကူညီထောက်ပံ့နေသည်ကို ဩဂုတ်လ ၄ ရက်က တွေရစဉ်။ ဒေသခံများ ရေကြီးဒဏ်ခံနေရသည်မှာ နှစ်ပတ်ခန့် ကြာမြင့်ပြီဖြစ်သော်လည်း အစိုးရက အကူအညီမပေးသေးဘဲ အလှူရှင်များထံမှ အကူအညီများကိုသာ ငံ့လင့်နေရသည် ရေဘေးဒုက္ခသည်တို့က ဆိုသည်။ ဓာတ်ပုံ-ဘိုဘို ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်အတွင်းရှိ ဘာလားကျေးရွာနှင့်ငွေနံ့သာစံပြကျေးရွာတို့တွင်...

ကတုံးမနှင့် အပေါင်းပါများ တတိယအကြိမ် ရုံးထုတ်

Posted by drmyochit Tuesday, August 05, 2014, under | No comments

ကတုံးမကို သြဂုတ် ၄ ရက်က ရုံးထုတ်လာစဉ် (ဓာတ်ပုံ - နန်းအောင်) မန္တလေးပဋိပက္ခ ကြောင့် ၁၉၅၀ပြည့်နှစ်အရေးပေါ် စီမံမှုအက်ဥပဒေဖြင့်တရားစွဲဆိုခံ ထားရသော မဖြူဖြူမင်း(ခ)ကတုံး မ၊ နုနုမြတ်၊ ရဲထွဋ်နှင့် ဟာဂျီထွန်း ထွန်းတို့အား သြဂုတ် ၄ရက်တွင် တတိယအကြိမ်ရုံးထုတ်ပြီး ပထမ ဆုံးအကြိမ်တရားလိုပြသက်သေ နှစ်ဦးအား စတင်စစ်ဆေးခဲ့ ကြောင်း သတင်းရရှိသည်။ ‘‘မနက်ဖြန်ထပ်ရုံးချိန်းထား တယ်။ ပြီးရင် ဆက်စစ်မယ်။ ဒီ နေ့ကတော့ တရားလိုပြသက်သေ ပဲစစ်ရသေးတယ်။ မနက်ဖြန် တော့ ကျန်တဲ့သက်သေတွေဆက်...

လူမှုကူညီရေးအတွက် ၇နာရီကြာ အပစ်ရပ်ပြီးရင် စစ်ဆင်ရေး ပြန်လုပ်မယ်လို့ဆို

Posted by drmyochit Tuesday, August 05, 2014, under | No comments

ဂါဇာဒေသမှာတော့ ​လူမှု အကူ အညီ ပေးရေး ​အတွက် ​၇ ​နာရီကြာ ​အပစ်ရပ်ပြီးတဲ့ နောက်မှတော့ ​စစ်ဆင်ရေးတွေကို ​ဆက်လက် လုပ်ဆောင် သွားမယ်လို့ ​အစ္စရေး ​စစ်တပ်က ​ဆိုပါတယ်။ ရေရှည်လုံခြုံရေး ​ရရှိတဲ့ အထိ ​စစ်ဆင်ရေးတွေ ​ဆက်လုပ်သွား ​မယ်လို့ ​အစ္စရေး ၀န်ကြီးချုပ် ​ဘင်ဂျာမင် ​နာတန်ရာဟု ​က ​ပြောဆို ​လိုက်ပါတယ်။ အပစ်ရပ်တဲ့ ​အချိန်အတွင်း ​သွေးထွက် ​သံယိုမှုတွေ ​လျော့ကျ ​သွားပေမယ့် ​ဂါဇာမြောက်ပိုင်းက ​ဒုက္ခသည် ​စခန်းကို ​ဗုံးကျဲတိုက်ခိုက်ပြီး ​အပစ်ရပ်ရေးကို ​အစ္စရေးတွေ...

