Tuesday, October 08, 2013

ဖဲရိုက်ရင် လိုက်ရဲတာမှ သတ္တိမဟုတ်ဘူး ပြေးရဲတာလည်း သတ္တိဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင်

Posted by drmyochit Tuesday, October 08, 2013, under | No comments


စိုင်းစိုင်းခမ်းလှိုင်ရဲ့ ဘ၀ဒသနလေးတစ်ခုပါ။

ကျနော် ခြောက်တန်းနှစ်ရောက်တော့ အဖေက တစ်ချပ်မှောက်ကစားနည်းသင်ပေးတယ်။
ကျနော်တို့ နှစ်ယောက်တည်း နွေရာသီတစ်ခုလုံး ကစားကြတာပေါ့။
ဘဝတလျှောက် ဆုံးဖြတ်ချက်ချရမယ့်အခါတွေမှာ ဖဲဝိုင်းတစ်ခုလို ကျနော်ခန့် ခွဲတယ်။
ဖဲဝိုင်းတစ်ခုမှာ ကျန်ဖဲက probability ဖြစ်ပြီးတော့ ကြားဖဲက opportunity ဖြစ်ပါတယ်။
ဘယ်အချိန်မှာ ဘယ်လောက် Invest လုပ်မလဲဆိုတာနဲ့ ဘယ်လို monopolize လုပ်မလဲဆိုတာတွေရယ် အဟိန်းအဟောက် အခြိမ်းအခြောက်တွေလည်းပါဝင်ပါတယ်။
အောက်ဖဲက ကိုယ်ပိုင် Secret တစ်ခုဖြစ်ပြီး ကိုယ့်ရဲ့ အားသာချက်လည်းဖြစ်နိုင်သလို အားနည်းချက် လည်းဖြစ်နိုင်တယ်။
ဖဲသမားကောင်း တစ်ယောက်ဖြစ်ဖို့ စိတ်တည်ငြိမ်ဖို့ စိတ်ရှည်ဖို့ သည်းခံဖို့ သက်လုံကောင်းဖို့ observationကောင်းဖို့ အထူအပါးနားလည်ဖို့ စသဖြင့် အရည်အချင်းကောင်းတွေအများကြီးလိုပါတယ်။
အရေးကြီးတာတစ်ခုက ဖဲရိုက်တဲ့အခါ လိုက်ရဲတာမှသတ္တိမဟုတ်ဘူး။
ပြေးရဲတာလည်းသတ္တိပဲတဲ့။
လွမ်းတယ် အဖေရာ။

By Sai Sai Kham Leng

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်