Wednesday, July 04, 2012

နေရာပျောက်တော့မဲ့ အိုဘားမား

Posted by Anonymous Wednesday, July 04, 2012, under | No comments

အခုတစ်လော တွေ့ရတဲ့ပြောင်းပြန် ကိစ္စရပ်လေးတွေကို တင်ပြလိုပါတယ်။ အဲဒါကတော့ ဒေါ်စုရဲ့ နိုင်ငံခြားခရီးစဉ်နဲ့ ပတ်သက်လို့ပါ။ လက်ရှိအစိုးရသစ် မတိုင်ခင် စစ်အစိုးရလက်ထက် အင်တာနက်ပေါ်က ဒီမိုတွေရဲ့ ဝက်ဆိုဒ်တွေမှာ ဒေါ်စုရဲ့ ဂုဏ်ပုဒ်များနဲ့ ပတ်သက်ပြီး အင်မတန်မှ အမွှန်းတင်ပြီး ရေးသားကြတာ တွေ့ခဲ့ရပါတယ်။ ပြည်တွင်းပုဂ္ဂလိက ဂျာနယ်တွေကတော့ စာပေစိစစ်ရေး လက်ချက်မိပြီး ဒါမျိုးတွေ သိပ်ဖော်ပြလေ့ မရှိခဲ့ကြပါ။ ဒါပေမယ့် အခုတွေ့ရတာ ကတော့ပြောင်းပြန်ဖြစ်နေပါတယ်။ အင်တာနက်ပေါ်က ဒီမိုဝက်ဆိုဒ်တွေမှာ ဒေါ်စုရဲ့ဥရောပ ခရီးစဉ်အတွင်း အပြောအဆို လွဲချော်မှုတွေ၊ အစီအစဉ် လွဲချော်မှုတွေနဲ့ ဒေါ်စုရဲ့ပုဂ္ဂလိက ရေးရာများကိုပါ တိုက်ခိုက်လာတာ တွေ့ရပါတယ်။ပြည်တွင်းဂျာနယ် တွေရဲ့ မျက်နှာဖုံး သတင်းမှာ တော့ဒေါ်စု ဓါတ်ပုံတွေက မမြင်ချင်အဆုံးပါ။ရေးထားတာတွေကလဲ တကယ့်ကိုဒေါ်စုဟာ ကမ္ဘာ့ခေါင်းဆောင်ကြီးလိုလို။ အိုဘားမားနေရာပဲလုတော့မလိုလို အမွှန်းတင်ရေးထား တာတွေလဲတွေ့ရပါရဲ့။ နာမည်ရှေ့ကနေ ထည့်ထားတဲ့ ဂုဏ်ထူးဆောင် ဂုဏ်ပုဒ်တွေကလဲ မျိုးစုံအမွှန်းတင်ရေးထားတာ၊ပြည်တွင်း ဂျာနယ်တွေမှာတွေ့ရပါရဲ့။

မျက်စိတော့လည်နေပြီ။ ဒေါ်စုဟာမြန်မာနိုင်ငံအတွက် ဘာတွေ ဂုဏ်ထူးဆောင် ပေးခဲ့လဲတော့ မသိဘူး။ ဒီမိုကရေစီရဖို့ ကိစ္စဟာ ဒေါ်စုလုပ်ခဲ့တာလို့ ပြောချင်တာလား။ မဟုတ်ဘူးထင်တယ်။ စစ်အစိုးရက သူ့ဟာသူ အချိန်တန်လို့ ပြောင်းပေးတာပဲ မဟုတ်လား။ စစ်အစိုးရက မပြောင်းပေးဘူး ဆိုရင်ဒေါ်စု ဘာတတ်နိုင်မှာလဲ။ အိမ်ထဲကနေတောင်ပြောမြောက်ပြောလျှောက်ပြောနေရုံပေါ့။ အခြေအနေတစ်ခုကို စဉ်းစားကြည့်တာပါ။ပြည်တွင်းဂျာနယ်တွေမှာရေးထားတာလေးတွေ ထပ်ပြီးလေ့လာ လိုက်တော့ဒေါ်စုဟာမြန်မာမှုတွေကို အလွန်ပဲမြတ်နိုးကြောင်း၊အောက်စဖို့စ် တက္ကသိုလ်မှာတက်တုန်းက မြန်မာဆန်ဆန်ပဲ ဝတ်စားကြောင်း ရေးထားတာ တွေ့ရတော့ မြန်မာမှုတွေကို အလွန်ပဲမြတ်နိုးသလိုလို။ ဒါဆိုရင် ဘာလို့ အင်္ဂလိပ်ကြီးကို လင်တော်ခဲ့ရ တာလဲ။ ဒီကိစ္စကို အသေးအဖွဲ့လေး လိုပြည်တွင်း ဂျာနယ်မှာရေးနေကြတဲ့ ပုဂ္ဂိုလ်တွေက သဘောထားနေတာလား။ နောက်ပြီး ILO မှာပြောခဲ့တဲ့ မိန့်ခွန်းထဲမှာ သူ့သားငယ်လား၊ သားကြီးလား တော့မသိ၊ အလက်ဇန္ဒြားလို့ ပြောသွားတယ်။