ချစ်သူကို မတော်တဆဓားဖြင့် ထိုးသတ်မိခဲ့ပြီးမှ ဇာပနအခမ်းအနားတွင် ပြန်လည်လက်ထပ်ခွင့်တောင်းခဲ့

Posted by drmyochit Tuesday, August 05, 2014, under | No comments

တဒင်္ဂအတွင်းမှာဖြစ်ပေါ်လာတဲ့ ပြင်းပြင်းထန်ထန်စိတ်ခံစားမှု ဒေါသအိုးကြောင့်နောက် ဆက်တွဲ အကျိုးရ လာဒ်က ပတ်ဝန်းကျင်လှုမှုဘ၀တွေမှာ ဘယ်လိုမှအစားထိုး လို့ မရနိုင်တဲ့ပျက်စီးဆုံးရှုံးမှုတွေပါပဲ။ ကျွန်တော်တို့ သာမန်လူတွေမှာတော့ နေစဉ် နဲ့အမျှစိတ်ရှုပ်ထွေးမှုတွေ၊ လှုမှုဆက်ဆံရေးလုပ်ငန်းတွေမှာ အဆင် မပြေတဲ့ အခါမျိုး တွေဖြစ်လာလေ့ရှိတတ်ကြပါတယ်။ အဆိုးဆုံးဖြစ်ကတော့ ဒေါသကို မထိန်း လိုက်နိုင် ခဲ့လို့ မတော်တဆဖြစ်သွားခဲ့တဲ့အရာတွေပါပဲ။ တောင်အာဖရိက သမီးရည်းစားတို့နှစ်ဦးတစ်ဦးနဲ့...

နယူးရောက်ဆေးရုံမှာ လူနာတဦး Ebola ရောဂါပိုး ရှိ မရှိ စစ်ဆေး

Posted by drmyochit Tuesday, August 05, 2014, under | No comments

အီဘိုလာဗိုင်းရပ်စ် ကူးစက်ခံရဖွယ် လက္ခဏာရှိနေသူ လူနာတစ်ဦး ဆေးကုသမှုခံနေတဲ့ နယူးယောက် မြို့က Mount Sinai ဆေးရုံ အီဘိုလာ ဗိုင်းရပ်ကူးစက်ခံရဖွယ် လက္ခဏာမျိုး လူနာတစ်ဦးကိုအမေရိကန်ပြည်ထောင်စု နယူးယောက် ဆေးရုံမှာ စမ်းသပ်တွေ့နေရပါတယ်။ အဲဒီလူနာဟာ အဖျားပြင်းပြီး အစာအိမ်လမ်းကြောင်းဆိုင်ရာပြဿနာနဲ့ Mount Sinai ဆေးရုံကို တနင်္လာနေ့အစောပိုင်းက ရောက်ရှိလာပြီး သူ့ကို အခု သီးခြားခွဲထုတ်ထားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ သူဟာ အီဘိုလာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေတဲ့...

၇၂ နာရီ အပစ်ရပ်ဖို့ အစ္စရေးနဲ့ Hamas သဘောတူ

Posted by drmyochit Tuesday, August 05, 2014, under | No comments

အစ္စရေးဘက်က ပစ်ခတ်တဲ့ ဗုံးထိမှန်ပျက်စီးသွားတဲ့ အဆောက်အဦးတခု (သြဂုတ် ၃၊ ၂၀၁၄) ဂါဇာဒေသမှာ အခု အင်္ဂါနေ့ အစောပိုင်းကစပြီး အစ္စရေးနဲ့ ဟားမတ်အကြား ၇၂ နှစ်ကြာ အပစ်အခတ်ရပ်စဲ ထားဖို့ နှစ်ဖက် သဘောတူညီလိုက်ကြပါတယ်။ စစ်ဒဏ်ခံနေရတဲ့ ဂါဇာဒေသမှာ တည်မြဲတဲ့ အပစ်အခတ် ရပ်စဲရေးဖြစ်ဖို့ဆိုပြီး အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ အီဂျစ်နှိုင်းရေးမှူးတွေ ပါလက်စတိုင်း ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးနေပြီးနောက် တနင်္လာနေ့နှောင်းပိုင်းမှာ အခုလို အပစ်ရပ်ကြေညာချက်ထွက်လာတာပါ။ ရေရှည်အပစ်ရပ်ရေး...

