Tuesday, October 08, 2013

အီဂျစ် အရေးကြီးပစ်မှတ်တွေ တိုက်ခိုက်ခံရ

Posted by drmyochit Tuesday, October 08, 2013, under | No comments


အီဂျစ် နိုင်ငံမှာ အစ္စလာမ် သမ္မတဟောင်း မိုဟာမက် မော်ဆီကို ထောက်ခံကြတဲ့ သူတွေနဲ့ လုံခြုံရေးတွေ ထိတ်တိုက် တွေ့ခဲ့ကြလို့ လူ ၅၀ သေဆုံးခဲ့ရပြီး နောက်တစ်နေ့ညမှာ အရေး ကြီးတဲ့ ပစ်မှတ်တွေကို တိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။

ဆိုင်းနိုင်း တောင်ပိုင်းက လုံခြုံရေး တပ်ဖွဲ့တွေရဲ့ ဌာနချုပ်မှာလည်း ကားဗုံးခွဲ တိုက်ခိုက် ခံခဲ့ရလို့ လူ ၂ ဦး ထက်မနည်း သေဆုံး ခဲ့ရပါတယ်။

အဲဒီ တိုက်ခိုက်မှုကြောင့် အဆောက်အအုံ ပြိုကျခဲ့ရပြီး အပျက်အစီးတွေကြားမှာ လူတွေ ရှိနေနိုင်သေး တယ်လို့ သိရပါတယ်။

ဆူးအက်ဇ် တူးမြောင်း ဒေသတွင်းက အစ္စမေးလီယား မြို့အနီးမှာ အီဂျစ် စစ်သား ၆ ယောက် သတ်ဖြတ် ခံခဲ့ရအပြီးမှာ အခုလို ကားဗုံးနဲ့ တိုက်ခိုက်မှု ဖြစ်ခဲ့တာပါ။

တစ်ခါ ကိုင်ရိုမြို့က ဆက်သွယ်ရေး ဂြိုလ်တု ဖမ်းယူတဲ့ စလောင်းကိုလည်း ဒုံးလက်နက်နဲ့ ပစ်ခတ် တိုက်ခိုက်မှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်