Tuesday, October 08, 2013

မနက်ဖြန် ၉ ရက်နေ့တွင် ဆရာကြီး ဦးဂိုအင်ကာ၏ အရိုးပြာများကို မြစ်ဆုံအပါအဝင် ရန်ကုန်မြစ်နှင့် ဧရာဝတီမြစ်အတွင်း သုံးနေရာခွဲရေမျှောမည်

Posted by drmyochit Tuesday, October 08, 2013, under | No comments


ဆရာ ကြီးဦးဂိုအင်ကာ ၏ ကြွင်း ကျန် သောအရိုးပြာများကို ဆရာကြီး ၏ဆန္ဒအရ မြစ်ကြီး နားမြစ်ဆုံ အ ပါအဝင် နေရာသုံးနေရာခွဲ၍ ရေ မျှောသွားမည်ဖြစ်ကြောင်း သိ ရသည်။
ယင်းအရိုးပြာအချို့ကို ခွဲကာ ရန်ကုန်မြစ်၊ မြစ်ကြီးနားရှိ ဧရာဝတီမြစ်နှင့် မန္တလေးမြို့၏ဧရာ ဝတီမြစ် အတွင်းသို့ ရေမျှောပူဇော် မည်ဖြစ်သည်။

''ဆရာကြီးရဲ့ အရိုးပြာကို ၉ရက်နေ့မှာ မြစ်ကြီးနားရှိဧရာ ဝတီမြစ်ထဲကို မျှောမယ်။ ဖာမစီ ရွာကနေက ရွတ်ဆိပ်ကိုသွားမယ်။ ပြီးတော့ သင်္ဘောနဲ့ မြစ်ဆုံကို ရောက်နိုင်သမျှရောက်အောင် သွားပြီး အရိုးပြာတွေကို မြစ်ရေ ထဲမျှောပြီး ပူဇော် သွားပါမယ်။ ဘာ ကြောင့် မြစ်ဆုံ မှာ အရိုးပြာတွေ မျှောရလဲဆိုရင် ဆရာကြီးက မြစ် ကြီးနားမှာ နေခဲ့ဖူး တယ်။ မြစ်ကြီး နားမှာ ဗုဒ္ဓသာသနာတော်ပြန့်ပွား စေ ချင်တယ်။ မြစ်ဆုံ မှာရေမျှော ရတာ ဆရာကြီးရဲ့ဆန္ဒအရပါ။ အခု မြစ်ကြီးနားမှာ တရားစခန်း ဖြစ်မြောက်အောင် ကြိုးစားနေပါ တယ်''ဟု ဦးဂိုအင်ကာ၏ တပည့်၊ ဓမ္မဇောတိရိပ်သာတာဝန်ခံ တရား ပြဆရာ ဦးသောင်းဖေက ပြော သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ပြန်ကြားရေးမှူးဦးရဲထက်က ''ဆ ရာကြီးက မသေခင်ကတည်းက ဧရာဝတီမြစ်ကို ချစ်တာ။ ၁၉၄၅ လောက်က သူ ဟိန္ဒူဘာသာနဲ့ ဧရာဝတီမြစ်အကြောင်း ကဗျာ ရေးခဲ့ဖူးပါတယ်။ ဒါကြောင့် ဆရာကြီးရဲ့ အရိုးပြာကို ဧရာဝတီမြစ် ထဲမှာ မျှောသွားမှာပါ။ ဧရာဝတီ မြစ်ထဲမှာ သင်္ဘောအစီး၃ဝနဲ့ရွတ် ဖတ်သရဇ္ဈာယ်ပြီး ဆရာကြီးရဲ့ အရိုးပြာတွေကိုမျှောဖို့ ဆရာတော် အရှင်ဉာဏိဿရက စီစဉ်ထား တယ်လို့မိန့်ပါတယ်''ဟုဆိုသည်။

ဆရာကြီးဦးဂိုအင်ကာ၏ အရိုးပြာများကို ကမ္ဘာ့ဝိပဿနာ စေတီတည်ရှိရာ အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့မှ မွေးရပ်မြေ မြန်မာ နိုင်ငံသို့ အောက်တိုဘာ ရရက် တွင် ပြန်လည်ပင့်ဆောင်ခဲ့ပြီး ဓမ္မ ဇောတိရိပ်သာတွင် အပူဇော်ခံ ထားကာ အောက်တိုဘာ ၈ ရက် ၁ဝနာရီ မိနစ်၃ဝတွင် ဗိုလ်တ ထောင် ဆိပ်ကမ်းသို့ အရိုးပြာ အချို့ ပင့်ဆောင်ပြီး ရန်ကုန်မြစ် အတွင်း မျှော မည်ဖြစ်သည်။

အောက်တိုဘာ ၈ရက် ညနေ ၃နာရီမှ ၅နာရီအထိ အလံပြ ဘုရားလမ်း ပါ့ခ်ရွိုင်ရယ် ဟိုတယ်၌ မိသားစု ဝင်များ၊ ဆွေမျိုး၊ ယော ဂီ၊ စီးပွားရေး လုပ်ငန်းရှင်များ မှ ဂါရဝပြုမည်ဖြစ်ပြီး အောက်တိုဘာ ၉ ရက် တွင် မြန်မာ့လေကြောင်း လိုင်းဖြင့် ဆရာကြီး၏ အရိုးပြာ များကို မြစ်ကြီးနား သယ်ကာ မြစ် ဆုံ၌ ရေမျှောပူဇော် မည်ဖြစ်သည်။

အောက်တိုဘာ ၁ဝရက်တွင် မန္တလေး ဓမ္မမဏ္ဍလ ရေတံခွန်တောင် ရိပ်သာတွင် ကမ္ဘာ့သာသနာပြု သီတဂူ ဆရာတော် ဘဒ္ဒန္တဒေါက် တာဉာဏိဿရ ဆရာတော်ကြီး အစီအစဉ်ဖြင့် ဆရာကြီး၏မွေး ဇာတိ မန္တလေးမြို့ရှိ ဧရာဝတီမြစ် တွင်း၌ ရေမျှောမည်ဖြစ်သည်။
By Yangon Media Group

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်