လှိုင်သာယာ လက်ဖက်ရည်ဆိုင်တွင်း လူသတ်မှု စီစီတီဗီဖိုင် ဖေ့စ်ဘွတ်ခ်တွင် ပျံ့နှံ့နေ

Posted by drmyochit Tuesday, August 05, 2014, under , | No comments

လှိုင်သာယာမြို့နယ်ရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်၌ အ မျိုးသားတစ်ဦးကို ဓားဖြင့် ထိုးသတ်ခဲ့သည့် စီစီတီဗီမှတ်တမ်းဖိုင် ဖေ့စ်ဘွတ်ခ်တွင် ပျံ့နှံ့နေသဖြင့် ရန်ကုန်တိုင်းဒေသကြီးရဲတပ် ဖွဲ့က ထိုသို့ အင်တာနက်ပေါ်မ တင်ကြရန်သတိပေးထားသည်။ အဆိုပါ စီစီတီဗီရုပ်သံဖိုင် သည် ဖေ့စ်ဘွတ်ခ်တွင်ပျံ့နှံ့နေရာ လူအများကြည့်ရန် မသင့်လျော်သောကြောင့် တားမြစ်ရခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ Yangon Police ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ဖော်ပြထားသည်။ ‘‘ကြည့်ရှုသူပြည်သူများအ...

အမေရိကန်နဲ့ အာဖရိကနိုင်ငံ ၅၀ ထိပ်သီး ညီလာခံ ၀ါရှင်တန်မှာကျင်းပ

Posted by drmyochit Tuesday, August 05, 2014, under | No comments

မြို့တော် ဝါရှင်တန်မှာ ကျင်းပနေတဲ့ အမေရိကန်နဲ့ အာဖရိကခေါင်းဆောင်များရဲ့ အစည်းအဝေးကို နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ တက်ရောက်လာစဉ်။  အမေရိကန်သမ္မတ ဘရက်ခ်အိုဘားမားနဲ့ အာဖရိကနိုင်ငံခေါင်းဆောင် ၅၀ ကျော်တို့ရဲ့ အစည်းအဝေးကို ၀ါရှင်တန်ဒီစီမြို့တော်မှာ ကျင်းပနေကြပါတယ်။ တနင်္လာနေ့က ပြုလုပ်တဲ့ အာဖရိကလူထုအခြေပြုလူမှုအဖွဲ့အစည်း ဆွေးနွေးပွဲတွေအတွင်း တက်ရောက်လာကြတဲ့ သူတွေကို သူတို့ရဲ့ သက်ဆိုင်ရာ နိုင်ငံတွေမှာ ဒီမိုကရေစီ နဲ့ တဦးချင်းစီရဲ့အခွင့်အရေးတွေကို...

ဂျပန်ဦးနှောက်ရောင်ရောဂါကြောင့် စစ်တွေတွင် ကလေးငယ်ရှစ်ဦးသေဆုံး

Posted by drmyochit Tuesday, August 05, 2014, under | No comments

စစ်တွေဆေးရုံကြီးတွင် ဂျပန်ဦးနှောက်ရောင် ရောဂါ ကြောင့် ရက်ပေါင်းသုံးဆယ်အ တွင်း ကလေးငယ်ရှစ်ဦးသေဆုံး ခဲ့ကြောင်း သတင်းရရှိသည်။ ‘‘မနှစ်ကဆို ဖြစ်တော့ဖြစ် တယ်။ အသေအပျောက်မရှိဘူး။ ဒီနှစ်က သေတယ်ဆိုတော့ စိုးရိမ် စရာဖြစ်သွားတာပေါ့။ အခုလက် ရှိကုသနေတဲ့ ကလေးငယ်တွေအ နေနဲ့ကတော့ စိုးရိမ်စရာမရှိတော့ ပါဘူး။ တက်ခါစနဲ့စာရင် ငါးဆယ် ရာခိုင်နှုန်းကျော်ကျော်လောက် တော့ သက်သာလာပါပြီ’’ ဟု သြဂုတ် ၁ ရက်က စစ်တွေမြို့၌ ကျင်းပပြုလုပ်ခဲ့သော ကျန်းမာ ရေးဆွေးနွေးပွဲတစ်ခုတွင် ဆေးရုံ အုပ်ကြီး ဒေါက်တာစိုးထွန်း အောင်က ပြောသည်။ ရခိုင်ပြည်နယ် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနှင့် တောင်ကုတ်မြို့နယ်များတွင်...

