Wednesday, July 04, 2012

အီရန်စစ်ရေးလေ့ကျင့်ခြင်း

Posted by Anonymous Wednesday, July 04, 2012, under | No comments


အီရန်နိုင်ငံ၏ အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (Islamic Revolution Guards Corps) အနေဖြင့် အကြီးမားဆုံး ဒုံးပျံလေ့ကျင့်ခန်း The Great Prophet 7 အား အီရန်နိုင်ငံအလယ်ပိုင်း၌ ဆောင်ရွက်ခဲ့ပါသည်။ အီရန်နိုင်ငံ၏ အကြီးမားဆုံးမြေပြင်မှမြေပြင်ပစ်ဒုံးပျံများအား စမ်းသပ်ရန်ရည်ရွယ်၍ အဆိုပါ စစ်ရေးလေ့ကျင့်ခန်းအားပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အီရန်နိုင်ငံအလယ်ပိုင်း Semnan ခရိုင်၌ ၃ ရက်ကြာပြုလုပ်သွားမည်ဖြစ်ပါသည်။ Semnan  ခရိုင်မြောက်ပိုင်းရှိ ပုံစံတူပြုလုပ်ထားသော နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် တပ်ဖွဲ့များ၏ လေတပ်အခြေစိုက်စခန်းများအား တာဝေးပစ်၊ တာလတ်ပစ်နှင့် တာတိုပစ် ဒုံးပျံများဖြင့် ပစ်ခတ်လေ့ကျင့်သွားမည်ဖြစ်ကြောင်း အီရန်အစ္စလာမ္မစ်အစောင့်တပ်ဖွဲ့ လေကြောင်းတပ်မ အကြီးအကဲ ဗိုလ်မှူးချုပ် Amir -Ali Hajizadeh က ဇူလိုင်လ ၁ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ Tharallah အမည်ရှိ ၄ ရက်ကြာစစ်ရေးလေ့ကျင့်ခန်းအား အီရန်လေတပ်မှ ပြုလုပ်ခဲ့ပြီးနောက် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့မ Val Fajr အမည်ရှိ စစ်ရေးလေ့ကျင့်ခန်းအား ဖေဖော်ဝါရီလအတွင်း သဲကန္တာရ အလယ်ပိုင်း Marhazi  ၌ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်