Tuesday, October 08, 2013

ချဉ်တော့ချဉ်တယ် ကောင်းတယ်တဲ့

Posted by drmyochit Tuesday, October 08, 2013, under | No comments


အနာဂတ်
တချိန်ချိန်မှာ သံပုရာသီးလေး ရှောက်သီးလေးတွေဟာ HIV ကာကွယ်ရေးအတွက် အင်အားတစ်ခုအနေနဲ့
ဖြစ်လာမလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါပြီ။

ကနဦး
စမ်းသပ် တွေ့ရှိချက်တွေအရ သံပုရာရည် (သံပုရာသီးကို ညှစ်လို့ရလာတဲ့ အရည်) ဟာ ရောဂါပိုးနဲ့ အခြားလိင်ပိုင်းဆိုက်ရာ ကူးစက်ရောဂါပိုးတွေကို နှိမ်နင်းရာမှာ အကျိုးသက်ရောက်မှု ရှိတယ်ဆိုတာေ တွ့ခဲ့ရတယ်။

ရှောက်ရည်
သံပုရာရည်တွေကို မြေထဲပင်လယ်ဒေသနဲ့ အရှေ့တောင် အာရှက ကျေးလက်ဒေသ တွေမှာ ပဋိသန္ဓေ တားဆေး အဖြစ်ေ ရှးနှစ်ပေါင်းရာကျောက်ကတည်းက အစဉ်အဆက် သုံးစွဲလာခဲ့ တယ်လို့ သိရတယ်။ နိုင်ဂျီးရီးယားမှာဆိုရင်လည်း လိင်လုပ်သားတွေဟာ ရှောက်၊ သံပုရာရည် တွေကို အသုံးပြုလာကြတာ နှစ်ပေါင်း ကြာရှည်ရှိခဲ့ပြီလို့ထိုင်းနိုင်ငံက လွတ်တော်အမှတ်တစ်ဦး ဖြစ်ပြီး သားဆက်ခြားရေးကို မြှင့်တင်ပေးတဲ့ မီချိုင်းက
ပြောပါတယ်။

အကယ်၍
တစ်ယောက်ယောက်ကများ အကာအကွယ်မယူပဲ ကိုယ်လက် နှီးနှောမှု ပြုလုပ်ခဲ့ပြီး စိုးရိမ်ကြောင့်ကြမှုတွေ
ဖြစ်နေမယ်ဆိုရင် ပိုးရှိနေနိုင်တဲ့ အင်္ဂါ အစိတ်အပိုင်းတွေကို သံပုရာရည် ဒါမှမဟုတ် ရှောက်ရည်နဲ့ သာဆေးလိုက်ဒါဟာ ဒီအတိုင်းဘာမှ မလုပ်ပဲ ထားတာနဲ့စာရင် တော်သေးတယ်လို့ မီချိုင်းက ပြောပါတယ်။

သံပုရာတို့
ရှောက်တို့ကို သုံးတဲ့အခါ အားသာချက်ကတော့ ဈေးချိုပြီး ပေါပေါများများ တွေ့နိုင်လို့ပါပဲလို့ သူက ဖြည့်စွက်ပြောပါတယ်။ နောက်တစ်ချက်အနေနဲ့သုံးရတာ ရိုးရှင်းလို့ပဲဖြစ်တယ်။ ကိုယ်လက် မနှီးနှောခင်မှာ ဂွမ်းစကို လက်ဖက်ရည်တစ်ဇွန်းစာ သံပုရာရည်ထဲမှာ စိမ်လိုက်ပြီး အမျိုးသမီး အင်္ဂါထဲကို ထည့်ထားရမယ်။ ပွန်းပဲရှနာ ထိခိုက်ထားတာမျိုး မရှိဘူးဆိုရင် ကျိန်းစပ်နာကျင်တာတွေ ခံစားရမှာ မဟုတ်ဘူး။ ရှောက်ရည်
သံပုရာရည်က ကွန်ဒုံးကို ထိခိုက်မှာလည် မဟုတ်ဘူးလို့ မီချိုင်းရဲ့ ပြောစကားအရ သိရတယ်။

မီချိုင်း
တည်ထောင်ထားတဲ့ ထိုင်နိုင်ငံရဲ့ အကြီးမားဆုံး NGO တစ်ခုဖြစ်တဲ့ လူဦးရေနဲ့ လူမှုဝန်းကျင်ဖွံ့ဖြိုးတိုးတက်မှု အသင်း Population and Community Development Association PDA ကမဲလ်ဘုန်း တက္ကသိုလ်နဲ့ ထိုင်းပြည်သူ့ ကျန်းမာရေး ဝန်ကြီး ဌာနတို့နဲ့ ပူးပေါင်းပြီးရှောက်နဲ့ သံပုရာရည်တို့ရဲ့ အကျိုးသက်ရောက်မှုကို လေ့လာ စမ်းသပ်နေကြတယ်။ အစောပိုင်းဓါတ်ခွဲခန်း စမ်းသပ်ချက်မှာ သုတ်ပိုး ဟာ သံပုရာရည်နဲ့ တွေ့တဲ့အခါ မလှုပ်မရှားဖြစ်သွားပြီးစက္ကန့် ၃၀ အတွင်း သေသွားတယ်လို့ မီချိုင်းက ပြောကြားသွားပါတယ်။

ဒါပေမဲ့
စမ်းသပ် လေ့လာမှုတွေကို သည့်ထက်မက ပိုပြီးလုပ်ဖို့ လိုသေးတယ်လို့ မီချိုင်းက သတိပေးပြောကြား သွားပါတယ်။

သံပုရာရည်
ရှောက်ရည်ဟာ တကယ်ပဲ အစွမ်းထက်တယ်ဆိုတာကို သက်သေ သာဓက ခိုင်ခိုင်လုံလုံနဲ့ မပြနိုင်သေး သရွေ့အမျိုးသမီးတွေကို ဒီနည်းလမ်း အသုံးပြုကြပါလို့ မပြောနိုင် သေးပါဘူး။ လို့ မီချိုင်းကြ ဖည့်စွက်ပြောပါတယ်။

အကြာခင်
ကာလ အတောအတွင်းထိုင်းနိုင်ငံ ဘန်ကောက်မှာ နေရာ သုံးနေရာခွဲပြီး သံပုရာနဲ့ ရှောက်ရည်တွေဟာ ပဋိသန္ဓေတားဆီးရေးနဲ့ HIV ကာကွယ်ရေးတွေမှာ တကယ် အကျိုးသက်ရောက်မှု ရှိ၊ မရှိ ဆိုတာကို စမ်းသပ်လေ့လာမှာ ဖြစ်တယ်လို့လည်း သိရတယ်။

တကယ်တမ်းသာ
ထိထိရောက်ရောက် အကျိုးရှိနိုင်မယ်ဆိုရင်တော့ HIV ကာကွယ်ရေးအတွက် အားတက်စရာပါ။


By အေးမြချမ်း၏ “ကမ္ဘာကြီးကို ဆေးကုပေးပါ”

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်