နိုင်ငံသားဖြစ်ခွင့် လျှောက်ထားသည့် ဘင်္ဂါလီ တစ်ထောင်ကျော် ယနေ့ လူတွေ့စစ်ဆေးမည်

Posted by drmyochit Tuesday, August 05, 2014, under | No comments

စစ်တွေမြို့အနီး မန်စီကျေးရွာရှိ ဘင်္ဂါလီဒုက္ခသည်စခန်းသို့ ပြန်လာနေသည့် ဘင်္ဂါလီမိသားစုတစ်စုကို တွေ့ရစဉ် (ဓာတ်ပုံ − စိုးသန်းဝင်း/အေအက်ဖ်ပီ) မြန်မာနိုင်ငံသားဖြစ်ခွင့် လျှောက်ထားသည့် ဘင်္ဂါလီတစ် ထောင်ကျော်အား ယနေ့ လူတွေ့ စစ်ဆေးမေးမြန်းခြင်းကို မြို့နယ် အဆင့် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ သတင်းရရှိသည်။ လူတွေ့ စစ်ဆေးမေးမြန်း ခြင်းကို မြို့နယ်အဆင့် ဆောင် ရွက်ရာ၌ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးက ဥက္ကဋ္ဌအဖြစ်...

Friday, August 01, 2014

အစ္စရေး စစ်သား ဖမ်းဆီးခံရ၊ အပစ်ရပ်မှု ပျက်ပြယ်

Posted by drmyochit Friday, August 01, 2014, under | No comments

ဂါဇာ ဒေသမှာ အစ္စရေး စစ်သား တစ်ဦး ဖမ်းဆီးခံခဲ့ရတဲ့ အတွက် ၃ ရက်ကြာ အပစ်ရပ်ထားမှု ပျက်ပြယ်သွားပြီ ဖြစ်ကြောင်း အစ္စရေး စစ်တပ်က ပြောပါတယ်။ ဂါဇာ တောင်ပိုင်းက ဥမင် လိုဏ်ခေါင်းတွေကို အစ္စရေး စစ်သားတွေက ရှင်းလင်းနေစဉ် ပါလက်စတိုင်း စစ်သွေးကြွတွေက တိုက်ခိုက်ခဲ့ပြီး အစ္စရေး စစ်သားတစ်ဦး ခုလို ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ အပစ်ရပ်စဲရေးကို ဟားမတ်စ် ဘက်က စတင် ချိုးဖောက်လို့ အစ္စရေးက လက်တုံပြန် တိုက်ခိုက်ဖွယ် ရှိတာကြောင့် ဂါဇာ ဒေသခံတွေကို အိမ်အပြင် မထွက်ကြဖို့ အစ္စရေးက...

