Tuesday, October 08, 2013

အီလက်ထရောနစ် ဥပဒေတွင် ငွေဒဏ်ကျပ်သိန်း ၅၀ မှ သိန်း ၁၀၀ ထိ ချမှတ်နိုင်မည့် ပုဒ်မထပ်ဖြည့်

Posted by drmyochit Tuesday, October 08, 2013, under | No comments


အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း တွင် ငွေဒဏ် ကျပ်သိန်း ၅၀ မှ ကျပ်သိန်း ၁၀၀ ထိ ချမှတ်နိုင်မည့် ပုဒ်မကို ထပ်ဖြည့်ရန် ဥပဒေကြမ်း ကော်မတီက ယနေ့ ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ တင်သွင်းလိုက်ကြောင်း လွှတ်တော် ကိုယ်စားလှယ် များက ပြောကြားသည်။ 

တပ်မတော်အစိုးရက ရေးဆွဲခဲ့သည့် အဆိုပါ ဥပဒေ ပြစ်မှုပြစ်ဒဏ် ချမှတ်ခြင်းဆိုင်ရာ အခန်းတွင် ထောင်ဒဏ် ခုနစ်နှစ်မှ ၁၅ နှစ် ချမှတ်နိုင်သည်ဟု ရေးဆွဲထားပြီး ဥပဒေကြမ်း ကော်မတီက ပြန်လည် ပြင်ဆင်ထားသည့် ဥပဒေကြမ်းတွင် ထောင်ဒဏ် ငါးနှစ်မှ ခုနစ်နှစ် သို့မဟုတ် ငွေဒဏ်ကျပ် သိန်း ၅၀ မှ ကျပ်သိန်း ၁၀၀ ထိ ကျခံရမည်ဟု ပြင်ဆင်လိုက်ခြင်း ဖြစ်သည်။
“အရင်က ငွေဒဏ်ကို ထည့်မထားဘူး။ ပြစ်မှု ကျူးလွန်သူတိုင်း ထောင်ကျနေတယ်။ အဲ့ဒါကြောင့် ငွေဒဏ် ထပ်ဖြည့်ဖို့ ပြင်ဆင်ရတာပါ” ဟု အဆိုပါ ဥပဒေကြမ်းကို ပြင်ဆင်ရန် အဆိုတင်သွင်းသူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ဆိုသည်။ 

အဆိုပါ အီလက်ထရောနစ် ဥပဒေကြမ်း၏ ပြစ်မှုပြစ်ဒဏ်ဆိုင်ရာ အခန်းတွင် ထောင်ဒဏ် လျော့ပေါ့ခြင်းနှင့် ငွေဒဏ် ချမှတ်နိုင်သော ပုဒ်မ ထပ်ဖြည့်ပေးရုံဖြင့် မလုံလောက်ကြောင်း၊ အဆိုပါ ဥပဒေသည် နိုင်ငံတကာ စံနှုန်းများဖြင့် ယှဉ်ရမည် ဖြစ်သောကြောင့် လွှတ်တော်ကိုယ်စားလှယ် များအနေနှင့် လူ့အခွင့်အရေးနှင့် ကိုက်ညီသော အချက်များကို ပိုမိုထည့်သွင်း ပြင်ဆင်စေလိုကြောင်း အဆိုပါဥပဒေဖြင့် ထောင်ဒဏ် ကျခံခဲ့ရသူ ဦးဇော်သက်ထွေးက The Voice သို့ ပြောကြားသည်။ 
“ငွေဒဏ် ဖြည့်ပေးတာကို ပြောရင် ကောင်းတယ်လို့ ဆိုရမယ်။ အခြားအချက်တွေက နိုင်ငံတကာစံနှုန်းနဲ့ မညီသေးဘူး” ဟု ၎င်းကဆိုသည်။ 

အဆိုပါ ဥပဒေကို ပြင်ဆင်ရန် အဆိုကို ပြည့်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က သြဂုတ်လ ၁၂ ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ တင်သွင်းခဲ့ပြီး ယင်းဥပဒေကို ပြင်ဆင်ရန် လွှတ်တော်က ကန့်ကွက်သူမရှိ ထောက်ခံခဲ့ကြသည်။ 

By The Voice

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်