Tuesday, October 08, 2013

အသက်အရွယ်နဲ့ လိုက်ဖက်တဲ့ ဇာတ်လမ်းမျိုးတွေပဲ ရိုက်ဖြစ်တော့ကြောင်း သင်ဇာဝင့်ကျော်ပြော

Posted by drmyochit Tuesday, October 08, 2013, under | No comments


သင်ဇာဝင့်ကျော်က ဇာတ် ကားရိုက်ကူးမှုတွေများ လာပေမယ့်လည်း ဇာတ်ရွေး ချယ်တဲ့အခါမှာတော့ ကိုယ့်အသက် အရွယ်နဲ့ လိုက်ဖက်မှုရှိတဲ့ ဇာတ် ရုပ်ကိုပဲ ပရိသတ် အ ကြိုက် ရိုက်ကူးဖြစ် တယ်လို့ ပြောပါတယ်။

“သင်ဇာတို့က တော့ ဇာတ်ရွေးချယ် တဲ့ chance သိပ်ပြီး မရှိသေးပါဘူး။ ကိုယ့် ဆီလာတဲ့ ဇာတ်ကို ကြည့် ပြီးတော့ ရိုက်ဖြစ်တယ်။ အခုချိန်မှာ ကိုယ်ရဲ့ အသက် အရွယ်ကလည်း တအား အငယ်ကြီးလည်း မဟုတ်ဘူး။ အလယ်အလတ်ဖြစ် နေတော့ ဇာတ်အစုံတော့ လာတယ်။ ဒါပေမဲ့ အမေခန်းတွေ ဘာတွေ ဆိုရင်တော့ ရိုက်ဖို့ မဖြစ်သေးဘူး။ ဒါပေမဲ့လည်း ကိုယ်နဲ့ ဒီအရွယ်မှာ လိုက်ဖက်မယ့် ဇာတ်မျိုး ဥပမာ အခု ရွယ်မှာဆိုလည်း လူငယ်ဆန်တဲ့ ဇာတ် လမ်းမျိုးရိုက်လို့ရသေးတယ်။ အဲဒီတော့ လူငယ်ဆန်တဲ့ ဇာတ်လမ်းမျိုးလေး တွေပြီးတော့ အခုရှိနေတဲ့ အရွယ်နဲ့ သင့်တင့်တဲ့ ဇာတ်မျိုးလေးတွေကိုပဲ လက်ခံပြီး ရိုက်ကူးဖြစ်နေတယ်။ ဒီအချိန်မှာ အမေ ဇာတ်ရုပ် မျိုးလာပြီး ငှားရင်တော့ ရိုက်ဖို့ အစီအစဉ် မရှိသေးပါဘူး။ သင်ဇာ ရိုက်ချင် တဲ့ဇာတ်မျိုးတော့ ရှိတယ်။ ဒါပေမဲ့ ဇာတ်လမ်း၊ ဇာတ်အိမ်က တအား ကြီးနေတော့ နောက်က ပံ့ပိုးမှုတွေ အများကြီးရှိမှ ရိုက်လို့ရမှာ ဖြစ်တဲ့ အတွက် အကောင်အထည် မဖော်နိုင်သေးပါဘူး” လို့ ပြောပါတယ်။သင်ဇာဝင့်ကျော်က ကိုယ်ရိုက်တဲ့ ဇာတ်ကားတွေက ပရိသတ် အကြိုက်နဲ့ ထပ်တူကျတာ များတဲ့အတွက်ကိုယ်ရိုက်တဲ့ ဇာတ်ကားကို ပရိသတ် အကြိုက် ဖြစ်မယ်ဆိုတာ ယုံ ကြည် တယ်လို့ဆိုပါတယ်။သင်ဇာဝင့်ကျော် က အခုအချိန်မှာတော့ အနုပညာ အလုပ်ကိုပဲ အချိန်ပေးပြီးတခြား အလုပ်လုပ်ဖို့မစဉ်းစားသေးပါဘူး လို့ ပြောပါတယ်။ “သင်ဇာက ဘယ်အသက် အရွယ်မှာ ဘာဖြစ်ရမယ်ဆို တာ မရှိ သေးပါဘူး။ ဒါပေမဲ့လည်း သင်ဇာက ဟိုးအဝေးကြီးကိုလည်း မကြည့်ဘူး။ ပစ္စုပ္ပန်ကိုပဲ ကြည့်တယ်။ အနာဂတ် ကိုလည်း မကြည့်တတ်ဘူး။ အတိတ် ကိုလည်း ပြန်မစဉ်းစားဘူး။ အဲဒီ အတွက်ကြောင့်မို့လို့ ရေ ရှည်သိပ်ပြီး မတွေးတတ်တဲ့အခါကျ တော့ ဘယ် အချိန်မှာ ဘာဖြစ်ရမယ်ဆိုတာ သိပ် ပြီး မစဉ်းစားဖြစ်ဘူး။ တခြားစီးပွား ရေးလည်း သင်ဇာလုပ်ဖို့ အစီ အစဉ် မရှိသေးပါဘူး။ လုပ်ဖြစ်ရင်လည်း အားလုံးကို အသိပေးမှာပါ။ အခုချိန် မှာတော့ အနုပညာအလုပ်နဲ့ပဲ ရုန်း ကန်နေရတာ ဆိုတော့ အနုပညာ အလုပ်အတွက်ပဲ အချိန်ပေးနိုင် သေးတယ်” လို့ သင် ဇာဝင့်ကျော်က ပြောပါတယ်။



လွင်လွင်ထွန်း

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်