ယောက်င်္ကျားမရှိဘဲ ကလေးရလိုတဲ့ ကေတီပယ်ရီ

Posted by drmyochit Friday, August 01, 2014, under | No comments

အဆိုတော် ကေတီပယ်ရီသည် ယောင်္ကျား တစ်ဦးမရှိဘဲ ကလေးရလိုသည်ဟု ထုတ်ဖော် ပြောကြားခဲ့ပြီး မိမိတို့သည် လက်ရှိ အနာဂတ်တွင် နေထိုင်နေသူများ ဖြစ်သည်ဟုလည်း ၎င်းက အခိုင်အမာ ပြောကြားခဲ့သည်။ ကေတီပယ်ရီသည် ယခုနှစ် အစောပိုင်းက ဂျွန်မေရာနှင့် လမ်းခွဲခဲ့ပြီးနောက် လတ်တလောတွင် တေးထုတ်လုပ်သူ ဒစ်ပလိုနှင့် တွဲလျက် ရှိသည်။ ၎င်းအနေဖြင့် မိခင်တစ်ဦး ဘဝမျိုး ခံယူရန် ဆန္ဒမရှိသေးဟု ဝန်ခံထားသည်။ အသက်၂၉နှစ် ရှိပြီဖြစ်သည့် အေတီပယ်ရီသည် ကလေးယူရန် အဆင်သင့်မဖြစ်သေးခြင်းကြောင့်၂ဝ၁၁ခုနှစ်...

သဘာဝဘေးဒဏ်ကို ဆိုးရွားစွာ ခံလိုက်ရသည့် မြို့တစ်မြို့ အကြောင်း ရိုက်ကူးထားသည့် “INTO THE STORM”

Posted by drmyochit Friday, August 01, 2014, under | No comments

တစ်ကြိမ်တစ်ခါမျှ ဖြစ်ခဲ့ဖူးခြင်း မရှိတဲ့ တော်နားဒိုး မုန်တိုင်း၏ ရက်စက်ကြမ်းတမ်းသည့် တိုက်ခိုက်မှုကြောင့် Silverton မြို့ကြီးတစ်မြို့လုံးလုံးသည် တစ်ရက်တည်း မှာပင် ဆိုးဆိုးရွားရွား ပျက်စီး ဆုံးရှုံးမှုတွေ ဖြစ်ခဲ့ရသည်။ မုန်တိုင်း လေ့လာ တိုင်းထွာရေး ခန့်မှန်းကြေညာချက်သည် အဆိုးရွားဆုံး အခြေအနေမျိုး ရောက်ရှိလာမည်ကို ကြိုတင် ပြောကြား ထားသော်လည်း တစ်မြို့ လုံးသည် ပြင်းထန်သည့် ဆိုင်ကလုံး မုန်တိုင်း လက်တွင်းကို ကျရောက်ခဲ့ရသည်။ လူအများစုသည် သဘာဝဘေးအန္တရာယ်...

စောင့်ရှောက်သူမဲ့ အသက် ၈၀ ဝန်းကျင် မောင်နှမ အစ်ကို သေဆုံးသည့်ဘေး၌ ညီမ အာဟာရပြတ် လဲကျ

Posted by drmyochit Friday, August 01, 2014, under | No comments

တောင်ဥက္ကလာပမြို့နယ် ၁၄/၁ ရပ်ကွက်၊ မြင်သာ ၉ လမ်းတွင် ဇူလိုင်လ ၃၀ ရက် ညနေပိုင်းက စောင့်ရှောက်သူမဲ့ သက်ကြီးရွယ်အို မောင်နှမနှစ်ဦး နေထိုင်သည့် အိမ်အတွင်း အသက် ၈၂ နှစ်အရွယ်ရှိ ဗိုလ်ကြီးဟောင်းမှာ ပုပ်ပွသေဆုံးနေပြီး အသက် ၇၈ နှစ်အရွယ်ရှိ ညီမဖြစ်သူမှာ အာဟာရပြတ်ကာ လဲကျနေသည်ကို ရပ်ကွက်နေသူများက တွေ့ရှိခဲ့ကြောင်း တောင်ဥက္ကလာပ မြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။ အဆိုပါ သေဆုံးခဲ့သူ ဗိုလ်ကြီးဟောင်း အလောင်းမှာ မှောက်လျက်ဖြင့် ပုပ်ပွကာ လောက်များ တွယ်ကပ်နေပြီး ဘေးပတ်ဝန်းကျင် နေအိမ်များမှ အပုပ်နံ့ရသောကြောင့် မသင်္ကာသဖြင့် လမ်းအတွင်းရှိ ရာအိမ်မှူး ဖြစ်သူထံ အကြောင်းကြားခဲ့ကြောင်း၊...

