Tuesday, October 08, 2013

မွန်မြတ်တဲ့ ပရဟိတစိတ်ထားနဲ့ နန်းခင်ဇေယျာအလှတရား

Posted by drmyochit Tuesday, October 08, 2013, under | No comments


ဂျပန်နိုင်ငံ အိုကီနာဝါမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့အဆင့်ပြိုင်ပွဲ ကြီး Miss International 2012 က နေ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ နန်းခင်ဇေယျာ ဟာ ကမ္ဘာ့ အလယ်တွင် နှစ်ပေါင်းများစွာ ပျောက်ဆုံးနေခဲ့သော အောင် မြင်မှု တစ်ခုကို ဆုပ်ကိုင် ကာ ၂ဝ၁၂ခုနှစ်မှာ မြန်မာနိုင် ငံကို ပြန် လည်ရောက်ရှိလာပါတယ်။ Miss International 2012 ပြိုင်ပွဲကြီးကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မြန်မာနိုင်ငံ အတွက် အောင်မြင်မှုကို သယ်ဆောင်လာခဲ့တဲ့ နန်းခင်ဇေယျာက အခု အချိန်မှာဆိုရင် အနုပညာ အလုပ်တွေလည်း လုပ်လာသလို ပရဟိတအလုပ်တွေလည်း ဆက်တိုက်လုပ်လာတာကိုတွေ့ ရပါတယ်။ Miss International 2012 ပြိုင်ပွဲဝင် မပြိုင် ခင်က တည်းက ပရဟိတအလုပ်တွေကို လုပ်ချင်စိတ်ရှိခဲ့တဲ့ နန်းခင်ဇေယျာကပြိုင်ပွဲဝင်ပြိုင်ပြီး တဲ့နောက်ပိုင်းမှာ ပရဟိတအလုပ်တွေ ဆက်တိုက်လုပ်ဖြစ်လာခဲ့ကြောင်း လည်း ပြော ပါတယ်။

” Miss Myanmar Crown ရတဲ့အချိန်မှာ ညီမတို့ပရဟိတလုပ်မယ်ဆိုပြီး စုလိုက်သေးတယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်းက မလုပ်ဖြစ်သေးဘူး။ နောက်ပိုင်းမှ ညီမဂျပန်မှာ ပြိုင်ပွဲဝင်ပြိုင်တဲ့အချိန်မှာ ပရဟိတနဲ့ပတ်သက်ပြီး အသေးစိတ်သင်လာရတယ်။ Miss တစ်ယောက်က ဒီလို ပရဟိတ လုပ်မယ့် စိတ်တွေလည်းရှိဖို့ သင်လာရ တဲ့နောက်ပိုင်းမှာ ညီမပရဟိတတွေ ဆက်တိုက်လုပ်လာရတယ်။ နိုင်ငံတကာ ရဲ့ စံပြတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့် ပရဟိတတွေ လုပ်ဖို့လိုပါတယ်။ ညီမလုပ်နေတဲ့ ပရဟိတက တခြားနိုင်ငံက လုပ်နေတဲ့ပရဟိတလောက် မပြောပလောက်ပါဘူး။ ညီမအနေနဲ့ ကိုယ်တတ်နိုင်သလောက်အားတဲ့အချိန်မှာ လုပ်နေပါတယ်။

“ညီမတို့ Miss အနေနဲ့ ရုပ်လှတာထက် စိတ်လှပြီး အားလုံးပြည့်စုံဖို့ လိုအပ်ပါတယ်။ Model တစ်ယောက်နဲ့ Model ဆိုတာ ကွာပါတယ်။ မယ်တွေကလည်း ဟိုဘက် နိုင် ငံတွေမှာဆိုရင်မယ်ရပြီးတာနဲ့ ပရဟိတတွေ လုပ်လာကြတယ်။ လူသားတွေကို စာနာမှု၊ ထောက်ထားမှုတွေနဲ့ မြန်မာနိုင်ငံရဲ့ စံပြတစ်ယောက် အဖြစ် နေရပါ တယ်” လို့ ပြောပြခဲ့ပါတယ်။

