ဥရောပသမဂ္ဂမှထုတ်ပြန်သော သတင်းအချက်အလက်များအရ
မေလအတွင်း ယူရိုဇုန်၌အလုပ် လက်မဲ့နှုန်းသည် အမြင့်ဆုံးသို့ရောက်ရှိခဲ့ပြီး ၁၁.၁ ရာခိုင်နှုန်းရှိခဲ့ပါသည်။
မေလအတွင်း ယူရိုဇုန်ဒေသ၌ အလုပ်လက်မဲ့ဦးရေသည် ၁၇.၅ သန်းကျော်ရှိကြောင်း ယူရိုဇုန်သတင်းအချက်အလက်ဌာနမှ ထုတ်ပြန်ချက် များအရ
သိရှိရပါသည်။ မေလတွင်ယူရိုဇုန်ရှိ အသက် ၂၅ နှစ်အောက် လူငယ်များ၏ ၃.၄ သန်းကျော်သည် အလုပ်လက်မဲ့ဖြစ်လျက်ရှိကြောင်း
ဖော်ပြလျက်ရှိပါသည်။ ယူရိုဇုန်၌ ဧပြီလအတွင်း အလုပ်လက်မဲ့နှုန်းသည် ၁၁ ရာခိုင်နှုန်းရှိခဲ့ပြီး
၁၉၉၉ ခုနှစ်မှစ၍ ဒုတိယမြောက် အလုပ်လက်မဲ့နှုန်း အများဆုံးလဖြစ်ကြောင်း သိရှိရပါသည်။
Time in Rangoon

0 comments:
Post a Comment