တစ်နေ့လျှင် ငါးမိနစ်မျှ အပြေးလေ့ကျင့်ခြင်းဖြင့် အရွယ်မတိုင်မီ သေဆုံးမှုအန္တရာယ်ကို လျှော့ချနိုင်

Posted by drmyochit Friday, August 01, 2014, under | No comments

တစ်နေ့လျှင် ငါးမိနစ်မျှ အပြေးလေ့ကျင့်ရုံဖြင့် အရွယ်မတိုင်မီ သေဆုံးမှု အန္တရာယ်ကို သိသိသာသာ လျော့ကျစေနိုင်ကြောင်း လေ့လာမှုအသစ်တစ်ရပ်က ဖော်ပြသည်။ လေ့ကျင့်ခန်း ခေတ္တမျှ လုပ်ခြင်းဖြင့် ရရှိနိုင်သည့် ကျန်းမာရေးအကျိုးကျေးဇူးများမှာ ကျန်းမာရေးကျွမ်းကျင်သူများ ယူဆထားသည်ထက် အကျိုးပိုများကြောင်း ယင်းလေ့လာမှုရလဒ်များက ဖော်ပြသည်။ အပြေးလေ့ကျင့်ခြင်းကဲ့သို့ အားသွန်ခွန်စိုက် လေ့ကျင့်ခန်းလုပ်သူများမှာ အပြေးလေ့ကျင့်ခြင်း မရှိသူများထက် အရွယ်မတိုင်မီသေဆုံးမှု အန္တရာယ်...

မြန်မာပြည်က ကျားမိခင်များ

Posted by drmyochit Friday, August 01, 2014, under | No comments

မကြာသေးမီက ဟောင်ကောင်မှ မိခင်များကို သတင်းမီဒီယာများက ကျားမိခင်များဟုတင်စားကြ သလို မြန်မာပြည်မှာလည်း ကလေးတွေအတွက် ကျားမိဘတွေ တော်တော်များလာနေပါပြီ။ အထူးသဖြင့် ရန်ကုန်မြို့နှင့်မြို့ကြီးများက ပညာတတ်အသိုင်းအဝိုင်းမှာဖြစ်ပါသည်။ ကျားမိဘ၊ ကျားမိခင်ဆိုသည်မှာ ကလေးများကို ကျောင်းပညာရေးမှာ ထွန်းထွန်းပေါက်ပေါက်ဖြစ်လာစေရေး အတွက် နားချိန်မပေးဘဲ အတင်းအကျပ်ဖိအားသုံးပြီး ကျောင်းစာကိုလုပ်ခိုင်းနေသော မိခင်များ (သို့မဟုတ်)မိဘများကို ဟောင်ကောင်မှာခေါ်ကြသည့် စကားလုံးဖြစ်သည်။ ဟောင်ကောင်က...

နှစ်ယောက်တွဲပုံအဟောင်း ဖေ့စ်ဘွတ်ခ်တင်ခဲ့တဲ့ ထူးအယ်လင်းကို မီးမီးခဲ သတိပေး

Posted by drmyochit Friday, August 01, 2014, under | No comments

မီးမီးခဲနှင့်သမီးငယ် အဆိုတော် ထူးအယ် လင်းက ဇနီးဟောင်း အဆိုတော် မီးမီးခဲနှင့် လွန်ခဲ့သော လေးနှစ် ကျော်က တွဲရိုက်ထားသည့် ဓာတ်ပုံကို လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ် စာမျက်နှာသို့တင်ခဲ့ရာ ထိုကဲ့သို့လုပ်ရပ်များ ထပ်မံပြုလုပ်ပါက တရားရင်ဆိုင်သွားမည်ဖြစ် ကြောင်း မီးမီးခဲကပြောသည်။‘‘ထူးအယ်လင်းနဲ့ အစ်မနဲ့ တစ်သက်လုံး အဆင်မပြေနိုင် တော့ဘူး။ သူလုပ်ခဲ့တဲ့ ကိစ္စတွေ အတွက်လည်း လုံးဝခွင့်မလွှတ် နိုင်ဘူး။ တရားဝင်လည်း ကွဲပြီး သားဖြစ်တဲ့အတွက်ကြောင့် ဒီပုံ က အစ်မနဲ့လည်း မဆိုင်ဘူး။...

