Tuesday, October 08, 2013

လေယာဉ်လက်မှတ်မပါဘဲ လေယာဉ်ခိုးစီးခဲ့သော ၉ နှစ်သားကလေးငယ်

Posted by drmyochit Tuesday, October 08, 2013, under | No comments


လွန်ခဲ့သည့်သီတင်းပတ်က အမေရိကန်၏ လူကြီးများကစားရာ လတ်စ်ဗီးဂတ်သို့သွားသော လေယာဉ်တစ် စင်းပေါ်တွင် ထူးဆန်းသောခရီးသည်တစ်ဦး လိုက်ပါလာခဲ့သည်။ ၎င်းမှာ ကိုယ့်ဘာ သာကိုယ် ခရီးထွက် ခဲ့သော ကိုး နှစ်သား ယောက်ျားလေးဖြစ်ပြီး သိသာထင်ရှားသည်က ၎င်းတွင် လက်မှတ်မပါခဲ့ပေ။

အဆိုပါယောက်ျားလေးသည် အခြားခရီးသည် အားလုံး နှင့်အတူ လုံခြုံရေးကိုဖြတ်လာခဲ့ ကြောင်း သယ်ယူ ပို့ဆောင်ရေးလုံ ခြုံရေးအုပ်ချုပ်သည့်အဖွဲ့၏ကြေညာချက်တွင် ဖော်ပြထားသည်။ သို့သော်လည်း အဆိုပါ ကောင်လေးမည်သို့ပြုမူလုပ်ဆောင်ခဲ့ပြီး လေယာဉ်ပေါ် မည်သို့ရောက်ခဲ့ သည်ကိုသိရှိရန် အရာရှိများက ကြိုးစားနေဆဲဖြစ်သည်။

မင်နီယာပိုလစ်မှ လတ်စ်ဗီး ဂတ်သို့ ပျံသန်းချိန်အတွင်း Delta Flight 1651 လေယာဉ်၏အမှုထမ်း များသည် ကလေး၏အခြေ အနေများကို သံသယဝင်လာခဲ့ သည်ဟု မင်နီယာဟိုလစ်စိန့်ပေါ နိုင်ငံတကာ လေဆိပ်မှ ပြောခွင့်ရ ပုဂ္ဂိုလ် ပက်ထရစ်ဟိုဂန်က ပြော ကြားခဲ့သည်။ လေယာဉ်ဝန်ထမ်း များက လတ်စ်ဗီးဂတ်ရှိ အာဏာ ပိုင်များထံ ဆက်သွယ်အကြောင်း ကြားကာ အဆိုပါယောက်ျားလေး အား Child Protective Services ဌာနသို့ လွှဲအပ်လိုက်ကြောင်း ဟိုဂန်က ပြောကြားခဲ့သည်။

''ကံကောင်းချင်တော့ ကလေး ဘေးကင်းအောင်လို့ လေယာဉ်ဝန်ထမ်းတွေက သင့် လျော်တဲ့ အရေးယူ ဆောင်ရွက်မှုတွေလုပ်ခဲ့ကြပါတယ်။ ဒါမှလဲ ဇာတ်လမ်းက အဆုံးသတ်ကောင်း မှာလေ''ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။ အဖြစ်အပျက်ကို အလွန် လေးနက်စွာခံယူပြီး အာဏာပိုင် များနှင့် ပူးပေါင်း ဆောင်ရွက်နေကြောင်း Delta ပြောကြားခဲ့သည်။ ကလေးများတစ်ဦးတည်း သိသိသာသာလေယာဉ်စီးခြင်း နှင့်ပတ်သက်၍ လေကြောင်းလိုင်း က ၎င်း၏ပေါ်လစီကို ၎င်း၏ ဝက်ဘ်ဆိုက်တွင် ရှင်းလင်းဖော် ပြခဲ့သည်။ 

အဖော်မပါသော အသက် မပြည့်သည့်သူအစီအစဉ်မျိုး အ စိတ်အပိုင်းအဖြစ် အသက်ငါးနှစ် မှ ၁၄နှစ်အထိ ကလေးများ တစ်ဦးတည်း လေယာဉ်စီး ခရီးသွားနိုင်သည်။ Delta တစ်စုံတစ်ဦးက ကလေးများကို အထူး ဂရုစိုက် စောင့်ရှောက်သည်။ လေယာဉ်ပေါ်သို့ လမ်းလျှောက် အတူတက်ကာ ၎င်းတို့၏ ထိုင်ခုံကိုပြမည်။ ထို့အပြင် အချိန်ရလျှင် လေယာဉ်မှူးခန်းမှ အမှုထမ်းများနှင့်ပင် မိတ်ဆက်ပေးသည်ဟု Delta ဆိုသည်။

ယခုလက်မှတ်မဲ့လေယာဉ် စီးခဲ့သောကလေးသည် လေယာဉ် ပေါ်မတက်မီ အစောပိုင်းတစ်ရက် ကတည်းက လေဆိပ်ကိုရောက် ရှိခဲ့ကြောင်း လေဆိပ်အရာရှိများ ကပြောကြားခဲ့သည်။ ၎င်းသည် ပစ္စည်းတင်ချားတစ်ခုမှ ဝန်စည် စလှယ်ကို လေဆိပ်စားသောက် ဆိုင်တစ်ခုသို့ယူလာပြီး ချောင် ထိုးကာ ၎င်းအိမ်သာသို့သွားစဉ် အိတ်ကိုကြည့်ထားပေးရန် စားပွဲ ထိုးတစ်ဦးကို မှာခဲ့သည်။ နောက် တစ်နေ့တွင် လေဆိပ်သို့ရထား ဖြင့်ရောက်လာခဲ့သည်။ လုံခြုံရေး ရှင်းလင်းပြီး စစ်ဆေးခံရမှုမရှိ သလောက်ဖြင့် လတ်စ်ဗီးဂတ်သို့ သွားခဲ့သည်။

By Yangon Media Group

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်