 မြန်မာမိခင် တစ်ယောက်ရဲ့ သားကမြန်မာ နာမည် မရှိဘူးလား။ ကမ္ဘာ့ အဖွဲ့အစည်းကြီးရဲ့ရှေ့မှာ ကိုယ့်သားရဲ့မြန်မာလိုနာမည်ကို ရှိခဲ့ရင် ထည့်မပြောရဲ ဘူးလား။ဒေါ်စုဟာမြန်မာမှုတွေကိုမြတ်နိုးသူ တစ်ယောက်ဆိုတာ ဟုတ်ပါ့မလား။မြန်မာနိုင်ငံရဲ့ ခေါင်းဆောင် လုပ်ချင်နေတဲ့ လူတစ်ယောက်က ဒီလိုအမှားတွေ ကျူးလွန်လို့ရသလား။ ဂျာနယ်တွေမှာရေးနေတဲ့ ဂျာနယ် လစ်ကြီး တွေကလစ်ပြီဆိုပြီး အုပ်ထည့်လိုက် ပုံရတယ်။ ဂျာနယ်လစ်တွေရဲ့ ဆူလွယ်နပ်လွယ် အရေးအသားတွေက အရောင်တွေပါနေတာတွေ့ရတယ်။ဒေါ်စုရဲ့ဂုဏ်ထူးဆောင်မှုတွေကို ရေးချင်တယ်ဆိုရင် ဒေါ်စုဘာတွေလုပ်ခဲ့ သလဲဆိုတာ ပြန်ကြည့်ဖို့ လိုမယ်လို့ ထင်ပါတယ်။

ရေးထားတဲ့ ဂျာနယ်လစ်တွေ အနေနဲ့ပြီးခဲ့တဲ့ ကာလတွေမှာ စစ်အစိုးရကြောင့် နိုင်ငံမတိုးတက်ဘူးလို့ ထင်နေတာလား။ ဒါဆို ဒီအချိန်တွေတုန်းက မြန်မာနိုင်ငံကို နိုင်ငံတကာကဝိုင်းပြီး ဖိအားပေးဖို့ပြောတဲ့ အထဲမှာဒေါ်စုလဲပါတာပဲ။မြန်မာနိုင်ငံကို မတိုးတက်စေတာဒေါ်စုလဲပါတယ်လို့ပြောလို့ ရတယ်။နောက်ပြီးဒေါ်စုဒီလိုနေရာကိုဘယ်လိုရောက်လာသလဲဆိုတာလဲ အခုရေးထားတဲ့ ဂျာနယ် လစ်တွေ သိပုံ မပေါ်ဘူး။ ဒေါ်စုရဲ့မိခင်ကြီး ဒေါ်ခင်ကြည် နေမကောင်းလို့ မြန်မာပြည်ပြန်လာခဲ့တာ ခရီးသွားဟန်လွဲနဲ့ စင်ပေါ်ကိုရောက်ခဲ့ရတာ လူတိုင်းသိပါတယ်။

မဟုတ်လို့ ကတော့မြန်မာပြည်ကိုပြန်လာ စရာလမ်းမမြင်။ မြန်မာနိုင်ငံ ရောက်တော့ဘယ်လို လူမျိုးတွေနဲ့ ဘယ်လိုအသိုက်အဝန်းက စင်ပေါ်တင်ပေး လိုက်တယ်ဆိုတာ ကိုလည်း မမေ့ကြပါနဲ့ဦး။ သူ့အနားမှာရှိနေတဲ့ ပုဂ္ဂိုလ်ကြီးတွေကလဲ The strongest socialistism ကနေ အရောင်ပြောင်း ဒီမိုသမားတွေဆိုတာလဲ မမေ့ကြပါနဲ့ဦး။ ဒီလူတွေလက်ထဲသာ အာဏာရောက်သွားလို့ ကတော့ ဘယ်လိုလာဦးမလဲ မသိဘူးနော်။ မြန်မာနိုင်ငံမှာတောင် ဘာမှခေါင်းဆောင်ပြီး ကောင်းတာတစ်ခုမှ မလုပ်ရသေးဘဲနဲ့ ကမ္ဘာ့ခေါင်းဆောင်လို့ အမွှမ်းတင်နေတာကတော့ သိပ်လွန်နေပြီထင်တယ်။မန်မာနိုင်ငံရဲ့ အပြောင်းအလဲကို သိပ်ပြီးဖြစ်ချင်နေကြတဲ့ ကိုကိုဂျာနယ်လစ်တွေ အနေနဲ့တစ်ခါတစ်လေ ပြောင်းပြန် စဉ်းစား ကြည့်ကြ ပါဦးလို့.....
 မောင်ပြောင်းပြန်




                                     



0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်