Miss International 2012 ပြိုင်ပွဲဝင်ပြိုင်ခဲ့ပြီးတဲ့ နောက်ပိုင်းမှာတတ်နိုင်သလောက် ပရဟိတတွေ ဘက်တိုက်လုပ်ဖြစ်လာခဲ့တဲ့ နန်းခင်ဇေယျာက ဆောင်ရွက် ခဲ့တဲ့ ပရဟိ တတွေ အကုန်လုံးက သူ့အတွက် အမှတ် တရရှိစေတဲ့အပြင် ဦးကျော်သူ ဦးဆောင်တဲ့ နာရေး ကူညီမှုအသင်းမှာလုပ်ဖြစ်ခဲ့တဲ့ပရဟိတ အလုပ်က တော့ ပိုပြီးအ မှတ်တ ရရှိပြီးဝမ်းသာခဲ့ရကြောင်း ဖွင့်ဟ ပြောပြတယ်။ ” ညီမဘဝတစ်သက်တာ အမှတ်တရကတော့ ဦးကျော်သူရဲ့ နာရေးကူညီမှုအသင်းမှာ ညီမသွားလုပ်တဲ့ အချိန်မှာ ညီမကို ယုံယုံကြည်ကြည်နဲ့ အလုပ်ပေးလုပ်ခဲ့တဲ့အတွက်ကြောင့် ညီမတအားဝမ်းသာပါတယ်။ လူဆိုတာ မွေးတဲ့ တစ်နေ့၊ သေတဲ့တစ်နေ့လေ။သေကြတဲ့ အချိန် မှာ လူတွေက ပူဆွေးသောက ဖြစ်နေကြတယ်။ အဲလို ပူဆွေးသော က ဖြစ်နေတဲ့အတွက်ကြောင့် ထက်ဝက်လျော့သွားအောင်ညီမတို့လုပ်ပေးနိုင်ခဲ့ တဲ့ ပီတိက ဘယ်အရာနဲ့မှ လဲလို့မရပါဘူး” လို့ ပြောပြ ခဲ့ပါတယ်။စက်တင်ဘာ ၂၂ရက်နေ့မှာ အရိုးကင် ဆာဝေဒနာနဲ့ ကွယ်လွန်ခဲ့တဲ့ဧရာဝတီတိုင်း၊ ဒေးဒရဲ မြို့နယ်၊ ကျံဒတ်ကျေးရွာ အုပ်စုမှာအသက် ၉ နှစ် အရွယ်ရှိ ကလေးငယ်မောင် နန်းထိုက်အောင်ရဲ့ နာရေးအလှူကို လည်းနန်းခင်ဇေယျာ သွား ရောက်လှူဒါန်းပေးခဲ့ ပါတယ်။ မောင်နန်း ထိုက်အောင်ရဲ့ နာရေးမှာ ကူညီ ပေးဖြစ်ခဲ့ပုံနဲ့ပတ်သက်ပြီး နန်းခင်ဇေယျာက” ဒီကလေးက ညီမတာဝန် ယူထားတဲ့ကလေးလေးပါ။ ညီမ တာဝန်ယူထားတာဖြစ်တဲ့ အတွက် သူ့ရဲ့နောက်ဆုံးလမ်း ခရီးမှာဖြောင့်ဖြောင့်သွားစေချင်တယ်။ ဒီကလေးက ညီမကို တအားကြီး တွယ်တာတဲ့ ကလေးပါ။ သူညီမအိမ်မှာကစားမယ်ပြော တုန်းက ညီမသူ့ဆန္ဒမဖြည့် ဆည်းပေးနိုင်ခဲ့ ဘူး။ သူအခုလိုရုတ်တရက်ဆုံးသွားတဲ့အချိန်မှာ ဒီဘက်မှာလည်း ညီမအလုပ်တွေအများကြီး ရှိတဲ့အထဲမှာ အားလုံးဖျက် ပြီး သူ့ရဲ့နောက်ဆုံးခရီးကို ညီမလိုက်ပို့ပေးခဲ့ ပါတယ်။ ညီမရှာ ထားတဲ့ငွေနဲ့ သူတို့ ကိုထောက်ပံ့ ပေးတယ်” ပြောပြခဲ့ပါတယ်။

ပရဟိတအလုပ်ကို Title ၈ ခုနဲ့ လုပ်ဆောင်နေကြောင်း ပြောတဲ့ နန်းခင်ဇေယျာက နောက်ထပ်လည်း ပရဟိတတွေ လုပ်သွားဖို့ရှိကြောင်းပြောပါတယ်။ ” ပထမဦးဆုံး သက်ကြီး ရွယ်အိုတွေ၊ HIV, AIDS ပြီးတော့ကလေးလေးတွေရဲ့ ပညာရေး၊သထုံနဲ့ ရှမ်းပြည်နယ်မှာရှိတဲ့ ကလေးတွေကိုလည်း ပညာရေးနဲ့ပတ် သက်ပြီးဆွေး နွေး ပွဲ တွေ လုပ်ဖြစ်ခဲ့တယ်။ Title ၈မျိုး နဲ့ညီမလုပ်ဖြစ်နေပါတယ်။ညီမ အနေနဲ့ပရဟိတ တွေကို အားရင် အားသလိုလုပ်ဖြစ်သွားမှာပါ” လို့ ပြောပြခဲ့ပါတယ်။



တွယ်တာ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်