Wednesday, July 04, 2012

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးကမ္ဘောဒီးယားနိုင်ငံသို့ အလည်အပတ်ခရီးသွားရောက်ခြင်း

Posted by Anonymous Wednesday, July 04, 2012, under | No comments


ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Jeremy Browne သည်ဗြိတိန်-အာဆီယံဆက်ဆံရေးနှင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ရန် ၂ ရက်ကြာအလည်အပတ်ခရီးအဖြစ် ဇူလိုင်လ ၂ ရက်နေ့ညနေပိုင်း တွင် ကမ္ဘောဒီးယားနိုင်ငံသို့ရောက်ရှိခဲ့ပါသည်။ ၎င်း၏အလည်အပတ်ခရီးစဉ်သည်ဟောင်ကောင်၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ထိုင်း နိုင်ငံများသို့ဒေသဆိုင်ရာအစီအစဉ်တစ်ရပ်၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ကြောင်း ဖနွမ်းပင်ရှိဗြိတိန်သံရုံးမှထုတ်ပြန်ချက်အရသိရှိရပါသည်။ ကမ္ဘောဒီးယားနိုင်ငံတွင်နေထိုင်စဉ်ကာလအတွင်း Browne သည် ဝန်ကြီးချုပ် Hun Sen၊ဗြိတိန်စီးပွားရေးလုပ်ငန်း ခေါင်းဆောင်များ၊ နယ်ဘက်လူမှုအဖွဲ့အစည်း ၏ကိုယ်စားလှယ်များနှင့် တွေ့ဆုံမည်ဖြစ်ပါသည်။ Browne သည် ၂ဝ၁ဝပြည့်နှစ်မေလတွင်ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရပြီးဗြိတိန်အစိုးရမှ ကမ္ဘောဒီးယားနိုင်ငံသို့ လာရောက်လည်ပတ်သော ပထမဆုံး နိုင်ငံခြားရေးဝန်ကြီးဖြစ်ကြောင်း သိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်