Wednesday, July 04, 2012

တူရကီသည် အီရန်မှသဘာဝဓာတ်ငွေ့တင်သွင်းမည်ဖြစ်ကြောင်း

Posted by Anonymous Wednesday, July 04, 2012, under | No comments


တူရကီနိုင်ငံအနေဖြင့် လွန်ခဲ့သည့်သီတင်းပတ်အတွင်း ပေါက်ကွဲဖျက်ဆီးခဲ့သည့် ပိုက်လိုင်းမှတစ်ဆင့် အီရန်နိုင်ငံမှ သဘာဝဓာတ်ငွေ့များအား ဇူလိုင်လ ၃ ရက်နေ့မှစ၍ ပြန်လည်တင်သွင်းသွားမည်ဖြစ်ကြောင်း တူရကီစွမ်းအင်ဝန်ကြီးTaner Yilalizက ပြောကြားခဲ့ပါသည်။Rurdiston အလုပ်သမားများ၏ ပါတီ PKK  သည် ဓာတ်ငွေ့ပိုက်လိုင်းများ၌ ထိုသို့တိုက်ခိုက်မှုများအား အချိန်နှင့်အမျှဆောင်ရွက်လျက်ရှိသော်လည်း ထိုသို့အဖျက်အမှောက်လုပ်ငန်းများပြုလုပ်ခြင်းဖြင့် ၎င်းတို့၏ရည်မှန်းချက်အားပြည့်မီခြင်းမရှိကြောင်း တူရကီစွမ်းအင်ဝန်ကြီး Tamer Yildiz က ဇူလိုင်လ ၂ ရက်နေ့တွင် သတင်းထောက်များသို့ပြောကြားခဲ့ပါသည်။
တူရကီ၊ အီရန်၊ ဥရောပသမဂ္ဂနှင့် အမေရိကန်နိုင်ငံတို့အပါအဝင် နိုင်ငံတကာအသိုက်အဝန်းအများစုမှ PKK အား အကြမ်းဖက်အဖွဲ့အစည်းအဖြစ်သတ်မှတ်ထားကြောင်း သိရှိရပါသည်။ ၎င်းပိုက်လိုင်းအားပြင်ဆင်မှု လုပ်ငန်းများသည်ပြီးစီးတော့မည်ဖြစ်ကြောင်း၊ အီရန်နိုင်ငံမှ သဘာဝဓာတ်ငွေ့များအား ဇူလိုင်လ ၃ ရက်နေ့တွင် ပြန်လည်တင်သွင်းသွားမည်ဖြစ်ကြောင်း တူရကီစွမ်းအင်ဝန်ကြီးမှ ပြောကြားခဲ့ပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်