Tuesday, October 08, 2013

မြန်မာပြည်၏ ဒုတိယအမြင့်ဆုံးတောင်ပေါ်တက်ခဲ့သည့် မှတ်တမ်းအား နိုင်ငံတကာမှာပြတော့မည်

Posted by drmyochit Tuesday, October 08, 2013, under | No comments


မြန်မာ-အမေရိကန် ချစ်ကြည်ရေးတောင်တက်အဖွဲ့ဝင်များ အောင်မြင်စွာ တက်ရောက်နိုင်ခဲ့သည့် ဂမ်လန်ရာဇီ တောင်တက်ခရီးစဉ်မှတ်တမ်းကို နိုင်ငံတကာတွင် သွားရောက်ပြသမည်ဟု ထူးဖောင်ဒေးရှင်းမှ သတင်းရရှိသည်။ ဂမ်လန်ရာဇီတောင်တက်ခရီးစဉ် မှတ်တမ်းကို လာမည့်နှစ် ၂၀၁၄ ခုနှစ် ဇန်န၀ါရီတွင် ပြည်တွင်း၌ ပြသမည်ဖြစ်ပြီး အမေရိကန်နှင့် နိုင်ငံတကာတွင်ပါ တောင်တက်နှင့် ပတ်သက်သည့်ပွဲများ၌ ပြသသွားမည်ဟု ထူးဖောင်ဒေးရှင်း အမှုဆောင်အရာရှိချုပ် ဦးပေါ်မြင့်ဦးက ပြောသည်။ အဆိုပါ ခရီးစဉ်မှတ်တမ်းတွင် ဂမ်လန်ရာဇီတောင် တက်ရောက်ရန် စတင်ထွက်ခွာသည်မှာ အောင်မြင်စွာတက်ရောက်နိုင်သည့် တောင်တက်ခရီးစဉ် နှင့် လမ်းတစ်လျှောက် လုပ်ဆောင်လာခဲ့သည့် ကျန်းမာရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လူမှုရေးနှင့် ပညာရေးလုပ်ငန်းများ ပါဝင်သည်ဟု သိရသည်။

“ပြည်တွင်းမှာရော၊ နိုင်ငံတကာမှာပါ ပြသသွားဖို့ ရှိပါတယ်။ နိုင်ငံတကာမှာ ဘယ်အချိန်ပြမလဲ၊ ဘယ်ပွဲတွေမှာ ပြမလဲဆိုတာကတော့ စီစဉ်နေတုန်းပါ”ဟု ဦးပေါ်မြင့်ဦးက ပြောသည်။ မြန်မာနိုင်ငံ၏ ဒုတိယ အမြင့်ဆုံးတောင်ဖြစ်သည့် ဂမ်လန်ရာဇီတောင်ကို ထူးဖောင်ဒေးရှင်း၏ စီစဉ်မှုဖြင့် အမေရိကန်တောင်တက်အဖွဲ့ဝင် ငါးဦးနှင့် မြန်မာနိုင်ငံ တောင်တက်အသင်းဝင် နှစ်ဦးတို့ ပါဝင်သည့် ချစ်ကြည်ရေး တောင်တက်အဖွဲ့သည် သြဂုတ် ၁၃ ရက်က စတင်ထွက်ခွာခဲ့ပြီး စက်တင်ဘာ ၇ ရက်တွင် တောင်ထိပ်သို့ အောင်မြင်စွာ တက်ရောက်နိုင်ခဲ့သည်။

By 7Day Daily

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်