ဒီတစ်ပတ်ကြည့်ရမယ့် ဟောလိဝုဒ်ရုပ်ရှင် Dawn of the Planet of the Apes

Posted by drmyochit Friday, August 01, 2014, under | No comments

ဒီတစ်ပတ်ကြည့်ရမယ့် ဟောလိဝုဒ်ရုပ်ရှင် Dawn of the Planet of the Apes စိတ်ကူးယဉ် သိပ္ပံရုပ်ရှင် အဆန်း အပြားတွေကို ကြည့်ချင်သူတွေအတွက် မကြာသေးခင်ကမှ ရုံတင်ပြသနေတဲ့  ဒါရိုက်တာ Matt Reeves ရိုက်ကူးထားသော Dawn of the Planet of the Apes ဇာတ်ကားကို ကြည့်စေချင်ပါ တယ်။ ဝေဖန်ရေးဆရာတချို့က တော့ ဒီဇာတ်ကားကို သာမန် ကောင်းတယ်ဆိုတာထက် အ ကောင်းဆုံးစိတ်ကူးယဉ်သိပ္ပံ ဇာတ်ကားတစ်ကားလို့ ချီးကျူး ထားပါတယ်။ ဒီဇာတ်ကားက ၂၀၁၁ ခုနှစ်က ရုံတင်ပြသခဲ့တဲ့ Rise of the Planet...

Telenor မှ 4G ဆင်းကတ် သန်း (၃၀) စတင်ရောင်းချပေးမည်

Posted by drmyochit Friday, August 01, 2014, under | No comments

Telenor မှ 4G အထိ အသုံးပြုနိုင်သည့် မိုဘိုင်း ဆင်းကတ်သန်း (၃၀)အား (၁၅၀၀) ကျပ်နှုန်းဖြင့် ရောင်းချမည် ဖြစ်သည်။ အဆိုပါ ဆင်းကတ်များ တွင် Video Call, Voice Mail, Internet, SMS စသည့်ဝန်ဆောင်မှုများကိုလည်း ထည့်သွင်း ဆောင်ရွက်ထားကြောင်း Telenor Mynmar မှ သိရသည်။ Telenor အနေနဲ့တော့ စပြီးကတိ ပေးထားတဲ့အတိုင်း လိုင်စင်ရပြီး ရှစ်လအကြာမှ ရောင်းချပေးမယ်။ ဆင်းကတ်က 2G,3G သုံးလို့ ရပါတယ်။ ဈေးနှုန်း ချိုသာတဲ့ ဟန်းဆက်ကိုပါ ရောင်းချပေးဖို့ စီစဉ်ထားတယ် ဟု Telenor Mynmar...

ထိုင်ဝမ်က ကောင်းရှုံမြို့မှာ ဓာတ်ငွေ့ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်

ဓာတ်ငွေ့ ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၂၀ သေဆုံးပြီး လူ ၂၇၀ လောက် ဒဏ်ရာရတယ်လို့ ကနဦး သတင်းတွေအရ သိရပါတယ်။ ဘာကြောင့် စပြီး ပေါက်ကွဲတယ်ဆိုတာ မသိရသေးပေမယ့် ဓာတ်ငွေ့ပိုက်လိုင်းပေါက်တာ ဖြစ်နိုင်ကြောင်း ဒေသခံတွေက ပြောပါတယ်။ ပေါက်ကွဲမှုကြောင့် လမ်းမအလယ်မှာ ချိုင့်ခွက်ကြီး ဖြစ်သွားသလို ယာဉ်တွေအများအပြားလည်း ပျက်စီးခဲ့ပါတယ်။ ကြာသပတေးညက ပေါက်ကွဲပြီး မီးလောင်ခဲ့တာဟာ ကောင်းရှုံမြို့ရဲ့ Cianjhen ရပ်ကွက်မှာလို့လည်း သိရပါတယ်။ BBC Burm...

Pages 381234 »

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်