Tuesday, October 08, 2013

ကိုယ်ပိုင်သံစဉ် သီချင်းတွေစုထားတဲ့ အိချောပို

Posted by drmyochit Tuesday, October 08, 2013, under | No comments


အိချောပိုက ခန့်စည်သူနဲ့ ဇာတ်ကားရိုက်ကူးနေပါတယ်။ ဇာတ် ကားရိုက် ကူးမှုတွေကိုလည်း ဆက်တိုက် ရိုက်ကူးဖြစ်နေသလိုသီ ချင်းတွေကိုလည်း လုပ်နေဖြစ်တယ်လို့ သိရပါတယ်။ ဒီလိုသီချင်းတွေ စီစဉ်ဖြစ် တာနဲ့ ပတ်သက်ပြီး “သီချင်းတွေက ပရိသတ်တွေတောင်းဆိုတာတို့၊ အကူအညီ တောင်း တာတို့ဆို ဆိုဖြစ်ပါတယ်။ သီချင်းတွေက ကိုယ်ပိုင်သံစဉ်သီချင်း ခုနစ်ပုဒ် လောက်လုပ်ထားတာရှိတယ်။ သီချင်းခွေ လုပ်ဖို့ အတွက်ကတော့ လော လောဆယ်အစီအစဉ် မရှိသေးပါဘူး။ ဒါပေမဲ့ ပရိသတ်တွေ တောင်း ဆိုရင်တော့ ဆိုဖြစ် သင်္ကြန်မှာ သီချင်းဆိုပေးဖို့ပြောတော့ ဆိုပေးရင်းနဲ့ လုပ်ဖြစ်သွားတယ်။ အိချောက အမှန်တိုင်းပြောရရင် သီချင်း ဆိုတာဝါသနာပါပေမယ့် သီချင်းသိပ်ဆိုတတ်တဲ့ အထဲမပါဘူး။ ပရိသတ်တွေ ရဲ့အားပါပဲ။ သီချင်းတွေက ဆရာ ဓိရာမို ရေးပေးတာပေါ့ အေးအေးလေးတွေ ပါပဲ။ အနုပညာ သမားဆိုတာ သီချင်း လည်းဆိုတတ် ရမယ် ဆိုတော့ အနည်းအကျဉ်း ကိုယ့်ဘာသာလုပ်ထားတဲ့ စိတ်ကူးလေးပါပဲ” လို့ ပြောပြပါတယ်။ 

သီချင်းတွေလုပ် ဖြစ်ပေမယ့် သင်္ကြန်တွင်းလောက်ပဲ နယ်တွေကို သွားဆိုဖြစ်တဲ့အတွက် ပရိသတ်တွေ ကိုတောင်းပန်ပါတယ်လို့ ပြောပြတဲ့ အိချောပိုက သီချင်းတွေလုပ် ထားပေမယ့် တချို့နယ်တွေက သီချင်း ဆိုပေးဖို့ ဖိတ်ကြတယ်။ အိချောကလည်း ကားရိုက်တွေလည်း ရှိနေတော့ နယ်တွေထွက်ဆိုဖို့ ဖျက်လိုက်ရတာတွေအတွက် ပရိ သတ်တွေကို တောင်းပန်ပါတယ်။ သင်္ကြန်ဆိုရင်တော့ ဆိုဖြစ် ပါတယ်။ အိချောကို ပရိသတ်တွေရဲ့ အားပေးမှုကြောင့် ကြိုးစားပြီး လုပ်သွားရပါတယ်လို့ ပြောပြခဲ့ ပါတယ်။ 
မေမွန်မောင်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်